Skip to content
Work Mindset Program

Work Mindset Program Facebook ad: “စနစ်မရှိတဲ့ လုပ်ငန်းခွင်”

Work Mindset Program Facebook ad: စနစ်မရှိတဲ့ လုပ်ငန်းခွင်

Ran for 162 days, from November 24, 2025 to May 5, 2026, the last day Crush saw it.

Run by Work Mindset Program on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1177671580470203
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

စနစ်မရှိတဲ့ လုပ်ငန်းခွင် ပြည့်စုံဟာ "ကိုယ်တိုင်လုပ်မှ စိတ်ချရတယ်" ဆိုတဲ့ အတွေးမျိုးရှိသူပါ။ ကိုယ်ပိုင် Design Agency လေးကို တည်ထောင်ထားပါတယ်။ သူဟာ ဖန်တီးမှုအပိုင်းမှာ အလွန်တော်ပြီး၊ စိတ်အားထက်သန်မှုလည်းရှိပါတယ်။ ဒါပေမဲ့၊ တစ်ခုတည်းသော ပြဿနာကတော့ သူ့ရဲ့လုပ်ငန်းခွင် "စနစ်" ပါပဲ။ ➡️ Design အသေးစိတ်၊ စာချုပ် အချက်အလက်၊ ဖောက်သည်ကို ဖုန်းဆက်တာကအစ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်သုံး ကွန်ပျူတာ ပျက်တာအထိ သူကိုယ်တိုင်ပဲ ပြေးလွှားလုပ်ကိုင်နေပါတယ်။ ➡️ လုပ်ငန်းစဉ် (workflow) တွေ၊ တာဝန်ခွဲခြားမှု (delegation) တွေ မရှိတဲ့အတွက် ဝန်ထမ်းတွေဟာ ဘာကိုစလုပ်ရမှန်း၊ ဘယ်သူ့ကို သတင်းပို့ရမှန်း မသိဘဲ လေလွင့်နေကြပါတယ်။ ➡️ ည ၁၀ နာရီမှ အိမ်ပြန်ရောက်တာ၊ စနေ၊ တနင်္ဂနွေမှာတောင် အလုပ်ကိစ္စတွေ လိုက်ဖြေရှင်းနေရတာ၊ အိပ်ရာဝင်ခါနီး ဖုန်းလာရင် အမြဲဖြေနေရတာကြောင့် ပြည့်စုံဟာ လူရောစိတ်ပါ ပင်ပန်းနွမ်းနယ် နေပါတယ်။ ဝန်ထမ်းတွေလည်း သူ့လိုပဲ ဖိအားများပြီး အလုပ်ထွက်ချင်သူတွေ များလာပါတယ်။ ပြည့်စုံဟာ သူ့ရုံးခန်းထဲမှာ ထိုင်နေရင်း သူဘာကြောင့် ဒီလောက် ပင်ပန်းနေရတာလဲဆိုတာ စဉ်းစားမိပါတယ်။ သူဟာ အဖွဲ့ကို ဦးဆောင်နေသူပါ၊ ဒါပေမဲ့ သူကပဲ အလုပ်အားလုံးကို လုပ်နေရတဲ့ "အဓိက အလုပ်သမား" ဖြစ်နေတာကို သဘောပေါက်သွားပါတယ်။ အဲ့ကနေစပြီး ပြောင်းလဲမှုအချို့ကို ပြုလုပ်လိုက်ပါတယ်။ ✅ Systematize - စနစ်တည်ဆောက်ခြင်း - အလုပ်တွေ ‌သတ်မှတ်ပေးလိုက်တယ်။ Project တစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးကို ရှင်းလင်းစွာ သတ်မှတ်ပေးပြီး အဆင့်တိုင်းမှာ ဘယ်သူက ဘာကို တာဝန်ယူရမယ်ဆိုတာမျိုးပါ။ - Project Management Tool တွေကို အသုံးပြုပြီး တာဝန်တွေကို ခွဲဝေချထားလိုက်ပါတယ်။ အလုပ်ရဲ့ အခြေအနေကို အလွယ်တကူ သိရှိနိုင်တဲ့အတွက် နေရာတကာ လိုက်မကြည့်တော့ဘဲ လိုအပ်မှ ဝင်ရောက် စစ်ဆေးခြင်းကို ပြောင်းလဲလိုက်ပါတယ်။ ✅ Delegate & Empower - တာဝန်ခွဲဝေ အပ်နှင်းခြင်း - ဝန်ထမ်းတွေကို သူတို့ရဲ့ တာဝန်နယ်ပယ်အလိုက် ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်ပါတယ်။ ပြည့်စုံအနေနဲ့ အသေးစိတ်ကိစ္စတွေ ဝင်မပါတော့ဘဲ ကြီးမားတဲ့ ရည်မှန်းချက် (Vision) တွေကိုသာ အာရုံစိုက်ပါတယ်။ - ဝန်ထမ်းတွေကို သူတို့ရဲ့ အရည်အချင်း တိုးတက်လာအောင် စနစ်တကျ သင်တန်းတွေ၊ နည်းပြမှုတွေ ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေဟာ ပြဿနာတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်လာပါတယ်။ ✅ Work-Life Balance - အနားယူချိန် သတ်မှတ်ပေးခြင်း ရုံးချိန်ပြင်ပမှာ မလိုအပ်ဘဲ အလုပ်ကိစ္စတွေ ဖုန်းဆက်၊ Email ပို့ခြင်းကို တားမြစ်လိုက်ပါတယ်။ "ရုံးချိန်ပြင်ပတွင် အရေးပေါ်မှတစ်ပါး ဆက်သွယ်ခြင်း မပြုရ" ဆိုတဲ့ စည်းမျဉ်းကို သူကိုယ်တိုင်က စတင် လိုက်နာပြပါတယ်။ ဒီလို အပြောင်းအလဲတွေကြောင့် ခြောက်လအတွင်းမှာပဲ တိုးတက်မှုက သိသိသာသာ ပြောင်းလဲလာပါတယ်။ - စနစ်တွေကြောင့် အမှားအယွင်းတွေ နည်းသွားပြီး အလုပ်တွေ မြန်ဆန်လာတယ်။ - ဖိအားလျော့ကျပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မြင့်တက်လာတဲ့အတွက် ဝန်ထမ်းတွေဟာ ပိုပြီး ပျော်ရွှင်စွာ အလုပ်လုပ်လာကြပါတယ်။ - ပြည့်စုံဟာ သူ့ကိုယ်ပိုင် အနားယူချိန် ရလာပြီး၊ လုပ်ငန်းကို အသေးစိတ် လိုက်လုပ်မနေတော့ဘဲ Strategy ချမှတ်ခြင်းလိုမျိုး ဦးဆောင်သူရဲ့ အဓိက တာဝန် တွေကိုသာ အာရုံစိုက်လုပ်တော့ပါတယ်။ ခေါင်းဆောင်ကောင်း ဆိုတာ အလုပ်အားလုံးကို ကိုယ်တိုင်လုပ်နေသူ မဟုတ်ပါဘူး။ အဲဒီအစား "လုပ်ငန်းတွေ အောင်မြင်စွာ လည်ပတ်နိုင်မယ့် စနစ်ကောင်းတစ်ခု" ကို ဖန်တီးပေးပြီး၊ အဖွဲ့သားတွေကို ယုံကြည်စွာ တာဝန်ခွဲဝေပေးနိုင်သူ ဖြစ်ပါတယ်။ ✅ဦးဆောင်သူတစ်ယောက်အနေနဲ့ သိရှိရမယ့် Mindset တွေ၊ ရှိသင့်ရှိထိုက်တဲ့ skills တွေကို လေ့လာချင်တယ်ဆိုရင်တော့ ရက် (၃၀) အပြတ်လေ့လာနိုင်မယ့် WorkMindset Program (WMP) online course လေးရှိပါတယ်။ Page messenger (m.me/workmindsetprogram) မှာ WMP လို့ရိုက်ထည့်ပြီး စုံစမ်းစာရင်းသွင်းနိုင်ပါတယ်ရှင့်။ Page Messenger: http://m.me/workmindsetprogram #wmp #mindset #leadership #BusinessGrowth #ethics #mindsetshift #business #motivation #success

Similar ads in AI & Software

See all AI & Software ads