Skip to content
စာအုပ်ကမ္ဘာ

စာအုပ်ကမ္ဘာ Facebook ad: “ကျွန်မ.အိမ်ရှင်မ”

စာအုပ်ကမ္ဘာ Facebook ad: ကျွန်မ.အိမ်ရှင်မ

Ran for 36 days, from February 19 to March 27, 2026, the last day Crush saw it.

Run by စာအုပ်ကမ္ဘာ on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1440590901064424
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

🔷"ကျွန်မ......အိမ်ရှင်မ"🔷 ✨ စာအုပ်ရဲ့ အဓိက ရည်ရွယ်ချက် အိမ်ရှင်မဆိုတာ "မှီခိုသူ" မဟုတ်ဘဲ အိမ်တစ်အိမ်ရဲ့ အရေးပါတဲ့ "ပဲ့ကိုင်ရှင်" ဖြစ်ကြောင်း သက်သေပြဖို့နဲ့၊ အိမ်ရှင်မတွေရဲ့ စိတ်ကျန်းမာရေးကို တန်ဖိုးထား ဂရုစိုက်တတ်စေဖို့ ရည်ရွယ်ပါတယ်။ စာအုပ်မှာ ခေါင်းစဉ်ခွဲ (၃၂) ခုပါဝင်ပြီး အောက်ပါအချက်တွေကို အဓိက မီးမောင်းထိုးထားပါတယ်- ၁။ 🌲အိမ်ရှင်မဆိုတာ မှီခိုမဟုတ်ပါ ၂။ 🌲ကျွန်မ......အိမ်ရှင်မ ၃။ 🌲Identity(ကိုယ်ပိုင်အမှတ်) ၄။ 🌲Value(တန်ဖိုး) ၅။ 🌲ကိုယ့်ကိုယ်ကို ချစ်တတ်ပါ .....စတဲ့ စာဖတ်သူတွေစိတ်ဝင်စားစေမဲ့ subtitles လေးတွေ ပါဝင်သလို... ခေါင်းစဉ်ခွဲတစ်ခုချင်းစီတိုင်းကို စာဖတ်သူတိုင်းနားလည်နိုင်တဲ့ ထိမိရှင်းလင်းတဲ့‌ ‌‌‌ရေးသားချက်တွေနဲ့ စိတ်ဝင်စားအောင်ရေးသားထားတာတွေ့ရပါတယ်။ တစ်ပုဒ်ဖတ်ပြီးတိုင်း နောက်တစ်ခုကိုဆက်မဖတ်ဖြစ်သေးဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်စေမိတဲ့စာအုပ်လေးပါ။ ♦️“အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ရဲ့ အ‌ရေးကြီးတဲ့ထောက်တိုင်.......အိမ်ရဲ့သခင်မ....အိမ်ရဲ့အစိုးရငယ်လို့တောင် ဆိုချင်ပါတယ်”တဲ့ ♦️“ကျွန်မကို ‘အိမ်ရှင်မ’ လို့ဘဲရေးပေးပါ ကျွန်မ မှီခိုမဟုတ်ဘူး... အိမ်တစ်အိမ်လုံးရဲ့ တာဝန်ကို ယူထားရတာ... အိမ်ရှင်မတွေကို ကျေးဇူးပြုပြီး မှီခိုလို့ မသုံးပါနဲ့” ♦️“ကလေးမိခင်တွေ me time ယူတဲ့ အခါ တစ်ကိုယ်ကောင်းဆန်တယ် မိခင်မပီသဘူး.....စတဲ့ ပြစ်တင်ဝေဖန်ခြင်းတွေ မလုပ်ဖို့ လိုအပ်ပါတယ်” ♦️“Relationship တွေခိုင်မာဖို့ဆိုရင် healthy boundariesကောင်းကောင်းချတတ်ဖို့ အရေးကြီးပါတယ်။” ♦️“မိသားစုဝင်အားလုံးဟာ သူ့နေရာနဲ့သူ အရေးပါတဲ့သူတွေပါ ငါ.. သာအရေးအကြီးဆုံး ငါ... ကျေးဇူးအပြုဆုံး စတဲ့ အတွေးတွေဝင်လာရင် အတ္တကို ရှေ့တန်းတင်လာပြီးလောဘ ဒေါသ မောဟ မာန်မာနတွေ အားပြိုင်နေတဲ့ ဇရပ်ပျက်ကြီးနဲ့သာ တူနေပေတော့မည်” 🎯 ဘယ်သူတွေ ဖတ်သင့်သလဲ? အိမ်ရှင်မများ- မိမိကိုယ်ကို ပြန်လည်ချစ်ခင်လာဖို့နဲ့ စိတ်ခွန်အားသစ် ရရှိဖို့၊ မိသားစုဝင်များ- အိမ်ရှင်မတွေရဲ့ ပင်ပန်းမှုကို စာနာနားလည်ပေးပြီး သာယာတဲ့ မိသားစုဘဝ တည်ဆောက်ဖို့၊ လုပ်ငန်းခွင်ဝင်နေသူများ- ဖိအားနဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ဗဟုသုတများ ရရှိဖို့၊ ဒီစာအုပ်ကိုရေးသားခဲ့သူ ဆရာမက ကိုယ်တိုင်လည်း စိတ်ကျန်းမာရေးရာ များကို အကြုံပြုဆွေး‌နွေးပေးနေတဲ့ mentor/counsellor တစ်ယောက်အဖြစ်လည်း ရပ်တည်နေသူတစ်ယောက်ဖြစ်တဲ့အတွက်ဒီစာအုပ်လေးထဲမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပက်သက်တဲ့ ဘဝနေနည်းစတဲ့ ဗဟုသုတပေါင်းများစွာကို ရှု့ထောင့်ပေါင်းစုံကနေ ပြည့်စုံစွာ ရေးသားဖော်ပြထားပါသေးတယ်။ "ဒီစာအုပ်ဟာ အိမ်ရှင်မတွေအတွက်တင်မကဘဲ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ အကျိုးရှိစေမယ့် စာအုပ်ကောင်းပါ။ အိမ်ရှင်မတိုင်းက 'ဟုတ်ကဲ့... ကျွန်မ အိမ်ရှင်မပါ' လို့ ရဲဝံ့စွာ ပြောနိုင်စေမယ့် ခွန်အားတွေကို ဒီစာအုပ်က ပေးစွမ်းနိုင်ပါတယ်။" စာရေးဆရာ- ထားအိ (ဘားအံ) စာမျက်နှာ- ၁၁၂ တန်ဖိုး- ၄၅၀၀ ကျပ် #စာအုပ်ကမ္ဘာ #စာဖတ်ကြမယ် #ထားအိ #ကျွန်မအိမ်ရှင်မ

More ads from the top 1,000

See the top 1,000 ads