

Inactive· since May 12, 2026
- 27
- days it ran
- 0
- relaunches
Ad copy
မဲဆောက်အနီး တစ်ဝိုက် ရှိ ကလေးငယ်တွေ အတွေးထက်ပြီး အခြေခံ ခိုင်စေဖို့ ဘာသာ စကား (၃) မျိုး အပြင် Cambridge သင်ရိုး နဲ့ သင်ကြားပေးနေတဲ့ Pyi Chit ရဲ့ Academic Year အတန်းခွဲတွေကို June 1 ရက်နေ့ အမီ စာရင်းသွင်းပြီးပြီလား။❓ မိမိကလေးကို ပညာရေး အခြေခံ ကောင်းမွန်စေချင်တဲ့ မိဘတစ်ယောက်အနေနဲ့ အခြားကလေးတွေ ယုံကြည်မှုနဲ့ တိုးတက်နေချိန်... သင့်ကလေးအတွက် 2026-2027 ပညာသင်နှစ်မှာ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ⁉️ မိဘတိုင်းကတော့ ကလေးတွေကို စာတွေပဲ ဖိလုပ်ပြီး ပင်ပန်းနေတာမျိုး မမြင်ချင်ကြဘူး…။ ကလေးတွေ… 🌻ပျော်ပျော်ရွှင်ရွှင် သင်ယူရင်း 🌻ယုံကြည်ချက်အပြည့်နဲ့ 🌻ကိုယ့်အမြင်ကို မရှက်မကြောက် ပြောရဲတဲ့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်မဲ့ ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ပေးချင်ကြတယ်။ ဒီလို မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို ကောင်းစွာ နားလည်တဲ့ Pyi Chit ရဲ့ တန်းခွဲများကဆိုရင် ◽️သာမန် စာသင်ခန်းဆိုတာထက် ကလေးတွေကို အသေအချာ ပြုစုပျိုးထောင်ပေးပါတယ်။ ◽️ကလေးငယ်တွေ စာသင်နေရတယ်လို့ မခံစားရဘဲ မိခင်ဘာသာစကားလို သဘာဝကျကျ အသုံးချနိုင်အောင် သင်ကြားပေးတယ်။ ◽️ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း တိုးတက်လာအောင် သင်ကြားပေးတဲ့အပြင် ◽️အသင်းအဖွဲ့တစ်ခုကို ဦးဆောင်နိုင်စွမ်း ရှိအောင် သင်ကြားပေးပါတယ်။ ************************** 📌2026-2027 Academic Year မှာဆိုရင် 𝐏𝐲𝐢 𝐂𝐡𝐢𝐭 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 က အခြေခံကောင်းများ တည်ဆောက်ပေးနိုင်ဖို့ 👉🏻Nursery & KG အတန်းများမှ စပြီး 🌱 Year 1 / Grade 1 – Little Learner 𝐂𝐥𝐚𝐬𝐬 ကို တက်ရောက်ပြီးနောက် ကလေးရရှိမယ့် အကျိုးကျေးဇူးများ ✅ ဘာသာစကား (၃) မျိုးလုံးရဲ့ အခြေခံ အရေး၊ အဖတ်၊ အပြောကို စနစ်တကျ သင်ကြားပေးမှာဖြစ်လို့ အခြေခံခိုင်မာပြီး ကျောင်းနေပျော်ကာ စာတော်တဲ့ ကလေးတစ်ယောက်အဖြစ် စတင်ခြေလှမ်းနိုင်စေမယ်။ ---------------------- 🌱 Year 2 / Grade 2 – Young Explorers 𝐂𝐥𝐚𝐬𝐬 ကို တက်ရောက်ပြီးနောက် ကလေးရရှိမယ့် အကျိုးကျေးဇူးများ ✅English အပါအဝင် အခြားဘာသာစကားတွေကို ဝါကျတိုလေးတွေ ကိုယ်တိုင်ဖွဲ့ဆိုပြီး ရဲရဲဝံ့ဝံ့ စတင်ပြောဆိုလာနိုင်ပါမယ်။ ✅သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို လက်တွေ့ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်သင်ယူရတာကြောင့် အရာရာကို စူးစမ်းလိုစိတ်နှင့် တွေးခေါ်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေမယ်။ --------------------- 🌱 Year 3 / Grade 3 – Curious Learners 𝐂𝐥𝐚𝐬𝐬 ကို တက်ရောက်ပြီးနောက် ကလေးရရှိမယ့် အကျိုးကျေးဇူးများ ✅ဘာသာရပ်တွေကို သဘောတရားတင်မကဘဲ "ဘာကြောင့်"၊ "ဘယ်လို" ဆိုတဲ့ မေးခွန်းတွေနဲ့ နက်နက်ရှိုင်းရှိုင်း လေ့လာရတာကြောင့် ခွဲခြမ်းစိတ်ဖြာလိုစိတ် မြင့်မားလာမယ်။ ✅ပြဿနာတစ်ခုကို ရှုထောင့်ပေါင်းစုံက ကြည့်မြင်တတ်လာပြီး ကိုယ်ပိုင်ယူဆချက်တွေကို စတင်တည်ဆောက်နိုင်လာမယ်။ --------------------- 🌱 Year 4 / Grade 4 – Confident Thinkers 𝐂𝐥𝐚𝐬𝐬 ကို တက်ရောက်ပြီးနောက် ကလေးရရှိမယ့် အကျိုးကျေးဇူးများ ✅Global Perspectives လို ဘာသာရပ်တွေကို လေ့လာရတာကြောင့် မိမိပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးရဲ့ အဖြစ်အပျက်တွေကို ချိတ်ဆက်တွေးခေါ်နိုင်လာမယ်။ ✅မိမိရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်တွေကို လူအများ နားလည်အောင် ယုံကြည်မှုအပြည့်နဲ့ ရှင်းလင်း ပြောဆို နိုင်စွမ်း ရှိလာမယ်။ --------------------- 🌱 Year 5 / Grade 5 – Independent Achievers 𝐂𝐥𝐚𝐬𝐬 ကို တက်ရောက်ပြီးနောက် ကလေးရရှိမယ့် အကျိုးကျေးဇူးများ ✅ဆရာ၊ ဆရာမရဲ့ လမ်းညွှန်မှုတွေနဲ့အတူ မိမိဘာသာ တာဝန်ယူသင်ယူနိုင်စွမ်း မြင့်မားလာပြီး ရည်မှန်းချက်တွေကို ကိုယ်တိုင် အကောင်အထည်ဖော်တတ်လာမယ်။ ✅စာရိတ္တနဲ့ ပြည်သူ့နီတိ အခြေခံတွေကို သင်ယူရတာကြောင့် နေ့စဉ်ဘဝ ဆုံးဖြတ်ချက်တွေမှာ မှန်ကန်စွာ ကျင့်သုံး၊ ဆုံးဖြတ်တတ်လာမယ်။ ----------------------- 🌱 Year 6 / Grade 6 – Future Leaders 𝐂𝐥𝐚𝐬𝐬 ကို တက်ရောက်ပြီးနောက် ကလေးရရှိမယ့် အကျိုးကျေးဇူးများ ✅အဖွဲ့အစည်းအတွင်း ဦးစီးဆောင်ရွက်ရတဲ့အခါ အငယ်တန်းတွေကိုပါ ဦးဆောင်လမ်းပြနိုင်တဲ့ Leadership စွမ်းရည်ပါ ရရှိလာမယ်။ ဒါ့အပြင် ✅Cambridge သင်ရိုးနဲ့ သင်ကြားပေးတာ ဖြစ်လို့ အလယ်တန်းအဆင့် တက်ရောက်တဲ့အခါ လိုအပ်တဲ့ ပညာရေး အခြေခံတွေ ပိုင်နိုင်ပြီးသား ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ *********** 🌟 Nursery , KG Class မှာ ဘာတွေသင်ကြား ပေးမှာလဲ။❓ 👉𝐄𝐧𝐠𝐥𝐢𝐬𝐡 ▫️Listening, Speaking, Basic Phonics တွေနဲ့ အခြေခံကောင်းတွေ ပိုင်နိုင်ပြီး အသံထွက်တွေ မှန်ကန်စေမယ်။ 👉 𝐌𝐚𝐭𝐡𝐬 ▫️Number & Shapes ▫️Drawing & Coloring တွေနဲ့ ဘောင်အပြင်ဘက်ကနေ စဉ်းစားတတ်ပြီး အတွေးအခေါ်ကောင်းတွေ ပိုင်နိုင်စေဖို့ သင်ကြားပေးမယ်။ 👉𝐌𝐮𝐬𝐢𝐜 & 𝐃𝐚𝐧𝐜𝐞 ကလေးတွေ စာသင်ရတာ မငြီးငွေ့စေဘဲ ပျော်ရွှင်မြူးတူး ကခုန်လှုပ်ရှားနိုင်စေရန် နှင့် 👉ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြံ့ခိုင်စေရန် 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေ အပြင် 👉𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬 တွေနဲ့ ပုံပြင်တွေ ပြောပြပြီး သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။ *********** 🌟Year 1️⃣-6️⃣Class မှာ ဘာတွေသင်ကြားပေးမှာလဲ။❓ 📚နိုင်ငံတကာသုံး ဘာသာစကား ဖြစ်တဲ့ English, 📚ထိုင်းနိုင်ငံ သုံး ဘာသာစကား ဖြစ်တဲ့ Thai, 📚မိခင်ဘာသာ စကား ဖြစ်တဲ့ Myanmar, 📚ကလေးတွေရဲ့ အတွေးအခေါ်တွေ ထက်မြက်ပြီး ဘောင်အပြင်ကနေ ကြည့်တတ်စေဖို့ Maths, 📚စူးစမ်းလိုစိတ် အပြည့်ရှိတဲ့ ကလေးငယ်များ ဖြစ်စေဖို့ Science, 📚လူနေမှု ဘဝကို နားလည်ပြီး စဉ်းစား ဆုံးဖြတ်တတ်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်စေဖို့ Social နဲ့ 📚ကလေးတွေ လက်ရှိ နေထိုင်နေတဲ့ ပတ်ဝန်းကျင်ထက် ကျော်လွန်ပြီး ကမ္ဘာတစ်၀န်းလုံးဆိုင်ရာ ကိစ္စရပ်များကို နားလည်ကာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း နဲ့ ချိတ်ဆက်တွေးခေါ်နိုင်စွမ်းတွေ ရှိလာစေဖို့ “Global Perspectives” စတာတွေကို သင်ကြားပေးသွားမဲ့ အပြင်… 👉𝐄𝐱𝐭𝐫𝐚 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 အနေနဲ့ ✨ နှလုံးသား နူးညံ့စေဖို့ Art, Music တွေ အပြင် ✨ကလေးငယ်များ စိတ်ဓာတ်နဲ့ စည်းကမ်း ကောင်းမွန်စေဖို့ စာရိတ္တနှင့်ပြည်သူ့နီတိ ကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ *********** ⏰ Class Details 🕘 8:30 AM – 3:30 PM 📅 Monday – Friday 📆 Started Date – 1.6.2026 ကလေးတစ်ယောက်ချင်းစီကို ထိထိရောက်ရောက် ဂရုစိုက်နိုင်ဖို့အတွက် 💁♀️အတန်းတစ်တန်းကို ကျောင်းသားဦးရေ အကန့်အသတ်နဲ့ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး သင့်ကလေးရဲ့ အနာဂတ် ပညာရေး ခရီးလမ်း တစ်လျောက် အခြေခံခိုင်မာပြီး စိတ်ချရအောင် စတင်ပြင်ဆင်နိုင်ဖို့ ✅Cambridge သင်ရိုး နဲ့ သင်ကြားပေးနေတဲ့ Pyi Chit Learning Center မှာ 2026-2027 ပညာသင်နှစ် အမီ အတူတူ ပျိုးထောင်လိုက်ကြရအောင်ပါ။ 🤗 ပြည်ချစ်သင်တန်းကျောင်းမှာ တက်ရောက်လိုပါက အထူး အစီစဥ်များရှိလို့ ကိုယ်တိုင်လာပြီးဖြစ်စေ ... ဖုန်းဆက်ပြီးဖြစ် စေ Message Box မှ အသေးစိတ်ကို စုံစမ်းလိုက်ပါရှင် ... 𝐏𝐲𝐢 𝐂𝐡𝐢𝐭 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 🏠Address - 50/245–247, Seri Thai Road., Near Arafa Mosque, Mae Tao, Mae Sot, Tak, Thailand Google Map လေးထဲကနေ ကျောင်းကို အရောက်လာမယ်ဆိုရင်တော့ 👇 https://maps.app.goo.gl/37Qi4ySBYhJAMQSK9?g_st=ic... ☎️Phone~09-91125118 ~ 09-83262840 ✨Learning with Love, Growing with Confidence ✨ချစ်ခြင်းမေတ္တာဖြင့် သင်ယူစို့၊ ယုံကြည်မှုဖြင့် ကြီးပြင်းစို့ 🌟A Caring Learning Center For Children #PyiChitLearningCenter #Education#PyiChit #Englishskills#Thai#Myanmar #2026#2027 #Academic year
Like this ad? Make it yours.
Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.



