

Digital Diaries Co
Active· since Jun 29, 2026
- 83
- days running
- 0
- relaunches
Ad copy
Digital Diaries - Episode 6 Meta Ads ကို Pro တစ်ယောက်လို ကျွမ်းကျင်ဖို့ ဒီစကားလုံးတွေကို အရင်သိထားရပါမယ် Digital Marketing လောကထဲကို စဝင်တုန်းက Meta Ads Manager ထဲမှာ တွေ့ရတဲ့ အတိုကောက်စာလုံးတွေ (CTR, CPC, ROAS) ကို မြင်ပြီး ကျွန်မ တကယ့်ကို မျက်စိလည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို သေချာနားလည်မှသာ Campaign တစ်ခုရဲ့ စွမ်းဆောင်ရည်ကို မှန်ကန်စွာ တိုင်းတာနိုင်မှာဖြစ်ကြောင်း သိလာရပါတယ်။, ဒီနေ့မှာတော့ Meta Ads run တဲ့အခါ မသိမဖြစ် သိထားရမယ့် Essential Vocabulary တွေကို လက်တွေ့အသုံးချပုံနဲ့တကွ မျှဝေပေးသွားမှာပါ- ━━━━━━━━━━━━━━━━━━━━ 📌 ၁။ အခြေခံအကျဆုံး (Meta Ads Essentials) CAM (Campaign Objective): သင့်ကြော်ငြာရဲ့ ပန်းတိုင် (ဥပမာ- ရောင်းအားတက်ဖို့လား၊ လူသိများဖို့လား)။ CTR (Click Through Rate): ကြော်ငြာကို မြင်သူပေါင်း ၁၀၀ မှာ ဘယ်နှစ်ယောက်က နှိပ်သလဲ။ (Content ကောင်းမကောင်း စစ်ဆေးတဲ့နေရာမှာ သုံးပါတယ်)။ CPC (Cost Per Click): တစ်ချက်နှိပ်ရင် ဘယ်လောက် ကုန်ကျသလဲ။ CPM (Cost Per 1,000 Impressions): ကြော်ငြာကို အကြိမ်ရေ ၁,၀၀၀ ပြသဖို့အတွက် ကုန်ကျစရိတ်။ 📌 ၂။ Performance & Results ROAS (Return On Ad Spend): ကြော်ငြာခ $1 သုံးရင် ရောင်းအား ဘယ်လောက်ပြန်ရသလဲ။ (ဒါဟာ အရေးကြီးဆုံး Metric ပါပဲ)။ CPA (Cost Per Action): ဝယ်ယူမှုတစ်ခု ဒါမှမဟုတ် မက်ဆေ့ချ်တစ်ခု ရဖို့အတွက် ဘယ်လောက်ကုန်သလဲ။ AOV (Average Order Value): ဝယ်သူတစ်ယောက်က တစ်ကြိမ်ဝယ်ရင် ပျမ်းမျှ ဘယ်လောက်ဖိုး ဝယ်သလဲ။ 📌 ၃။ Audience & Targeting Custom Audience: သင့်ကို သိပြီးသားသူတွေကို ပြန်ပြတာ (Retargeting)။ Lookalike Audience (LAL): သင့်ရဲ့ ဝယ်သူတွေနဲ့ ပုံစံတူတဲ့ လူသစ်တွေကို ရှာဖွေတာ။ Interest vs Behavior: စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး Target ထားတာ။ 📌 ၄။ Optimization & Strategy A/B Test: ကြော်ငြာနှစ်ခုကို ယှဉ်စမ်းပြီး ဘယ်ဟာက ပိုကောင်းလဲဆိုတာ ရှာဖွေတာ။ Learning Phase: Meta ရဲ့ AI က သင့်ကြော်ငြာအတွက် အကောင်းဆုံးသူတွေကို ရှာဖွေနေတဲ့ အချိန်ကာလ။ Scaling: Performance ကောင်းတဲ့ ကြော်ငြာကို Budget တိုးပြီး စနစ်တကျ ချဲ့ထွင်တာ။ ━━━━━━━━━━━━━━━━━━━━ 💡 ကျွန်မရဲ့ သင်ခန်းစာ (Lesson): ဒီစကားလုံးတွေကို သိရုံနဲ့ မလုံလောက်ပါဘူး။ Strategy and Action Plan ကို မျှမျှတတ တွဲပြီးလုပ်မှအဆင်ပြေမှာပါ။ ဥပမာ- CPC သက်သာရုံနဲ့ မကျေနပ်ပါနဲ့၊ အဲ့ဒီ Click တွေကနေတဆင့် ဝယ်ယူမှု (Purchase) ဘယ်လောက်ဖြစ်လာသလဲဆိုတဲ့ ROAS ကိုပါ ကြည့်တတ်ဖို့ လိုပါတယ်။ ဒီ Vocabulary လေးတွေကို သိထားခြင်းက သင့်ကို အခြားသူတွေထက် ခြေတစ်လှမ်း ပိုသာစေမှာ သေချာပါတယ်။ မိတ်ဆွေတို့ကော ဒီ terms တွေထဲမှာ ဘယ်အချက်ကို အသုံးအများဆုံးလဲ? ဒါမှမဟုတ် ဘယ်စကားလုံးကို အခက်ခဲဆုံးလို့ ထင်ပါသလဲ? (Comment မှာ ဆွေးနွေးသွားကြရအောင်ရှင်။) 📌 နောင်မှာ ပြန်ကြည့်ဖို့ ဒီပို့စ်ကို Save ထားလိုက်ပါ။ 📤 Meta Ads လေ့လာနေသူတွေအတွက်လည်း Share ပေးနိုင်ပါတယ်ရှင်။ #DigitalMarketing #DiaryOfAMarketer #MetaAds #FacebookAds #MarketingTerms #PerformanceMarketing #MyanmarMarketing #DigitalDiariesCo
Like this ad? Make it yours.
Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.
