Skip to content
Kaung Hein Soe - Strategic

Kaung Hein Soe - Strategic Facebook ad: “ငွေဘယ်လို စုရမလဲ.”

Kaung Hein Soe - Strategic Facebook ad: ငွေဘယ်လို စုရမလဲ.

Ran for 18 days, from March 26 to April 13, 2026, the last day Crush saw it.

Run by Kaung Hein Soe - Strategic on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
2099157750932439
Platforms
Facebook, Instagram and Audience Network
Relaunches
0

How we count

Ad text

ငွေဘယ်လို စုရမလဲ.... .. ကျွန်တော်ဟာ Personal Finance ဆိုတဲ့ ငွေ ကြေးဆိုင်ရာသင်တန်းတစ်ခုကို လဲ မျှဝေနေ သူဖြစ်ပြီး ငွေ ကြေးအကြောင်း တွေ လဲ page နေ မျှေ၀ လေ့ရှိတဲ့ အတွက် အတော်များများ ရဲ့မေးခွန်းလေးတွေကို ရလေ့ရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ပိုက်ဆံ ဘယ်လို စုရမလဲ ဆိုတာပါပဲ။ . ပိုက်ဆံဘယ်လို စုရမလဲဆိုတဲ့ စကားစုကို တွေ့လိုက်တာနဲ့လူအတော်များများက ..ဟင်..ပိုက်ဆံစုတာများ ဘာခက်တာမှတ်လို့လို့ ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ပိုက်ဆံ စုရတာက မခက်ပါဘူး ၊ တကယ်က ပိုက်ဆံကို လတိုင်းမှန်မှန်စု နိုင်ဖို့ရယ် စုလို့တဖြည်းဖြည်း များလာ တဲ့ ပမာဏလေးကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာရယ်က သိပ်ကို ခက်လွန်းလှပါတယ်။ ဒီတော့ ဒီပိုစ့်လေးမှာ ဒီအချက်တွေကို အဓိကဆွေးနွေးပေးပါမယ်။ . . . . ပိုက်ဆံစုဖို့ ဘာကြောင့်လိုလဲ.. . ကျွန်တော်တို့ ငယ်ငယ်တုန်းက အချိန်ယူပြီး ကစားရတဲ့ ကစားနည်းတစ်မျိုးရှိပါတယ်။ ဒါကတော့ Monopoly မိုနိုပိုလီ ဆိုတဲ့ ကစားနည်းပါပဲ။ ဒီကစားနည်းဟာ လက်တွေ့လောက စီးပွားရေး လုပ်ပုံကို ကစားနည်းအနေနဲ့ပြောင်းလဲထားတယ်လို့ပဲဆိုချင်ပါတယ်။ အချို့ကျတော့ လည်း ဒီကစားနည်း ဟာ လူချမ်းသာတွေ က သူတို့ သားသမီးတွေကို စီးပွားရေး ပညာသင်ပေး ဖို့အတွက် စတင်ဖော်ထုတ်ခဲ့တယ်လို့လဲဆိုကြပါတယ်။ ဘယ်လို ပဲဖြစ်ပါစေ ဒါဟာ စီးပွား ရေး ကစားနည်းတစ်ခုပါပဲ။ . မိုနိုပိုလီမှာ အဓိက အချက်ကတော့ အရောင်တူ မြေကွက် သုံးကွက်ကို ဝယ်… အိမ်ရအောင်ဆောက်..အိမ်လေးလုံး ပြည့်ရင် ဟိုတယ် တစ်လုံးနဲ့လဲ … ဒါကို များများ နဲ့မြန်မြန် လုပ်နိုင်လေ နိုင်လေပါပဲ။ ဒီတော့ ကိုယ်လို ချင်တဲ့ မြေကွက်ကိုရအောင် မြေကွက်ပိုင်ထားတဲ့ ကစားသမားနဲ့ဘယ်လို ညှိုနှိုင်းဝယ်ယူရမလဲ .. ဘယ်လို မဟာဗျူဟာထားမလဲ.. မြေကွက် အပြင် အခြားစီးပွားရေးတွေကိုရော ဘယ်လို လုပ်မလဲ ..ပိုက်ဆံ မလောက် ရင်ဘဏ် နဲ့ချိတ်ပြီး ဘယ်လို ဝယ်မလဲ ဆိုတာတွေ အပြင် မမျှော်လင့်ဘဲ ကြုံရတဲ့ ထောင်တန်း ကျနိုင်တာတွေ စီးပွားပျက်တာ အခွန်ဆောင်ရတာတွေ ကို ပါ ဘယ်လို စီမံမလဲဆိုတာ သင်ယူရပါတယ်။ . ဒီတော့ စီးပွားရေး လုပ်ငန်းကြီး အဖြစ် မစတင်ခင်မှာ အရေးအကြီးဆုံး လုပ်ရတာကတော့ စထွက် အကွက်ကို ဖြတ်တိုင်း ပုံမှန် ၂၀၀ ရဖို့ရယ်.. ဒီ ၂၀၀ ကို မပွန်းမပဲ့အောင် ထိန်းသိန်း ထားပြီး ကိုယ်လို ချင်တဲ့ မြေကွက် နဲ့လုပ်ငန်းတွေကို ဝယ်ဖို့ရယ်. အတွက် သုံး ရပါတော့တယ်။ စစချင်းမှာ အကြောင်းအမျိုးမျိုး ကြောင့် စထွက်အကွက်ကို မဖြတ်နိုင်ပဲ ၂၀၀ မရရင် ရံှုးဖို့ အခွင့် အလမ်း ပိုများသွားပါတယ်။ ဒီတော့ လက်တွေ့ဘဝမှာ လဲ ပိုက်ဆံ စုဖို့ဘာကြောင့်လို သလဲ ဆိုရင် ကိုယ့်မှာ စထွက်အကွက်လို့ပြောလို့ရတဲ့ လစဉ် ဝင်ငွေ ရတာလေးကို ပုံမှန်စုဆောင်း ထားပြီး ရင်းနှီးမြုပ်နှံဖို့အခွင့်အရေး ကြုံတဲ့ အခါ ထည့် ဝင်ရင်းနှီး ပြီး ပွားများ စေဖို့ဖြစ်ပါတယ်။ . . . . ပိုက်ဆံ စုတဲ့ ရည်ရွယ်ချက်. . တစ်ချို့ကလဲ ပြောပါတယ်..ဆရာရယ် တစ်လ မှ ငွေ ၂၀၀၀၀ စုမယ် ဆိုရင် တစ်နှစ် လုံးနေ မှ ၂သိန်း၄ သောင်းပဲ ရမယ် … ဆယ်နှစ် စုမှ သိန်း၂၄ သိန်း ပဲ ရှိမှာ ..ပိုက်ဆံစုလို့ဘယ်လို လုပ်ချမ်းသာမလဲ လို့ဆိုကြပြန်ပါတယ်။ မှန်ပါတယ်။ . တကယ်တမ်းကျတော့ ငွေ ကြေးလောကမှာ Savers are losers ဆိုတဲ့ စကားပုံတောင်ရှိပါသေး တယ်။ ဆယ်နှစ်လုံး တစ်လကို ငွေ ၂၀၀၀၀ စု လို့၂၄ သိန်းရတယ် ဆိုပေမယ့် ငွေ ကြေးတန် ဖိုးဟာ ဆယ်နှစ်အတွင်းမှာ အများကြီး လျော့ကျ ဦးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ငွေ ၂၀၀ နဲ့မုန့်ဟင်းခါး တစ်ပွဲ စားလို့ရနိုင်ပေမယ့် အခု ကျတော့ ငွေ ၂၀၀ ဟာ မုန့်ဟင်းခါး တစ်ပွဲ စာ တန်ဖိုး မရှိတော့ပါဘူး ။ ဒါကြောင့် ငွေ စု ထားသူတွေ ဟာအရှုံး သမားတွေ လို့ဆိုကြတာ ဖြစ်ပါတယ်။ ဟာ…ဒါဆို ဘာလို့ငွေ စုတော့မှာ လဲ ကုန်အောင် သုံးပစ်တော့ မှာပေါ့ လို့တွေ းမယ်ဆိုရင်တော့ မှားပါပြီ။ . အထက်က မိုနိုပိုလီ ကစားနည်းထဲက လို ကိုယ့်ငွေကို တန်ဖိုး မလျော့သွားအောင် ရင်းနှီးမြုပ်နံှမှု တစ်ခုခုလုပ် ဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ် ရဲ့အလုပ်လုပ် တဲ့ ဝင်ငွေ တိုး လာတိုင်းလဲ ပိုတိုး စုဖို့လိုပါတယ်။ ဒါဆိုရင် ရင်းနှီးမြုပ်နှံမှု ကရတဲ့ ငွေ ရယ် ပုံမှန်စုတဲ့ငွေရယ်. ငွေပို ရှာလာနိုင် လို့ထပ် တိုး စုတဲ့ ငွေ ရယ် ပေါင်းလိုက်ရင် တစ်လတစ်လ လုံးပေါင်းစုငွေ ပမာဏ ဟာ ပိုပို ကြီး လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပိုပိုကြီးတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထပ်လုပ်နိုင် ပြီး ငွေ ပြန်ဝင်တာလဲ ပိုများ စတဲ့ သံသရာ ကို လည်စေရမှာ ဖြစ် ပါတယ်။ ဒါကြောင့် ငွေ စု တဲ့ တစ်ခုတည်းသော ရည် ရွယ်ချက်ဟာ တိုးပွားအောင် ရင်းနှီး ဖို့ပဲဖြစ်ပါတယ်။ . . . သတ်မှတ်ရမယ့် စည်းမျဉ်းတွေ. . ငွေ စုတော့မယ် ဆိုရင် အရင်ဆုံး ကိုယ့် မှာ ပုံမှန် ဝင်ငွေ ရှိနေမယ့် အလုပ်တစ်ခု အရင်ဆုံး ရှိနေဖို့လိုပါတယ်။ ဒီလို ပုံမှန် ဝင်ငွေ မရှိ ရင် စုငွေ ကို ထိန်းသိမ်းထားဖို့ပို ပြီး ခက်ခဲပါတယ်။ . နောက်တစ်ခု က ကိုယ့်ရဲ့တစ်လ ဝင်ငွေ ရဲ့ဆယ်ရာခိုင်နှုန်း ကို တော့ အနည်းဆုံး စုငွေ အဖြစ် စုဖို့လိုပါတယ်။ ငွေ တော့စုပါတယ် တစ်လ ၁၀၀၀ ဆိုရင် ဆယ်နှစ် မက နှစ ်နှစ်ဆယ် ကြာလဲ ဘာမှ ဆက်လုပ်လို့မရပါဘူး။ ဥပမာ ကိုယ်က တစ်လ တစ်သိန်း ဝင်ရင် ဆယ်ရာခိုင်းနှုန်း ၁၀၀၀၀ လတိုင်း စုရပါမယ်။ ၁၀ ရာခိုင်နှုန်းထက် ပိုစုနိုင်ရင်ပိုကောင်း ပါတယ်။ . အရေး အကြီး ဆုံး အချက်က တော့ ငွေ ဝင်တာနဲ့အရင် ဆုံး စုငွေ ပမာဏ ကိုဖယ်ထုတ်ပါ။ ပြီးမှ ကျန်တာကို သုံးဖို့လုပ်ပါ ။ ဒါက လုံး၀ ဖောက်ဖျက်လို့မရတဲ့ Golden rule ပါပဲ။ . နောက်တစ်ချက်ကတော့ ငွေစု မယ့် နည်းစနစ် ကိုကိုယ်နဲ့ ကိုက် နိုင်မည့် နည်းကိုစဉ်းစားပါ။ တစ်ချို့က ကျတော့ စုဘူးနဲ့စုရင် စုမိတယ်။ တစ်ချို့က ကျတော့ ဒီအတိုင်း အိပ်ရာအောက် သိမ်း ထားပြီး တိုးလာတဲ့ ပမာဏ လေးကို ထုတ်ထုတ်ကြည့်ရင်ပ ိုစုမိတယ်။ တစ်ချို့ကျတော့လဲ ငွေ ကိုလဲ ကိုင်ထားရင် သုံးမိလို့ဘဏ် အကောင့် ထဲထည့်စုမှပိုစုဖြစ်တယ်။ တစ်ချို့ကျတော့ လဲ ATM ထဲထည့်ထားရင် ထုတ်လို့ခက် လို့ATM ထဲထည့်စုတယ် စသဖြင့် နည်းတွေ ရွေးဖို့လိုပါတယ်။ . တကယ်တော့ ဝင်ငွေ ရဲ့၁၀ ရာခိုင်နှုန်းကို စုလို့အနေအစား လုံးလုံး ကျပ်မသွားပါဘူး ဒါက ကျွန်တော့်ကိုယ်တွေ့ပါ။ ဒါပေမယ့် ပိုစုနိုင်အောင် အသုံးစရိတ်ကို သေချာလေး စည်းမျဉ်းလေး ထုတ်ဖို့လိုပါတယ်။ တစ်ချို့ကကျတော့လဲ အသုံးစရိတ်ကို မလျော့နဲ့ငွေကို သာပိုရှာ၊ အသုံး စရိတ်ကို ငွေ ပိုရှာဖို့တွန်းအားအဖြစ် သုံးလို့အကြံပေးကြပါတယ်။ ဒါပေမယ့် ဒါက လူတိုင်း အတွက အလုပ်မဖြစ်ပါဘူး အခြေအနေ ပေါ်လဲမူတည်ပါသေးတယ်။ ဒီတော့ အသုံးစရိတ်ကို ထိန်း ပါ။ . မှတ်မှတ်ရရ ကျွန်တော့်အဖြစ်အပျက်ကို ပြောရရင် ကျွန်တော် ဝန်ထမ်းဘ၀ လစာ နည်းနည်း လေး နဲ့အလုပ်ဝင် တဲ့ အချိန်တုန်းက ဆိုရင် ညစာ ကို အပြင် မှာ ပဲ စားရတဲ့ အတွက် ငွေ ကုန်ပါတယ်။ ဒါပေမယ့် ညစာ ကို တစ်ထောင် ဖိုး ထက်ပို ပြီး မစား ဘူး ဆိုတဲ့ rule ကို ကိုယ့်ဟာကိုယ် ပြဌာန်း ခဲ့ပြီး ရအောင် လိုက်နာခဲ့ရပါတယ်။ . ဟုတ်ပြီ..ငွေ လေး စစုလာပြီ ဆိုပါတော့.. နှစ်လ သုံးလ လောက်လဲနေရော ..လက်ထဲမှာ ငွေ ပိုပမာဏ လေး ရှိလာ ပါပြီ။ အဲ..လောကကြီး ရဲ့သဘာ၀ က ငွေ လေး နည်းနည်း ရှိလာပြီ ဆိုရင် ဒီငွေကို သုံးရစွဲ ရမယ့် ငွေ ကုန်ပေါက်တွေ အလိုလိုကို ရောက်လာတတ်တာပါပဲ။ အိမ်က လို လို ပြန်ပေးလိုက်ရတာ… သူငယ်ချင်းက ငွေ ချေးတာ.. ဟိုဟာ ဝယ်ချင်ဒီဟာ ဝယ်ချင် ဖြစ်လာတာ… လက်ကိုင်ဖုန်း အသစ် လဲ ချင်လာရတာနဲ့ဘာညာဖြစ်လာပါတော့တယ်။ ဒီအဆင့်ဟာ လူအတော်များများ ကျရှုံးတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီ အဆင့်ကို တောင့်မခံ ထား နိုင်ဘူး မကျော် ဖြတ်နိုင်ဘူး ဆိုရင် ချမ်းသာဖို့ ခဏထား ငွေ ကြေး အဆင်ပြေတဲ့ ဘဝကို မရောက်ဘူး ဆိုတာ မြဲမြဲကြီး မှတ်လိုက်ပါတော့ ။ . တစ်ချိန်မှာတော့ ငွေ ကြေးချမ်းသာတဲ့ လုပ်ငန်းရှင်ကြီး ဖြစ်ချင်တယ် ။ ဒါပေမယ့် လက်ထဲ က စုငွေ လေးကိုတောင်မှ မကာကွယ်နိုင် မထိန်းသိမ်းနိုင်ဘူး ဆိုရင် လုပ်ငန်းရှင် အိမ်မက် ကပြန်အိပ် ပြီး အိမ်မက် ထဲမှာ ပဲ တည်ဆောက် လိုက်ပါ.. ပိုစိတ်ချမ်းသာရပါတယ်။ . ဟာ..ဒါဆိုဆရာ..တကယ့်ကို ဥပမာ ကျန်းမာရေး လို အခက်အခဲ…မိသားစု အရေး လို အခက် အခဲ ဆိုရင်ရော ကိုယ့်မှာငွေ ရှိနေရဲ့နဲ့ထုတ်မပေးပဲ သိမ်းထားရမှာလားလို့မေးကြပါတယ်။ ဟုတ်ကဲ့ သိမ်းထားပါ။ ဒီငွေ မရှိတော့တာနဲ့ ကိုယ့်အသက်ပါပျောက် သွား နိုင်လောက် တယ်လို့သာသဘောထားပြီး ထိန်းသိမ်းပါ။ အဲဒီ ကြုံလာတဲ့အခက်အခဲကို ငွေ ပိုရှာတာ ကိုယ့် အသုံးစရိတ်ထဲက ဖဲ့ ပြီး ပေးတာ မျိုးသာလုပ်ဖို့ကြိုးစားပါ။ . ဒါ့အပြင် ဒီနေ့လို နည်းပညာခေတ်ကြီးမှာ Google playstore ကနေ ငွေကြေးနဲ့ဆိုင်တဲ့ applicationတွေ များစွာ အခမဲ့ ရနိုင်ပါတယ်။ ဥပမာ Expenses Manager လို မျိုး app တွေ ကိုသုံးပါ၊ Expenses manager ထဲမှာ ဆိုရင် တစ်လ ဘယ်လောက် သုံးမယ် ဆိုတဲ့ budget အသုံးစရိတ် Plan တွေ ဆွဲ လို့ရတယ်။ တစ်ရက်ဘယ်လောက် သုံးမယ် ဆိုတဲ့ target တွေ ချ လို့ရတဲ့ အပြင် တစ်လ ကုန်တာနဲ့ဒီ လ ဘာတွေ မှာ ဘယ်လောက် သုံးခဲ့တဲ့ ဆိုတဲ့ Analysis တွေ ကို ပါ ထုတ်ပေးနိုင်ပါတယ်။ . နောက်တစ်ခါ ငွေ ပမာဏ လေး နည်းနည်းပိုများ လာပြီဆိုရင်တော့ အလွယ်တကူ သုံးမပစ် နိုင် အောင်ရယ် ပျောက်ဆုံး ပျက်စီး တာမျိုး နည်းအောင်ရယ်. ငွေ ကြေးဖောင်းပွတာကို လဲ ကာနိုင်အောင် ရယ် နည်းလမ်းလေးတွေ စဉ်းစားပြီး သုံးဖို့လိုပါတယ်. ဥပမာ ဘဏ်တွေ မှာ ခြောက်လ ပြန်ထုတ်လို့မရတဲ့ စာရင်းသေအပ်ငွေ အနေနဲ့အပ်ထားမယ်။ ဒါဆို ငွေ ကိုလဲ မထိဖြစ်ဘူး အတိုးနှုန်းလဲ ပိုရမယ်။ ဒါမှ မဟုတ် အလွယ်တကူ မသုံးဖြစ်အောင် ရယ် ဈေးတက်ရင် လဲ ပြန်ရောင်းလို့ရမယ် အဆင်တန်ဆာအနေနဲ့ လဲ ဝယ်လို့၇မယ် သွားလေရလဲ သယ်နိုင်မယ် ငွေ အဖြစ်လဲ အချိန်မရွေး ပြန်ပြောင်းလို့ရမယ့် ရွှေထည် အဖြစ် ပြောင်းလဲ ထားတာမျိုး စတာတွေ လုပ်ထားဖို့လိုပါတယ်။ . . ကဲ..ဒီအဆင့်တွေ ကို ဖြတ်သန်းနိုင်လို့ငွေ ပမာဏ နည်းနည်းကြီး ကြီးကိုရပြီ ဆိုရင်တော ဒုတိယ အဆင့်အနေနဲ့ဘယ်လို ရင်းနှီးမြုပ်နှံမှု တစ်ခု စလုပ်မလဲ ဆိုတာကို အဆင့် တက်ရွေးချယ်ရ တော့မှာ ပဲဖြစ်ပါတယ်။ . ဒီတော့ ….အမြဲ အမှတ်ရပါ…ငွေ စု ရခြင်းရဲ့ရည်ရွယ်ချက်ဟာ ရင်းနှီးမြုပ်နှံဖို့အတွက် ပဲ လို့အမြဲ အမှတ်ရပါ။ . သစ်တစ်ပင်ကောင်း ရင် ငှက်တစ်သောင်းနားနိုင်ပါတယ်။…အဲ..သို့ပေမယ်… ငှက်တစ်သောင်း အတွက် သစ်ပင်က အရင်ကောင်း ဖို့တော့ လိုအပ်ပါလိမ့်မယ်။ . ငွေကြေးအပူအပင် ကင်းသော ဘဝကို ရနိုင်ကြပါစေ။ . . Kaung Hein Soe Business Consultant

More from Kaung Hein Soe - Strategic

See all Kaung Hein Soe - Strategic ads
  • Kaung Hein Soe - Strategic Facebook ad: Passive Income ဖန်တီးချင်ပါသလား၊ ငွေနဲ့ပတ်သတ်တဲ့…

    Ran 12 days

    1 relaunch

  • Kaung Hein Soe - Strategic Facebook ad: လစာကောင်းရုံနဲ့ ချမ်းသာမလာပါဘူး

    Ran 7 days

  • Kaung Hein Soe - Strategic Facebook ad: ဆရာ Kaung Hein Soe - Strategic သင်ကြားသည့်ချက်ချင်း…

    Ran 20 days

  • Kaung Hein Soe - Strategic Facebook ad: ယနေ့ခေတ် စီးပွားရေး အဌာရသ (၁၈) မျိုး.

    Ran 18 days

Similar ads in Finance & Trading

See all Finance & Trading ads