

Active· since Jun 18, 2026
- 90
- days running
- 0
- relaunches
Ad copy
The Profit Maximizer Batch 1 : Digital Marketing ဖြင့် အမြတ်ငွေကို မြှင့်တင်ခြင်း အားလုံးတောင်ဆိုထားတဲ့ ကျွန်တော်ရဲ့ Zoom သင်တန်းဖွင့်ပါပြီ၊ ဒီဘက်ခေတ်မှာ စီးပွားရေးစလုပ်လာတဲ့ လုပ်ငန်းရှင်တွေအတွက် အရေးကြီးဆုံးအချက်ဆိုရင် ရောင်းအားတက်ဖို့၊ အမြတ်ပိုရဖို့ ဖြစ်ပါတယ်။ လစဥ်ရောင်းအားက တက်မလာဘူး၊ အမြတ်က တက်မလာဘူးဆိုရင် သေချာတယ် တစ်ခုခုမှာလိုအပ်ချက်ရှိလာနေပြီဖြစ်ပါတယ်၊ ဒီအတိုင်းဆက်သွားနေတယ်ဆိုရင်တော့ Inflation ကြောင့်၊ ဝန်ထမ်းလစာတွေကြောင့်၊ကုန်စျေးနှုန်းကြီးမားမှုတွေကြောင့် သေချာတယ်တစ်နှစ်အတွင်းဆို လုပ်ငန်းက အခြေအနေဆိုးလာပြီး ပိတ်သိမ်းသွားရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီဘက်ခေတ်မှာ Traditional အတိုင်းသွားလို့မရတော့ဘူးဆိုတာ အားလုံးလဲသိပြီးဖြစ်ပါတယ်၊ ဒီဘက်ခေတ်မှာက Digital ပေါ်ရောက်အောင်သွားကြတယ်ဆိုပေမယ့်လည်း သွားတဲ့လုပ်ငန်းတိုင်းက အဆင်ပြေတာမဟုတ်ပါဘူး၊ တစ်ချို့က ကျတော့ Digital ပေါ်သွားတယ်လို့သာဆိုကြတယ် Facebook မှာဆို Page လေးဖွင့်၊ TikTok မှာဆို Acc လေးဖွင့်ပြီး တင်ချင်တဲ့နေ့ Post မတင်ချင်တဲ့ နေ့ပျောက်သွားလိုက်နဲ့ လုပ်လို့ရမှာမဟုတ်ပါဘူး၊ Digital marketing လုပ်ပြီးရောင်းအားကောင်းဖို့ အမြတ်ပိုရဖို့ဆိုတာက တိကျတဲ့ Goal တွေ Plan တွေ Action တွေ လိုပါတယ်၊ ဒါတွေကို တစ်ဆင့်ခြင်းလုပ်ဆောင်မှလိုချင်တဲ့ ရောင်းအားတွေအမြတ်တွေရရှိမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ The Profit Maximizer သင်တန်းမှာဆိုရင်တော့ Digital Marketing မှာ ရောင်းအားပိုကောင်းဖို့ အမြတ်ပိုရဖို့ ဘယ် Channel တွေအဓိက သုံးသင့်လဲဆိုတာတွေ၊ Goal တွေ Plan တွေ Action တွေ အဆင့်ဆင့်ချမှတ်လုပ်ဆောင်ပုံတွေ၊ ဒီဘက်ခေတ်မှာလူတိုင်းသုံးတဲ့ Ai သုံးနည်းတွေကို 6 ပတ်တိတိ တစ်နေ့ကို 2 နာရီခွဲနှုန်း စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းက ဘယ်လိုလူတွေမတက်သင့်ဘူးလဲဆိုတော့ Goal တွေ Plan တွေ နဲ့မလုပ်ဆောင်ချင်တဲ့သူတွေ၊Digital ပေါ်မှာရောင်းအား အမြတ် မတိုးတတ်လိုတဲ့သူတွေ တက်သင့်တဲ့သင်တန်းတော့မဟုတ်ပါဘူး။ ဒီသင်တန်းကို သင်ကြားပေးမည့်ဆရာကတော့ Digital Marketing လောကမှာ 4 နှစ်ကျော်ကြာအတွေ့ကြုံရှိပြီး၊ Digital Marketing Training နဲ့ Consultant လောကမှာ 2 နှစ်ကျော်ကြာအတွေ့အကြုံရှိတဲ့ ဦးခန့်ကျော်ဇောကနေ သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကို အာမခံသင်ကြားပေးတဲ့စနစ်ဖြစ်တာကြောင့် သင်တန်းချိန် 2 ချိန်တက်ပြီး သင်တန်းက အကျိုးမရှိဘူးဆိုရင် သင်တန်းကြေးကို အမေးမြန်းမရှိချက်ချင်းပြန်အမ်းပေးသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းကို တက်သင့်တဲ့လူတွေကတော့ - Digital Marketing နှင့် ရောင်းအား အမြတ် တိုးတတ်လိုတဲ့လုပ်ငန်းရှင်တွေ - Digital Marketing ဖြင့် တစ်ခြားသူတွေကို Service ပေးလိုတဲ့ Digital Marketer တွေ Agency Owner တွေ - Digital Marketing နှင့် နောက်တစ်ဆင့်မြှင့်ချင်တဲ့ Professional တွေ တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။ The Profit Maximizer Batch 1 မှာ သင်ကြားပေးမည့်သင်ခန်းစာတွေကတော့ Day 1: The Foundation of Profit (Marketing အခြေခံနှင့် စီးပွားရေးသဘောတရားများ) •Marketing Basic: ရိုးရှင်းတဲ့ သီအိုရီတွေထက် လက်တွေ့စီးပွားရေးမှာ တကယ်အလုပ်ဖြစ်မယ့် Marketing အခြေခံသဘောတရားများ။ •ဖောက်သည်တွေရဲ့ စိတ်ပညာကို နားလည်ပြီး သူတို့လိုချင်တဲ့အရာကို အတိအကျ ပေးစွမ်းနိုင်မယ့် နည်းလမ်းများ။ Day 2: Words that Sell (ရောင်းအားတက်စေမယ့် Content နှင့် Copywriting လျှို့ဝှက်ချက်များ) •Content Writing & Copy Writing: လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ဝယ်ယူချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ စာသားတွေ ရေးသားနည်း။ •Brand ရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်တဲ့ Storytelling နည်းပညာများနှင့် ထိရောက်တဲ့ Copywriting ဖော်မြူလာများ။ Day 3: The Social Media Goldmine (Facebook နှင့် TikTok ကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်ခြင်း) •Facebook & Tiktok Marketing: မြန်မာနိုင်ငံရဲ့ အသုံးအများဆုံး Social Media Platform နှစ်ခုကို ပေါင်းစပ်ပြီး ဈေးကွက်ချဲ့ထွင်နည်း။ •Organic Reach ရရှိအောင် လုပ်ဆောင်နည်းများနှင့် Platform တစ်ခုချင်းစီရဲ့ Algorithm အလုပ်လုပ်ပုံကို နားလည်ခြင်း။ Day 4: Facebook Ads Mastery (ထိရောက်မှုအမြင့်ဆုံးဖြစ်စေမယ့် Facebook Boosting ဗျူဟာများ) •Facebook Boosting: ငွေကုန်ကြေးကျ သက်သာပြီး Target Audience ဆီကို အတိအကျရောက်ရှိစေမယ့် ကြော်ငြာ Run နည်းများ။ •Campaign ရည်ရွယ်ချက်များကို မှန်ကန်စွာ ရွေးချယ်ခြင်းနှင့် ကြော်ငြာရလဒ်များကို ပြန်လည်ဆန်းစစ်ခြင်း (Data Analysis)။ Day 5: TikTok Viral & Ads Formula (TikTok တွင် လူကြိုက်များပြီး ရောင်းအားတက်စေမယ့် နည်းလမ်းများ) •TikTok Boosting: TikTok ပေါ်တွင် မြန်မြန်ဆန်ဆန် လူသိများလာစေရန်နှင့် Follower များကို ဝယ်သူများအဖြစ် ပြောင်းလဲနည်း။ •TikTok Ads Manager ကို အသုံးပြု၍ ထိရောက်သော ကြော်ငြာများ ဖန်တီးခြင်း။ Day 6: The Future of Marketing (AI ကို အသုံးပြု၍ အချိန်ကုန်သက်သာပြီး အကျိုးအမြတ်နှစ်ဆတိုးခြင်း) •AI in Digital Marketing: ChatGPT အပါအဝင် AI Tool များကို အသုံးပြု၍ Content များ၊ Idea များနှင့် Marketing ဗျူဟာများကို လျင်မြန်စွာ ဖန်တီးခြင်း။ •အနာဂတ် Marketing လောကမှာ သူများထက် ခြေတစ်လှမ်းသာနေစေဖို့ AI ကို မိမိရဲ့ လက်ထောက်တစ်ယောက်လို အသုံးချနည်း တို့ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ကလည်း 350000 ကျပ်သတ်မှတ်ပေးထားပါတယ်၊ ပထမဆုံးအယောက် 20 အတွက်ကို သင်တန်းကြေး Discount တစ်ခုအပါအဝင် လက်ဆောင်တွေပါဝင်ပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို 2 နာရီခွဲနှုန်း၊ July 28 ကနေ September 21 ရက်နေ့ ထိ၊ အပတ်စဥ် Tuesday တိုင်း ညနေ 6:30 ကနေ 9:00 ထိ Zoom ကနေ အိမ်စာတွေတူတူလုပ်ရင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Batch တစ်ခုတက်ပြီးတိုင်း နောက် Batch တွေ Free Join ခွင့်ရမှာဖြစ်သလို သင်တန်းမတက်လိုက်ရတဲ့ နေ့တွေရှိရင်လည်း Recorded Video တွေ ပြန်လည်တင်ပေးမှာဖြစ်သလို မေးခွန်းတွေ Lifetime မေးလို့ရမှာဖြစ်ပါတယ်။
Like this ad? Make it yours.
Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.


