DedaaBox Facebook ad: “အင်္ဂလိပ်စကားကို Native Speaker တွေပြောသလို ပြောနည်းများ”

Ran for 329 days, from August 4, 2025 to June 29, 2026, the last day Crush saw it.
Run by DedaaBox on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 1107939647927440
- Platforms
- Facebook, Instagram, Audience Network and Messenger
- Relaunches
- 0
- Niche
- Education & Courses
Ad text
အင်္ဂလိပ်စကားကို Native Speaker တွေပြောသလို ပြောနည်းများ 🗣 အင်္ဂလိပ်စကားပြောကို Native Speaker တွေလိုပြောခြင်းက အသံထွက် မှန်ကန်တာ၊ဝေါဟာရတွေ ကျွမ်းကျင်စွာသုံးတာတွေပဲမဟုတ်ပါဘူး။ သဘာဝကျကျ ကျွမ်းကျင်အောင် ပြောတာ — Native Speaker တွေကသူတို့ရဲ့နေ့စဉ်ဘဝမှာ လက်တွေ့ပြောကြတဲ့ပုံစံလိုမျိုးပါ။ သူတို့ရွေးတဲ့စကားလုံးတွေ၊ အတွေးတွေကို ဘယ်လို ဆက်သွယ်လဲ၊ သူတို့ရဲ့ အသံအနိမ့်အမြင့်၊ ပြီးတော့ ဘယ်လို တုံ့ပြန်လဲ ဆိုတာတွေ ပါဝင်ပါတယ်။ ဒီPost လေးမှာအားလုံးကို အသေးစိတ် ရှင်းပြမှာမို့ အခုပဲ စတင်လေ့ကျင့်ကြရအောင် 💁🏻♀️ 🔺ရိုးရှင်းတဲ့စကားလုံးတွေနဲ့ စပါ …. လူအများက အခြေခံစကားလုံးတွေ သုံးတာကိုရိုးတယ်၊ မပြည့်စုံဘူးလို့ စိုးရိမ်ကြပါတယ်။ဒါပေမယ့် Native Speaker တွေကရိုးရှင်းတဲ့စကားလုံးတွေကို ပိုကြိုက်ကြတယ်။ ဘာလို့လဲဆိုတော့သူတို့ရဲ့အဓိကရည်ရွယ်ချက်က Communication ကောင်းဖို့အတွက်ပါ။ Grammar Skills တွေကိုပြတာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ - ငါပင်ပန်းနေပြီဆိုတာကို • "I am extremely exhausted." မပြောပဲ ❌ "I'm tired." လို့ပဲ ပြောပါ။✔️ ဒီနေ့ ရာသီဥတုအရမ်းပူတာပဲကို • “The weather is unbearably scorching." ဆိုပြီးခက်ခက်ခဲခဲပြောစရာမလိုပါဘူး ❌ “It's so hot today." လို့ပဲ ပြောပါ။✔️ Fluency လိုပြောတာက Fancy လိုပြောတာထက် ပိုကောင်းပါတယ်။ 🌟ရိုးရှင်းပြီး လွယ်လွယ်ကူကူရှင်းလင်းပြတ်သားစွာပြောတာက Effective Communication တစ်ခုပါပဲ 🔺 Contractions တွေကို သဘာဝကျကျသုံးပါ …. Native Speaker တွေနဲ့ပိုတူချင်ရင် သူတို့ အမြဲတမ်း သုံးကြတဲ့ အတိုကောက်ပုံစံတွေ သုံးပါ။ ဥပမာ - • gonna (going to) • wanna (want to) • gotta (have got to) • lemme (let me) • dunno (don't know) • "I'm gonna grab some lunch." နေ့လည်စာ တစ်ခုခု သွားစားမယ်။ • "Wanna hang out later?" နောက်မှ အတူတူ နေမလား? • "I dunno what to do." ငါဘာလုပျရမလဲ မသိဘူး။ 🔺 Linking Words တွေ သုံးပါ …. အင်္ဂလိပ်စကားကို ပိုပြီး နားလည်အောင်ကြားရဖို့အတွက် အကြောင်းအရာတစ်ခုစတင်ပြောတဲ့အခါ (သို့) ပြောင်းပြောတဲ့အခါမျိုးတွေမှာ Linking Words တွေ သုံးပေးပါ။ Linking Word စာကားလုံးအချို့ကို ဖော်ပြပေးလိုက်ပါတယ် - • Well • So • Actually • I mean • You know? ဥပမာအနေနဲ့ - • "Well, I didn't expect that." • "Actually, I changed my mind." • "It's not bad. I mean, it's okay." • "So, what do we do now?" ဒီစကားလုံးတွေက အဓိပ္ပါယ် မပြောင်းပါဘူး၊ ဒါပေမယ့်ကိုယ်ပြောလိုက်တဲ့စကားကို ပိုသဘာဝကျစေပါတယ် ၊ နားလည်လွယ်စေပါတယ် ။ 🔺 သဘာဝကျတဲ့ Intonationကို သုံးပါ …. (Up and Down ) Native Speaker တွေက အမြဲတမ်း အသံTone တစ်ခုထဲနဲ့မပြောကြပါဘူး။ မေးခွန်းမေးတဲ့အခါ (သို့) စိတ်လှုပ်ရှားတဲ့အခါ အသံမြင့်ပြီး ပြောပါတယ်။ ယုံကြည်မှုရှိတဲ့အခါ(သို့) စကားပြောစာကြောင်းဝါကျပြီးခါနီးတဲ့အခါမှာ အသံကိုနိမ့်ပြီးပြောပါတယ်။ ဥပမာ - • "Are you ready?" ↑ (မေးခွန်း = တက်တဲ့အသံ) • "That's fine." ↓ (ယုံကြည်မှု = ကျတဲ့အသံ) • "Wait… really?" ↑↑ (အံ့သြမှု = စူးရှရှတက်တဲ့အသံ) Intonation သုံးတာက စကားလုံးများစွာ မလိုဘဲပဲ စိတ်ခံစားမှုနဲ့ အဓိပ္ပါယ်ကို ဖော်ပြနိုင်ပါတယ်။ 🔺"Yes" or "No"ပဲမဟုတ်ဘဲ ဝါကျပြည့်စုံအောင်သုံးပါ …. အပေါ်ယံစကားပြောတဲ့အခါမှာ Native Speaker တွေက "Yes" ဒါမှမဟုတ် "No" ကိုထည့်ပြောကြပါတယ်။ သူတို့က ပိုသဘာဝကျပြီး ယဉ်ကျေးစွာ ကြားရအောင် အသံနှိမ့်မြင့် ဒါမှမဟုတ် စကားလုံးတွေ ထပ်ထည့်ပြီးပြောကြပါတယ် ။ ✅ Native Speaker တွေရဲ့ "Yes" သုံးနည်းများ • Yeah! = ဟုတ်တယ် (ဖော်ရွေပြီးပေါ့ပါးတဲ့ပုံစံမျိုး) • Sure! = ဟုတ်ပါ့ • Absolutely! = လုံးဝ၊ ၁၀၀% • Of course! = သေချာပါတယ် • Sounds good! = ကောင်းတယ်၊ ကောင်းပုံရတယ် • Definitely. = သေချာပါတယ် • I'd love to. = အရမ်းလုပ်ချင်တယ် • Why not? = ဘာကြောင့် မလုပ်ရမှာလဲ! ဥပမာ- A: ကော်ဖီသောက်ကြမလား? B: Sure! သောက်ကြရအောင်။ ❌ ယဉ်ကျေးတဲ့ "No" သုံးနည်းများ • I don't think so. ငါမထင်ဘူး။ • I'm not sure. ငါမသေချာဘူး။ • Maybe next time. နောက်တစ်ခါပေါ့။ • I wish I could, but… လုပ်ချင်တယ်၊ ဒါပေမယ့်... • I'm good, thanks. ကျေးဇူးပါ၊ ရပါပြီ • Not really. တကယ် မဟုတ်ဘူး။ • I'd rather not. မလုပ်ရင် ပိုကောင်းမယ် ဥပမာ- A: ကြောက်မက်ဖွယ်ရုပ်ရှင် ကြည့်မလား? B: သိပ်တော့ မကြိုက်ဘူး။ ရယ်စရာတွေ ပိုကြိုက်တယ်။ ဒီ Post လေးမှာဆိုရင် Native Speaker တွေရဲ့စကားပြောနည်းလေးတွေကိုသိပြီးပြီဆိုတော့အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ် 🤗 Credit to original Uploader သင်တန်းတက်ဖို့စိတ်ဝင်စားတယ်ဆိုရင် Comment ဒါမှမဟုတ် Page Messenger m.me/dedaabox မှာ TTI လို့ရိုက်ထည့်ပြီး သင်တန်းအပ်နှံစုံစမ်းနိုင်ပါတယ်။ #DedaaBox #TTI #English







