

Active· since Mar 22, 2026
- 127
- days running
- 0
- relaunches
Ad copy
ဟေမာန်ဆောင်းကုန်လို့ လေရူးသွဲ့သွဲ့မှာ 🍃သစ်ရွက်တွေ ရွက်ဝါလွှင့်လို့ တဖြုတ်ဖြုတ်ကြွေတဲ့ နွေးဦးဂိမာန်သို့ တဖြည်းဖြည်းနဲ့ ကူးပြောင်းလို့ ရောက်ရှိလာခဲ့ပါပြီ...🍂 နွေ...☀️ နွေဆိုတာ မြန်မာနိုင်ငံရဲ့ ရာသီဥတု သုံးပါးထဲမှာ ပူပြင်းတဲ့ရာသီဆိုတာ လူတိုင်းအသိပါ။ တစ်နှစ်ထက် တစ်နှစ် ပိုမိုပူပြင်းလာတဲ့ ဒီနွေမှာ ကလေးတွေကစလို့ ကိုကို၊ မမ၊ ဦးဦးဒေါ်ဒေါ်နဲ့ သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားတွေအထိ ကျန်းမာရေးထိခိုက်မှုမရှိစေဘဲ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်စေမယ့် ပန်ကာနဲ့ အဲကူလာလေးတွေရဲ့ အကျိုးသက်ရောက်မှုတွေကို တင်ပြပေးလိုက်ပါတယ်... 🔵ပန်ကာကို အကျိုးရှိရှိ သုံးနည်း✔️ ပန်ကာရှေ့မှာ ရေခဲတုံးထည့်ထားတဲ့ ဇလုံ ဒါမှမဟုတ် ရေအေးဖြည့်ထားတဲ့ ပုလင်းလေးတွေ ချထားပေးပါ။ ပန်ကာက လေတိုက်တဲ့အခါ ရေငွေ့အေးအေးလေးတွေပါလာပြီး အခန်းအပူချိန်ကို သိသိသာသာ လျော့ကျစေပါတယ်။ ပန်ကာကို လူဆီ တိုက်ရိုက်အကြာကြီး မှုတ်မထားပါနဲ့ (အထူးသဖြင့် ကလေးနဲ့ လူကြီး)။ အခန်းထဲက လေပူတွေကို အပြင်ထုတ်ဖို့ ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ဖွင့်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ပန်ကာအရွယ်အစား အကြီး/အသေး၊ လေအား အနည်း/အများပေါ်မူတည်ပြီး သက်ရောက်မှုခြားနားခြင်းတွေတော့ ရှိနိုင်ပေမဲ့ ဒီအတိုင်းပဲနေထိုင်မဲ့အစား ပန်ကာကို စနစ်တကျ အသုံးပြုခြင်းကလည်း အပူဒဏ်ကနေ သက်သာစေပါလိမ့်မယ်။ 🔵အဲကူလာ (Air Cooler) ကို အသုံးပြုပြီး အပူဒဏ်လျှော့ချကာ အေးမြစေခြင်း✔️ အဲကူလာ (Air Cooler) အသုံးပြုခြင်းကလည်း အပူဒဏ်လျှော့ချပြီး မြန်မြန်အေးမြစေနိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။ အဲကူလာတွေက ပန်ကာတွေနဲ့ မတူတာက ရေထည့်ပြီး အသုံးပြုရတာကြောင့် ထွက်ပေါ်လာတဲ့ လေတွေနဲ့အတူ ရေမှုန်/ရေငွေ့တွေကိုပါ ဖြန့်ကြက်ထုတ်လွှတ်ပေးတာမို့ အပူတွေကို လျော့ကျစေသလို မိမိတို့ ကိုယ်ခန္ဓာအပေါ် ထိတွေ့တဲ့အခါ ရေပတ်တိုက်ပေးသလိုမျိုး မြန်မြန်ဆန်ဆန် အေးမြစေပြီး အပူရှိန်ကြောင့် ခြောက်ခမ်းနေတဲ့ အသားရည်တွေကိုလည်း ပြန်လည်စိုပြေစေတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။ အဲကူလာတွေက ရေဝင်ဆံ့မှုပမာဏ အနည်း/အများ၊ သက်ရောက်မှုဧရိယာအပေါ်မူတည်ပြီး အမျိုးအစားအလိုက် ကွဲပြားခြားနားမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခုလို အရမ်းပူအိုက်ပြီး အပူဒဏ်အန္တရာယ်ရှိတဲ့အချိန်တွေမှာ ပန်ကာ (သို့မဟုတ်) အဲကူလာတွေ အသုံးပြုပေးခြင်းက သင်နဲ့ သင့်မိသားစုကို နေထိုင်ရတာ သက်တောင့်သက်သာရှိစေပြီး ကျန်းမာရေးဆိုးကျိုးတွေကို ပြေလျော့စေနိုင်ပါတယ်။ 😎 ခုလိုချိန်မှာ မိတ်ဆွေနဲ့ မိသားစုဝင်များ လက်ရှိ ကြုံတွေ့ခံစားနေရတဲ့ အပူဒဏ်တွေကို မြန်မြန်ချုပ်ငြိမ်းပြီး အေးမြစေချင်တယ်ဆိုရင်တော့ ... ကျွန်တော်တို့ 🏠The HOUSE မှာ အရည်အသွေးကောင်းမွန်ပြီး အာမခံအပြည့်နဲ့ မီးလာချိန်ပဲဖြစ်ဖြစ်၊ မီးပြတ်သွားချိန်မှာလည်းပဲ တာရှည် စိတ်ချသုံးစွဲနိုင်တဲ့ ပန်ကာတွေနဲ့ အဲကူလာလေးတွေ ရောင်းချပေးလျက်ရှိတာမို့ လာရောက်ကြည့်ရှု စမ်းသပ်ပြီး စိတ်တိုင်းကျ မေးမြန်းစုံစမ်း ရွေးချယ် ဝယ်ယူရရှိနိုင်ပါတယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ...🤗 The HOUSE [Smart Products, Live Better] 🏠 ရန်ကုန် - ဆိုင်အမှတ်(1) အမှတ် 678, မြေညီထပ်, မေတ္တာလမ်း၊ (9)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ☎️ : 09 780 650 061 ဆိုင်ဖွင့်ချိန် (နံနက် 9:00 မှ ညနေ 5:30 ထိ) 🏠 ရန်ကုန် - ဆိုင်အမှတ်(2) ဂမုန်းပွင့်(စံရိပ်ငြိမ်)၊ ဆိုင်အမှတ် (C-20)၊ (3-လွှာ)၊ ရန်ကုန်အင်းစိန်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ☎️: 09 780 651 266 ဆိုင်ဖွင့်ချိန် (နံနက် 9:00 မှ ညနေ 6:30 ထိ) 🏠 မန္တလေး ဆိုင်အမှတ် (1) 66 လမ်းမကြီး မေးတင်၊ 107 (A) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။ ☎️: 09 780 651 223 ဆိုင်ဖွင့်ချိန် (နံနက် 9:00 မှ ညနေ 5:30 ထိ) #The_HOUSE #Hot #Summer_time #reduce_heat_stress #health #family #for_cool_environment #humidity #Fan #Aircooler #INTOUCH #ACMA #Glacier #iMAX #Aircooler #Midea #THome #iMAX #Stand #Table #Fan #Rechargeable #AC_DC
Like this ad? Make it yours.
Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.


