School of GED - Main Facebook ad: “GED course အတွက် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မိဘတွေ…”

Ran for 115 days, from May 28 to September 20, 2026, the last day Crush saw it.
Run by School of GED - Main on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 1339496344708965
- Platforms
- Facebook and Instagram
- Relaunches
- 0
- Niche
- Education & Courses
Ad text
GED course အတွက် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မိဘတွေ အမေးများတဲ့မေးခွန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 1️⃣ School of GED မှာ GED official test အတွက် ဘာတွေပြင်ဆင်ပေးလဲ? ⚫️ GED official website ကနေ ဝယ်ယူထားတဲ့ Flash Cards များနဲ့ လေ့ကျင့်စေတာ၊ ⚫️ အပတ်စဉ် chapter end test များ၊ လစဉ် Tutorial များ စစ်ဆေးပေးတာ၊ ⚫️ စာသင်ကာလနှစ်လခွဲမြောက်မှာစစ်ဆေးတဲ့ Mid term ကို GED exam format အတိုင်း ကွန်ပျူတာနဲ့ ဖြေဆိုစေတာ၊ Question review ပြုလုပ်ပေးတာ၊ ⚫️ GED စာမေးပွဲကို ပူပူနွေးနွေးဖြေဆိုအောင်မြင်ထားတဲ့ study guide များထားရှိပေးထားတာ၊ … စတာတွေနဲ့ GED စာမေးပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ ⚫️ စာသင်ကာလငါးလပြီးမြောက်ချိန်မှာစစ်ဆေးတဲ့ Final exam မှာလဲ GED official website က ready test ကို ကျောင်းသားရဲ့ကိုယ်ပိုင် GED account နဲ့ ဝင်ရောက်ဖြေဆိုစေတာဖြစ်လို့ စာမေးပွဲ schedule လုပ်ဖို့ပါ အထူးအထောက်အကူဖြစ်စေပါတယ်။ 2️⃣ School of GED မှာ GED official test အတွက် ကူညီပေးပါသလား? ကူညီပေးပါတယ်။ School of GED က ကျောင်းသားတွေကို (1) Exam Appointment ယူပေးပါတယ် (2) Ready test ဝယ်ပေးပါတယ် (3) Exam Fees သွင်းပေးပါတယ် (4) GED account ဖွင့်ခြင်း/ အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းသား/ကျောင်းသူတွေ parent consent form တင်ခြင်းအဆင့်တွေမှာကူညီပေးပါတယ်။ School of GED ရဲ့ ကျောင်းသားတွေကို မေတ္တာနဲ့ ကူညီဝန်ဆောင်မှုပေးတာပါ။ အပြင်ကျောင်းသားတွေကို အခကြေးငွေနဲ့ဝန်ဆောင်မှုပေးတာမျိုးတော့ မရှိသေးပါဘူး။ 3️⃣ School of GED မှာ ဘာသာရပ်ဆိုင်ရာပုံမှန်အတန်းချိိန်တွေအပြင် အင်္ဂလိပ်ဘာသာအားနည်းတဲ့ ကျောင်းသူ/ ကျောင်းသားတွေအတွက် သီးသန့်ပံ့ပိုးကူညီပေးတဲ့ အတန်းချိန်တွေရောရှိပါသလား? ရှိပါတယ်။ School of GED မှာ GED course လေ့လာသင်ယူနေတဲ့ ကျောင်းသားအများစုရဲ့ မိခင်ဘာသာစကားဟာ အင်္ဂလိပ်ဘာသာစကားမဟုတ်တာကြောင့် language support လိုအပ်ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာဆရာမမှ ကြီးမှုးပြီး GED-oriented English course ကို တစ်ပတ်တစ်ကြိမ် မေတ္တာဖြင့် ဖြည့်စွက်သင်ကြားပေးလျှက်ရှိပါတယ်။ 4️⃣ School of GED မှာ study guide များ ထားရှိပေးပါသလား? ဘာသာရပ်ဆိုင်ရာ study guide များထားရှိပေးထားပါတယ်။ မိမိတက်လိုတဲ့ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်သလို ဘာသာစုံလိုက်တက်လို့လဲရပါတယ်။ အခကြေးငွေထပ်ပေးစရာမလိုဘဲ ကျောင်းဘက်က မေတ္တာနဲ့ စီစဉ်ပေးတာဖြစ်ပါတယ်။ (Study Guide ချိန်သီးသန့်က တစ်ပတ်လျှင် တစ်ဘာသာကို ၂ ချိန်နှုန်းနဲ့ လေးဘာသာအတွက် တစ်ပတ်လျှင် ၈ ချိန်ပါဝင်ပါတယ်။) 5️⃣ School of GED မှာ ကွန်ပျူတာအသုံးမပြုတတ်သေးတဲ့ကျောင်းသားတွေအတွက် ကွန်ပျူတာသင်ကြားပေးပါသလား? School of GED မှာ ကွန်ပျူတာအသုံးမပြုတတ်သေးတဲ့ကျောင်းသားတွေအတွက် အခြေခံကွန်ပျူတာသုံးစွဲနည်းသင်ကြားပေးပါတယ်။ ကျောင်းသားဘက်က ကိုယ်ပိုင်ကွန်ပျူတာမပါလာရင်လဲ ကျောင်းဘက်ကကူညီပေးပါတယ်။ အခကြေးငွေထပ်ပေးစရာမလိုဘဲ ကျောင်းဘက်က မေတ္တာနဲ့ စီစဉ်ပေးတာဖြစ်ပါတယ်။ 6️⃣ School of GED မှာ ဘာသာရပ်ပိုင်းဆိုင်ရာအပြင် အခြား extracurricular activities များရှိပါသလား? ရှိပါတယ်။ Recreational program တွေဖြစ်တဲ့ - စန္ဒရား - တယော - ဂစ်တာ - အဆိုပိုင်းတွေထဲက နှစ်သက်ရာတစ်မျိုးကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ အခကြေးငွေထပ်ပေးစရာမလိုဘဲ ကျောင်းဘက်က မေတ္တာနဲ့ စီစဉ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် Table tennis ကစားတာနဲ့ ကြက်တောင်ကစားတာကိုလဲ အတန်းအားလပ်ချိန်တွေမှာ ဆောင်ရွက်နိုင်ပါတယ်။ အတန်းပေါင်းစုံ Futsal ကစားခြင်းကိုလဲ အလျဉ်းသင့်သလို စီစဉ်ပြုလုပ်ပေးပါတယ်။ 7️⃣ School of GED မှာ ဘာသာရပ်ပိုင်းဆိုင်ရာလေ့လာမှုကို ပိုမိုအားကောင်းစေမယ့် co-curricular activities များ၊ academic competitions များ ပြုလုပ်ပါသလား? ပြုလုပ်ပါတယ်။ ⚫️ Social Studies ဘာသာရပ်အတွက် reading club၊ ⚫️ Science ဘာသာရပ်အတွက် Physic နဲ့ Earth & Space ဆိုင်ရာ၊ Chemistry ဆိုင်ရာ၊ Life Science ဆိုင်ရာ presentation များ၊ ⚫️ RLA ဘာသာရပ်အတွက် ER competition များ၊ ⚫️ Mathematical Reasoning ဘာသာရပ်အတွက် Math competitions များပြုလုပ်ပေးလျှက်ရှိပါတယ်။ 8️⃣ School of GED ကကျောင်းသားတွေရဲ့ မိဘတွေကို ကျောင်းသားတွေရဲ့ ပညာရေးအခြေအနေတွေနဲ့ အခြားအကြောင်းခြင်းရာတွေကို အစီရင်ခံပါသလား? နေ့စဉ်၊ အပတ်စဉ်၊ လစဉ်တိုင်းမှာ ကျောင်းသားတွေရဲ့ ပညာရေးအခြေအနေနဲ့ ကျောင်းခေါ်ချိန်မှတ်တမ်းတွေ၊ စာမေးပွဲရလာဒ်တွေနဲ့ ထူးခြားဖြစ်စဉ်တွေကို မိဘတွေဆီပို့ပေးပါတယ်။ 9️⃣ School of GED မှာတက်ရောက်နေစဉ်ကာလအတွင်း အဆောင်နေလို့ရပါသလား? လုံခြုံစိတ်ချရတဲ့ အဆောင်များအဆင်သင့်စီစဉ်ပေးထားပါတယ်။ အဆောင်မှုးရဲ့ အစောင့်အရှောက်အောက်မှာ နေရမှာဖြစ်ပြီး Hall Type, Double Room နဲ့ Four Bedded Room ဆိုပြီး ၃ မျိုးရှိပါတယ်။ အဆောင်စည်းကမ်းများကို သိရှိလိုပါကလဲ messenger မှာ တောင်းယူကြည့်ရှုနိုင်ပါတယ်။ Note : We will make necessary updates as needed. 💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙 School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြားရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အကောင်းဆုံးကြိုးစားလိုက်ပါ။ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED Facebook Page ရဲ့ messenger ကနေဖြစ်ဖြစ်၊ Help Line 09 771 54 34 31 09 268 912 913 09781575218 တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။ #PreGED #PreGEDOnCampus #GED #GEDOnCampus #highschoolequivalency #SchoolofGED #reasoningthroughlanguageart #mathematicalreasoning #socialstudies #scholarship







