Skip to content
Green Pest Management - ခြနှင့်အထွေထွေပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်း

Green Pest Management - ခြနှင့်အထွေထွေပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်း Facebook ad: “ပြဿနာကို မီးမထွန်းဘဲရှာတာ ခြတွေ လို့ ပြောရမယ်။”

Green Pest Management - ခြနှင့်အထွေထွေပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်း Facebook ad: ပြဿနာကို မီးမထွန်းဘဲရှာတာ ခြတွေ လို့ ပြောရမယ်။

Ran for 145 days, from February 21 to July 16, 2026, the last day Crush saw it.

Run by Green Pest Management - ခြနှင့်အထွေထွေပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်း on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1975350803339046
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

ပြဿနာကို မီးမထွန်းဘဲရှာတာ “ခြတွေ” လို့ ပြောရမယ်။ ခြတက်ရင် စိတ်ညစ်စရာတွေချည်းပဲမလို့ ခြစားနေပြီ လို့ ပြောရင် လမ်းဆုံးနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ ☹️ ❗️ ကြမ်းပြင်၊ နံရံ၊ မျက်နှာကြက်တွေ အပါအဝင် သစ်သားနဲ့လုပ်ထားတဲ့ပရိဘောဂတွေ ပျက်စီးမယ်။ ခြတွေက သစ်ကြိုက်တယ်လေ။ ❗️ ခြတက်လို့ ဖယ်ထုတ်ရတာတွေက စရိတ်စက သိပ်ကုန်တယ်။ အိမ်ဆောက်တုန်းက အကောင်းစားကုန်ကြမ်းတွေ သုံးခဲ့တယ်ဆိုရင် ခြစားသွားတာ နှမြောစရာကောင်းတယ်။ ❗️ တခါတလေ ခြတက်နေလို့ တက်နေမှန်းတောင် မသိရဘူး။ အတွင်းထဲက လှိုက်စားနေတာလေ။ အဲ့ဒါမျိုးဖြစ်လာရင် အချိန်နှောင်းမှ သိရတော့ အပျက်အစီးက များပြန်ရော။ ❗️ အဆောက်အအုံတွေရဲ့ အုတ်မြစ်ပိုင်းတွေမှာ ခြစားနေရင် အခြေယိုင်ပြီး ဖောင်ဒေးရှင်းကို ထိပြီး အဆောက်အအုံရဲ့ ကြံ့ခိုင်ရေး ထိခိုက်သည်အထိ ဖြစ်နိုင်သေးတယ်နော်။ ❗️ တန်ဖိုးကြီးတဲ့ ပရိဘောဂတွေဆိုရင်လည်း ခြနဲ့တွေ့ရင် ပျက်စီးရတာပါပဲ။ ❗️ခြတွေက သူတို့ရဲ့ လိုဏ်ခေါင်းငယ်/ လမ်းကြောင်းငယ် mud tube လေးတွေကို စိုစွတ်နေအောင် ထားတော့ လျှပ်စစ်သွယ်တန်းမှုတွေမှာ သွားထိခိုက်စေပြီး ရှော့ဖြစ်/ပြတ်တောက်တာတွေ ဖြစ်လာတတ်ပါတယ်။ ‼️ 🏠 အရေးကြီးတဲ့အချက်က ခြအုံရှိတဲ့၊ ခြစားနေတဲ့ အိမ်ခြံမြေတွေကို နားလည်တဲ့သူတွေက မဝယ်တတ်ကြလို့ အရေးအကြောင်း တအားရောင်းရခက်စေပါတယ်။ ပြည်တွင်း အိမ်ခြံမြေကဏ္ဍမှာ ခြနဲ့ပတ်သက်တဲ့ ဥပဒေမရှိသေးသော်ငြားလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခြကင်းစင်ကြောင်း/ခြရှာဖွေနှိမ်နင်းထားကြောင်း certificate ပြနိုင်မှ ရောင်းနိုင်ဝယ်နိုင်အောင် ချမှတ်ထားတဲ့ ဥပဒေတွေ ရှိကြပါတယ်။ ဒီမှာ ဥပဒေမရှိသေးပေမဲ့ သေချာကြည့်တတ်သူနဲ့ဆိုရင် ခြရှိတာ ရောင်းပန်းမလှဖြစ်တတ်လို့ သတိထားသင့်ပါတယ်။ 🏡 📌 အိမ်ခြံမြေ ဝယ်ယူမယ့်သူများလည်း သတိထားစစ်ဆေးသင့်တဲ့အချက်ပါ။ 📌 ❗️ လယ်ကွင်းယာခင်း၊ ဥယျာဉ်တွေထဲအထိလည်း ခြတွေတွေ့ရနိုင်တယ်နော်။ အပင်တွေကို စိတ်တိုင်းကျစားသုံးတာလေ။ ❗️ ခြတွေရဲ့ ကိုယ်လက်အစိတ်အပိုင်းနဲ့ အညစ်အကြေးတွေက လေထုသန့်စင်မှုကို နှောင့်ယှက်ပါသေးတယ်။ ❗️ ခြကြောင့် allergy ထပြီး ယားယံတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တာအထိ ဆိုးရွားပါတယ်။ ‼️ ပန်းနာရင်ကျပ် (asthma) ရောဂါရှိသူတွေ ခြရှိတဲ့အိမ်မှာ နေရင် ပိုဆိုးလာတတ်ပါတယ်။ ❗️ ခြအုံရှိတဲ့ နေရာ မှိုမတက်ပေမဲ့ ခြစားခဲ့ပြီးသားနေရာတွေကတော့ မှိုမှုန်တွေ ပေါက်ပွားလာနိုင်ပါတယ်။ ❗️ မျက်စိတွေထဲ ခြမှုန်တွေ ဝင်တတ်တာ အဆင်မပြေပါဘူး။ အချုပ်ပြောရရင် ခြရှိရင် ကျန်းမာရေးတွေ ထိခိုက်ကြမှာပါ။ ❗️ စာမဖတ်တတ်ပေမယ့် စာရွက်တော့ကြိုက်တယ်။ အရေးကြီးစာရွက်စာတမ်းတွေ၊ စာအုပ်တွေ ပျက်စီးရတာ ခြက တရားခံပါ။ ❗️ တခြားပိုးမွှားတွေ အိမ်ထဲဝင်ဖို့ကိုလည်း ကူညီလမ်းဖွင့်ပေးပါသေးတယ်။ ဆင်သွားရင် လမ်းဖြစ်သလိုပဲ၊ ခြစားသွားတဲ့နေရာမှာ တခြားပိုးမွှားတွေဝင်လို့ရတဲ့အထိ အပေါက်ကြီးတွေ ကျန်ခဲ့လို့လေ။ ❗️ ပတ်ဝန်းကျင်အလှကိုလည်း တဖက်တလမ်းကနေ ဖျက်ဆီးပေးပါတယ်။ အလှစိုက်ထားတဲ့ သစ်ပင်၊ပန်းပင်တွေကို ကိုက်ရတာ သူတို့အကြိုက်ဆိုတော့။ ❗️ ဆယ်စုနှစ်ရန်သူတွေလို့ ပြောရတဲ့အထိ တစ်ခါစွဲပြီးရင် အကြာကြီးနေနိုင်တာ၊ ရှင်းထုတ်ဖို့ခက်တာ ခြတွေပဲဖြစ်လို့ အိမ်ထဲကို အဝင်မခံတာ အကောင်းဆုံးပါပဲ။ ဘာကောင်းကျိုးမှမပေးတာမို့ “ခြ” တွေကို “ချ” ဖို့ အရေးကြီးပါတယ်။ ခြမတက်အောင် အစဉ်တစိုက် သတိပြုဖို့နဲ့ ပုံမှန်စစ်ဆေးနေဖို့ လိုပါမယ်။ ခြတက်ပြီဆိုရင်လည်း လုံးဝနိုင်နင်းတဲ့၊ "အခမဲ့" ကွင်းဆင်းစစ်ဆေးပေးတဲ့ Green Pest Management ကို သတိရလိုက်ပါခင်ဗျာ။ 💯 ✅ __________________ Green Pest Management သည် ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပြီး ⛔️ ခြ ⛔️ ကြွက် ⛔️ ခြင် ⛔️ ယင် ⛔️ ပိုးဟပ် ⛔️ ကြမ်းပိုး ⛔️ ပုရွက်ဆိတ် ⛔️ ပျားနှင့် ပိတုန်း စသည့် ပိုးမွှားအန္တရာယ်များကို ဖြေရှင်းဝန်ဆောင်ပေးလျက်ရှိပါသည်။ 🔹 Termatrac T3i 🔹 Thermal Imaging Camera ပုံရိပ်ဖမ်းစက်နှင့် 🔹 Electronic Stethoscope (အသံဖမ်းစက်) စသည့် ✅ ခေတ်မီနည်းပညာသုံး ရှာဖွေရေးကိရိယာများ၊ ဖယ်ရှားရှင်းလင်းရေးကိရိယာများ အသုံးပြုလျက် ✅ သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၊ အိမ်မွေးတိရစ္ဆာန်များ မထိခိုက်စေဘဲ ✅ အစွမ်းထက်ထိရောက်သော IPM နည်းစနစ်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ 🏆 လက်ရှိတွင် စီးပွားရေးလုပ်ငန်းကြီးငယ်ပေါင်း နှစ်ထောင်ကျော်နှင့် လူနေအိမ်ခြေပေါင်း တစ်သောင်းကျော်ကို ဝန်ဆောင်မှု ပေးအပ်ပြီးဖြစ်သော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ 🚛 ရန်ကုန်နှင့် မန္တလေးမြို့တွင်းများအတွက် အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခြင်း ပြုလုပ်ပေးပါသည်။ 🌤️ __________________ For more information and consultation: YGN: 09-5035634, 09-420011432, 09-255378800, 09-441988816 MDY: 09 444459845, 09 444459846 Email: [email protected]

More from Green Pest Management - ခြနှင့်အထွေထွေပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်း

  • Green Pest Management - ခြနှင့်အထွေထွေပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်း Facebook ad: Warehouse နဲ့ Manufacturing မှာ ခေါင်းအခဲရဆုံး အချက်က…

    Ran 78 days

More ads from the top 1,000

See the top 1,000 ads