Skip to content
English 365

English 365 Facebook ad: “အင်္ဂလိပ်စာ Reading တိုးတက်လိုသူတိုင်းဖတ်ကြည့်ပါ။”

English 365 Facebook ad: အင်္ဂလိပ်စာ Reading တိုးတက်လိုသူတိုင်းဖတ်ကြည့်ပါ။

Ran for 267 days, from September 8, 2025 to June 1, 2026, the last day Crush saw it.

Run by English 365 on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1295776985435150
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

အင်္ဂလိပ်စာ Reading တိုးတက်လိုသူတိုင်းဖတ်ကြည့်ပါ။ ———————————————————- ကျွန်မ ဒီရက်ထဲ အင်္ဂလိပ်လိုShort Article တွေဖတ်ဖြစ်နေတယ် 📖🤓 E book တွေ ဖတ်တဲ့အခါ ဖတ်နေရင်း နားမလည်တဲ့ Vocab တွေ ပါလာရင် စာလုံးရှာရင်းနဲ့ ဆက်မဖတ်ဖြစ်ပဲ ကြာနေတာနဲ့ အဲ့စာအုပ်ကို ပစ်ထားလိုက်မိတာ ခဏ ခဏပဲ ။ ကျွန်မ ဒီနေ့ Sharing လေး လုပ်ပေးချင်တာကတော့ အင်္ဂလိပ်လိုတွေ ဖတ်တဲ့အခါ လွယ်ကူအောင်နဲ့ ကျင့်သားရအောင် လုပ်လို့ရမယ့်နည်းလေးတွေပဲဖြစ်ပါတယ်။ ကျွန်မ တို့ပတ်ဝန်းကျင်မှာ International School တက်နေတဲ့ ကလေးတွေဆို ငယ်စဉ်တည်းက English Novel (အင်္ဂလိပ်လိုရေးထားတဲ့ဝတ္ထု) တွေ ဖတ်ရတာတွေ တွေ့ဖူးတယ်။ မြန်မာကျောင်းမှာလည်း မြန်မာဝတ္ထု၊ မြန်မာပုံပြင်တွေ သင်သလို ၊ ဖတ်ခိုင်းသလို သူတို့လည်း အင်္ဂလိပ်စာနဲ့ အသားကျနေအောင် ဖတ်ခိုင်းတာပါ။ ကျွန်မ တစ်ကိုယ်ရေ အတွက်ကတော့ ငယ်စဉ်ကတည်းက English Novels တွေ ဖတ်ကျင့်မရှိခဲ့လို့ Novels တွေ ဖတ်တဲ့အခါ စကားလုံးတွေ (Vocab) တွေက ခက်ခဲခဲ့တယ်။ ခေတ်သစ် Modern ဝတ္ထုတွေနဲ့ သာမန် Conversation စကားပြောလေးတွေပဲပါတဲ့ ဝတ္ထုတွေဆိုတော်သေးတယ်။ ရှေးခေတ် အင်္ဂလိပ်ဝတ္ထုတွေနဲ့ Technical Term လို့ ခေါ်တဲ့ ဘာသာရပ်ဆိုင်ရာ စကားလုံး အသုံးအနှုန်းတွေပါလာရင် ဘယ်လိုမှ ဖတ်မနိုင်တော့ဘူး။ အဲ့တာကြောင့် ဝယ်ပြီး၊ ငှါးပြီး ဆုံးခန်းတိုင်အောင် မဖတ်ဖြစ်လိုက်တဲ့ အင်္ဂလိပ်စာအုပ်တွေမှ အများကြီးပဲ။ ကိုယ်က ဒီလို reading အားနည်းတာကိုမှ မဖတ်ရင်လည်း ဆက်အားနည်းနေမှာဖြစ်လို့ Online , Website တွေကနေ Short Article လေးတွေ ဖတ်တာ၊ Short Movie တွေ၊ စကားပြောလေးတွေ ကြည့်တာ လုပ်ဖြစ်တယ်။ အဓိက နေ့တိုင်းဖတ်ဖို့ ကြိုးစားဖြစ်တာကတော့ ကမ္ဘာ့သတင်းတွေကို အင်္ဂလိပ်လိုဖတ်တာပါပဲ။ ဒီ Article တွေ ဖတ်တာက Novels တွေ ဖတ်တာထက် တစ်ခု အားသာတာက အချိန်တိုတွင်းဖတ်နိုင်တာရယ်၊ Novel တွေလို ကျွန်မ တို့နဲ့ အရမ်းဝေးတဲ့ ၊ ခက်တဲ့ စကားလုံးတွေ သိပ်မပါတာပါဘဲ။ ဒါက စာဖတ်ဖြစ်တဲ့အခါ အင်္ဂလိပ်စာကို Micro Learning (နည်းနည်းချင်းစီလေ့လာ) ဖြစ်တာပါပဲ။ 🌟ဒီအကျင့်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောရရင် English365 ဆီကနေ ရတာပါ။ ဒီစာဖတ်မိတဲ့သူတွေထဲမှာ English 365 ကို သိပြီးသားသူတွေလည်း အများကြီးရှိမှာပါ။ အဲ့အတွက် အသေးစိတ်တော့ပြောမနေတော့ဘူး။ ဘာလို့ ဒီ English 365 သုံးရင်း အင်္ဂလိပ်စာဖတ်တဲ့အလေ့အကျင့်ရလာလဲဆိုတော့ ဒီ Program က ဝေါဟာရ၊ စကားလုံး (Vocab) တွေကို အထူးပြုလေ့လာရတာမို့ Vocab တစ်လုံးချင်းစီတိုင်းကို အသံ၊ စာသား၊ Video ၊ Quiz တွေနဲ့ ဘက်ပေါင်းစုံကနေ လေ့လာရပါတယ်။ ကျွန်မ ဒီ Program ကို လွန်ခဲ့တဲ့ (၃) လ လောက် စ join ဖြစ်တည်းက နေ့စဉ်သေချာ အချိန်သတ်မှတ်ပြီး လေ့လာဖြစ်တဲ့အတွက် သူတို့ကိုလေ့လာရင်း ကျွန်မ သဘောကျတာ တစ်ခုက ဆရာမရဲ့ audio ရှင်းပြချက်တွေ၊ Example ပြောပြတာတွေ အရမ်းကောင်းတယ်။ နောက်ပြီး short video လေးတွေနဲ့ လေ့လာရတာတွေဆို မိန့်ခွန်းတွေ၊ ရုပ်ရှင်တွေ၊ interview သတင်းတွေထဲက ကောက်နုတ်ထားတဲ့ video clip လေးတွေပါ။ ဒါတွေကြည့်ရင်းနဲ့ တချို့ video တွေက စိတ်ဝင်စားဖွယ်ကောင်းလို့ Online မှာ အရှည်ကြည့်လို့ရအောင် ရှာကြည့်ရင်းကနေ "ဪ ငါလည်း Vocab တွေ လေ့လာနေတာဆိုတော့ 365 Website က လေ့ကျင့်တာအပြင် ဒီထပ်တိုးရှာတာရင်း ပုံမှန် ဖတ်သွားမယ်" လုပ်ရင်းကနေ နေ့စဉ်လုပ်ဖြစ်သွားတာပါ။ အခုဆို English 365 ကျေးဇူးကြောင့် Reading လည်း ပုံမှန်လေ့ကျင့်ဖြစ်နေတော့ သာမန် အင်္ဂလိပ် Article (ဆောင်းပါး) တွေနဲ့ News (သတင်း) တွေကို Dictionary မလိုပဲ ဖတ်နိုင်နေပြီ။ English Book တွေ ၊ Novels တွေကိုလည်း ပြန်ဖတ်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒီနေ့ ကျွန်မ ပေးချင်တဲ့ Message လေးက - တခုခုတိုးတက်ဖို့ အချိန်ပေးပြီး အလေ့အကျင့်ဖြစ်အောင် လုပ်ဆောင်ရပါမယ် - တခုခုလေ့လာရင်းကနေ ဆင့်ပွါးအကျိုးလေးတွေရအောင် ဉာဏ်သုံးရပါမယ် - အခုချိန်က အင်္ဂလိပ်လို မသိရင် မဖြစ်တဲ့ အချိန်မို့ အင်္ဂလိပ်စာ တိုးတက်ဖို့လည်း အချိန်ပေးသင့်ကြောင်း သတင်းစကားလေးပါးလိုပါတယ်။ ✅ကျွန်မ အခု ပြောပြထားတဲ့ English 365 အကြောင်း ပိုသိချင်တယ်၊ Join ချင်တယ်ဆိုရင်တော့ သူတို့ Page Messenger ( m.me/english365mm ) မှာ 365 လို့ သွားပြီးရိုက်ပေးပါ။ Auto Reply စနစ် သုံးထားတာဖြစ်လို့ 365 လို့ ရိုက်ထည့်လိုက်တာနဲ့ အချက်အလက်လေးတွေကျလာမှာပါ။ အားလုံးလည်း အင်္ဂလိပ်စာ Vocab (သို့) အင်္ဂလိပ်စာ လေ့လာရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ Comment မှာ လာရောက် မျှဝေပေးနိုင်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ (ကျွန်မကိုယ်ကျွန်မမိတ်ဆက်ရရင်တော့ နာမည်က Karine ဖြစ်ပါတယ်။ ကျွန်မက စာအုပ် Review တွေ၊ စာအုပ်/စာပေတွေနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေ sharing လုပ်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။) #English365 #English_Reading #အင်္ဂလိပ်စာ_reading_အတွေ့အကြုံ

More ads from the top 1,000

See the top 1,000 ads