Skip to content
Tickle Right Myanmar

Tickle Right Myanmar Facebook ad: “90 % သောမိဘတွေ မသိသေးတဲ့ ကိုယ့်ကလေးရဲ့ ပါရမီကို ရှာဖွေနည်း”

Tickle Right Myanmar Facebook ad: 90 % သောမိဘတွေ မသိသေးတဲ့ ကိုယ့်ကလေးရဲ့ ပါရမီကို ရှာဖွေနည်း

Ran for 30 days, from July 24 to August 23, 2026, the last day Crush saw it.

Run by Tickle Right Myanmar on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1023385607079778
Platforms
Facebook
Relaunches
0

How we count

Ad text

90 % သောမိဘတွေ မသိသေးတဲ့ ကိုယ့်ကလေးရဲ့ ပါရမီကို ရှာဖွေနည်း ✨ 💎 "မသွေးရသေးတဲ့ ပတ္တမြားတစ်ပွင့်လိုမျိုးပဲ ... တန်ဖိုးရှိတဲ့ ကိုယ့်ကလေးမှာလဲ ပုန်းကွယ်နေတဲ့ ပါရမီတွေဆိုတာ ရှိတတ်ပါတယ်။ ညဘက်တွေရောက်ရင် အိပ်ပျော်နေတဲ့ သားသားမီးမီးတို့ရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း ဖေဖေ၊ မေမေတို့အနေနဲ့ 💤 💭 "ငါ့သားသမီးလေး ကြီးလာရင် ဘာဖြစ်လာမလဲ?" 💭 "သူ ဘာကို ဝါသနာပါမလဲ?" 💭 "သူ့ရဲ့ အိပ်မက်တွေက ဘာဖြစ်မလဲ?" ဆိုပြီး တွေးမိတတ်ကြမယ်ထင်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေက အဝေးကြီးမှာ ရှိမနေပါဘူး။ အခုလက်ရှိ ကိုယ့်ကလေးရဲ့ "ကစားနည်းတွေ၊ စူးစမ်းလေ့လာမှုတွေနဲ့ အပြုအမူလေးတွေ" ထဲမှာ ပုန်းကွယ်နေတာပါ။ 🪄 ဒါကို "Invisible Talent" လို့ ခေါ်ပါတယ်။ 🌟 ဒါပေမဲ့ ကလေးတွေရဲ့ ၉၀% သော ပါရမီတွေဟာ ငယ်ရွယ်စဉ်မှာ စနစ်တကျပြုစု မပျိုးထောင်မိတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။ 🥀 "အချိန်လွန်မှ သိလိုက်ရတယ်" ဆိုတဲ့ နောင်တမျိုးကို Tickle တို့ မိဘဖြစ်သူတွေလဲ လိုလားကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ၉၀% သော မိဘတွေ သတိမထားမိတတ်တဲ့ ပါရမီရှာဖွေနည်း (၃) ချက်ကို Tickle တို့မျှဝေပေးလိုက်ပါတယ်။ ✨ …………………. ၁။ "အဖြေ" ကို မပေးဘဲ "မေးခွန်း" ကို နားထောင်ပါ 📌 ပါရမီဆိုတာ ကလေးရဲ့ သိလိုစိတ် (Curiosity) ကနေ စတင်ပါတယ်။ ကလေးက ဘယ်လိုအရာမျိုးကို မေးခွန်းထုတ်သလဲ၊ ဘာကို စိတ်ဝင်တစား စူးစမ်းသလဲဆိုတာကို သေချာစောင့်ကြည့်ပေးပါ။ သူတို့ရဲ့ မေးခွန်းတွေထဲမှာ သူတို့ရဲ့ ဦးနှောက်က ဘယ်ဘက်ကို အားသန်သလဲဆိုတဲ့ အရိပ်အယောင်တွေ ပါဝင်နေတတ်ပါတယ်။ ………………… ၂။ Safe Environment (လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်) ဖန်တီးပေးပါ 📌 ကလေးတစ်ယောက်ဟာ အမှားလုပ်မိမှာကို မကြောက်တော့တဲ့အခါ သူတို့ရဲ့ ဖန်တီးနိုင်စွမ်း (Creativity) ဟာ အမြင့်ဆုံးကို ရောက်ရှိသွားပါတယ်။ "ဒါမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့" ဆိုတဲ့ ကန့်သတ်ချက်တွေထက်၊ ဘေးကင်းလုံခြုံစွာနဲ့ စမ်းသပ်ခွင့်ပြုတဲ့ ပတ်ဝန်းကျင်ကသာ ကလေးရဲ့ ပုန်းကွယ်နေတဲ့ စွမ်းရည်တွေကို ထွက်ပေါ်လာစေတာပါ။ ……………………. ၃။ Right Brain Stimulation (ဦးနှောက်လက်ယာခြမ်း လှုံ့ဆော်မှု) 📌 Tickle တို့ရဲ့ အရင်ခေတ် သမားရိုးကျ ပညာရေးစနစ်က ဦးနှောက်လက်ဝဲခြမ်း (Logic & Memory) ကိုပဲ အလေးပေးတတ်ကြပါတယ်။ ဒါပေမဲ့ ပါရမီနဲ့ ထိုးထွင်းကြံဆမှုတွေဟာ ဦးနှောက်လက်ယာခြမ်း (Imagination & Intuition) မှာ တည်ရှိတာပါ။ ……………………………….. ဒါကြောင့် မေမေ၊ ဖေဖေတို့ရေ... ကိုယ့်ကလေးရဲ့ ပုန်းကွယ်နေတဲ့ ပါရမီကို မတွေ့ရသေးလို့ စိတ်မပူပါနဲ့။ ပန်းပွင့်လှလှလေးတွေဟာ ပွင့်ဖို့ အချိန်ပေးရသလိုပါပဲ၊ ကလေးတိုင်းမှာလဲသူတို့ရဲ့ ကိုယ်ပိုင်အချိန်ကာလ (Unique Timeline) ဆိုတာ ရှိကြပါတယ်။ 🌻 ဒါကြောင့် Tickle တို့ မိဘတွေအနေနဲ့ အရေးအကြီးဆုံး လုပ်ရမဲ့အရာတစ်ခုက "ဖိအားပေးခြင်း" မဟုတ်ဘဲ "အခွင့်အရေးပေးခြင်း" ပါ။ ကလေးတွေရဲ့ လေ့လာသင်ယူလိုစိတ် (Love for Learning) ကို ပျိုးထောင်ပေးနိုင်ရင်၊ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေက သဘာဝအတိုင်း တောက်ပလာမှာ အသေအချာပါပဲ။ ✨ ကလေးလေးတွေရဲ့ ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကို Tickle တို့နဲ့ အတူတူအရောင်တင်ပေးလိုက်ကြရအောင်နော်။ 💛 --- ဒီလို အကျိုးရှိတဲ့ Parenting Tips လေးတွေနဲ့ ကလေးပြုစုပျိုးထောင်နည်း ဗဟုသုတတွေကို အမြဲမျှဝေနေမှာမို့ 𝐓𝐢𝐜𝐤𝐥𝐞 𝐑𝐢𝐠𝐡𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐠𝐞 ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ 👇 ᴛɪᴄᴋʟᴇ ʀɪɢʜᴛ ᴍʏᴀɴᴍᴀʀ ~ သင့်ကလေး ဉာဏ်ကြီးရှင်ဖြစ်ဖို့ အချိန် (၆) လ ပဲပေးပါ။ #TickleRightMyanmar #ParentingTips #InvisibleTalent #EarlyChildhood #HolisticGrowth #HeartToHeart

More from Tickle Right Myanmar

See all Tickle Right Myanmar ads

Similar ads in Parenting & Kids

See all Parenting & Kids ads