ရွှေပေလွှာ စာပေ ad creative
ရွှေပေလွှာ စာပေ
ရွှေပေလွှာ စာပေ

Inactive· since Oct 21, 2025

100
days it ran
2
relaunches

Ad copy

Accounting For MBA စာအုပ်ထွက်ပါပြီ။ 🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥 အဆင့်မြင့် စာရင်းကိုင်ပညာရပ်ဆိုင်ရာလက်စွဲ 🎯 အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အဓိက သော့ချက်ကတော့ စာရင်းဇယား နိုင်နင်းခြင်းပါပဲ။ ဘောလုံးစကားနဲ့ ပြောရရင် Marketing က တိုက်စစ်ဆို Accounting က ခံစစ်ပါပဲ။ 🎯 🎯 မြန်မာနိုင်ငံရဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတတ်စေဖို့နဲ့ စနစ်တကျ မှန်ကန်သော နိုင်ငံတကာ Accounting Standard များနဲ့ အညီ စာရင်းမှတ်သားဖို့ MBA Series အနေနဲ့ Accounting ဘာသာရပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။🎯 🎯 လုပ်ငန်းတစ်ခု စတင်တည်ထောင်ပြီဆိုရင် ပထမဆုံးလုပ်ရမှာက မှန်ကန်တိကျတဲ့ Accounting Format ပုံစံ ချမှတ်ခြင်းပဲဖြစ်ပါတယ်။ မြန်မာစကားပုံလို အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပဲ စတင်လုပ်ကိုင် ကတည်းက စနစ်ကျလာပါမှ တဖြည်းဖြည်းနဲ့ လုပ်ငန်းကြီးထွားလာတဲ့အချိန်မှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်လို့ လုပ်ငန်းချဲ့ထွင်ရင်လည်း မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။🎯 ➖➖➖➖➖➖➖➖➖➖ 🎯 သင်ကြားရမည့် ဘာသာရပ်ခေါင်းစဉ်များ 🔹 Unit 1: Introduction to Accounting 🔹 Unit 2: Bookkeeping 🔹 Unit 3: Accounting Books 🔹 Unit 4: Components of Accounting System 🔹 Unit 5: Key Concepts of Accountancy 🔹 Unit 6: Income & Expenses 🔹 Unit 7: Trial Balance 🔹 Unit 8: Financial Statements 🔹 Unit 9: Balance Sheet 🔹 Unit 10: Income Statement 🔹 Unit 11: Cash Flow Statement 🔹 Unit 12: Accounting Pratical 🔹 Unit 13: A Simple Case Study 🔹 Unit 14: Challenge Final Project 🔹 Unit 15: Accounting Dictionary ➖➖➖➖➖➖➖➖➖➖ 🎯 အသေးစိတ် ပါဝင်သည့် အကြောင်းအရာများ ☑ Unit 1 Introduction to Accounting စာရင်းကိုင် Accounting ဘာသာရပ်ကို အခြေခံကနေ စတင်ပြီး သင်ကြားပို့ချပေးမှာ ဖြစ်ပြီး Accounting ပညာရပ်ရဲ့ အခေါ်အဝေါ်များ၊ Financial Transaction အမျိုးအစားများအကြောင်း၊ Accounting Method ရဲ့ အဓိက ကွဲပြားချက် နှစ်ချက်ဖြစ်တဲ့ Accrual နဲ့ Cash တို့ရဲ့ ကွားခြားချက်၊ အားနည်းချက်၊ အားသာချက်များ အကြောင်း၊ SME စီးပွားရေးလုပ်ငန်းတွေအတွက် Accounting ရဲ့ အရေးပါပုံ အကြောင်း၊ Accounting ကို အဓိက အသုံးပြုကြရတဲ့ Stakeholder များ အကြောင်းစသည့် အခြေခံများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 2 Bookkeeping စာရင်းမှတ်သားခြင်း Bookkeeping ရဲ့ အခြေခံ အကြောင်းအရာများ၊ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ထားရှိထားရမည့် စာရင်းစာအုပ်များ၊ Accounting Lifecycle အကြောင်း၊ Bookkeeping Systems အကြောင်း သိကောင်းစရာ၊ Journal Entries မှတ်သားပုံ၊ Double Entry System အတွက် လိုက်နာရမည့် စည်းကမ်းများ၊ Debit Vs Credit စာရင်းမှတ်သားပုံ၊ လိုက်နာရမည့် Bookkeeping Procedure, Bookkeeping မှာ ပါဝင်တဲ့ Component များအကြောင်း၊ စာရင်းခေါင်းစဉ် (Account Head) နဲ့ စာရင်းအုပ်စု (Chart of Accounts), General Ledger အကြောင်း စသည့် Bookkeeping သင်ခန်းစာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 3 Accounting Books စာရင်းတွေမှတ်သားဖို့ စာရင်းစာအုပ်တွေ လိုအပ်ပါတယ်။ ထည့်သွင်းမှတ်သားတဲ့အခါမှာလည်း သူ့စာအုပ်နဲ့သူ စည်းကမ်းတကျ မှတ်သားရပါတယ်။ Manual Accounting System မှာ စာရင်းတွေကို Primary နဲ့ Secondary စာအုပ်တွေမှာ ခွဲခြားမှတ်သားလေ့ရှိကြပါတယ်။ General Ledger နဲ့ Cash Book တို့ဟာ Primary Book တွေ ဖြစ်ကြပါတယ်။ Secondary Book တွေကတော့ Purchase Register, Sales Register, Fixed Assets Registers, Returns (Purchase return/Sales Return), Journal Register တို့ ဖြစ်ပါတယ်။ ဒီအခန်းမှာ စာရင်းစာအုပ်တွေအကြောင်းကို အသေးစိတ် လေ့လာသင်ယူရပါမည်။ ☑ Unit 4 Components of the Accounting System ဒီအခန်းမှာ Accounting နည်းပညာတွေရဲ့ အခြေခံအကျဆုံး အကြောင်းအရာတွေဖြစ်တဲ့ Double Entry, စာရင်းများကို ခွဲခြားခြင်း၊ Debit vs. Credit, Rule of Accounting, Assets, Liabilities, Equity, Income & Expense, Payroll, Accounts Payable, Account Receivable, Inventory အကြောင်းများနဲ့ Accounting မှာ အသုံးများတဲ့ Abbreviation စကားလုံး ဝေါဟာရများကို အဓိကထား လေ့လာသင်ယူကြရပါမည်။ ☑ Unit 5 Key Concepts of Accountancy Accounting System အကြောင်း၊ စာရင်းကိုင် တစ်ယောက်မှာ ရှိထားရမည့် အရည်အချင်းများ၊ စီးပွားရေးလုပ်ငန်းတွေမှာ Accountant တစ်ယောက်ရဲ့ မရှိမဖြစ် အရေးပါပုံ၊ Accounting ကို Outsourcing လုပ်သင့်တဲ့ အခြေအနေများ၊ Accounting Software များ အကြောင်း၊ Financial Accounting နဲ့ Management Accounting တို့ရဲ့ ကွာခြားချက်များ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပုံစံများ အကြောင်းစသည့် Accountancy Concept များ အကြောင်းကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 6 Income And Expense အမြတ်များများရချင်ရင် Income များအောင် လုပ်ရမှာ ဖြစ်ပြီး Expense ကို နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ Income ကို အိမ်ခေါင်းမိုး နဲ့ တင်စားပြီး Expense ကို အိမ်ကြမ်းပြင်နဲ့ ခိုင်းနှိုင်းကြပါတယ်။ Income ကို မြင့်နိုင်မျှ မြင့်ထားပြီး Expense ကို နိမ့်နိုင်သမျှ နိမ့်ထားမှသာ ကြားထဲက အမြတ်ပမာဏက ကြီးထွားလာမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဝင်ငွေနဲ့ ထွက်ငွေများ အကြောင်း၊ စီးပွားရေးလုပ်ငန်းမှာ ဝင်ထွက် စီးဆင်းနေတဲ့ ငွေသားများ အကြောင်းကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 7 Trial Balance စာရင်းများကို အုပ်စု (၅) ခု ခွဲပြီး လေ့လာခြင်း၊ Accounting Transaction များကို Recording ပြုလုပ်ခြင်း၊ တန်ဖိုးလျှော့ Depreciation ပြုလုပ်ရခြင်းရဲ့ အကြောင်းများ၊ လက်ရိုးစာရင်းကိုင်အကြောင်းကို လေ့လာခြင်း၊ Trial Balance ကို မထိခိုက်စေတဲ့ Error များ၊ လျာထားခြင်းနှင့် စာရင်းညှိနှိုင်းခြင်း (Provisions & Adjustings) စသည့် Trial Balance (အစမ်းရှင်းတမ်း) ပြုလုပ်ဖို့ ကြိုတင် ဆောင်ရွက်ရမည့် အရာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 8 Financial Statements Financial Statement ပြုလုပ်ဖို့ စာရင်းများကို ပြင်ဆင်ခြင်း၊ Financial Statement ထုတ်ရခြင်းရဲ့ အကြောင်းတရားများ၊ Income Statement (ဝင်ငွေရှင်းတမ်း) ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အကြောင်းအရာများ၊ Balance Sheet (လက်ကျန်ရှင်းတမ်း) ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အကြောင်းအရာများ၊ Cash Flow Statement (ငွေသားစီးဆင်းမှု) ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အကြောင်းအရာများ စသည် လချုပ် နှစ်ချုပ် ပြုလုပ်ခြင်းများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 9 Balance Sheet SOFP (Statement of Financial Position) လို့လည်း ခေါ်တဲ့ Balance Sheet ထုတ်ကြည့်ခြင်း၊ အခြေခံ Accounting Equation ဖြစ်တဲ့ Assets = Liabilities + Equity မှာ ပါဝင်တဲ့ အကြောင်းအရာများကို အသေးစိတ် လေ့လာခြင်း၊ Case Study အနေနဲ့ စားသောက်ဆိုင်တစ်ခုရဲ့ Balance Sheet ကို လက်တွေ့ ထုတ်ကြည့်ခြင်းကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 10 Income Statement Income Statement ကို မိတ်ဆက်သင်ကြားခြင်း၊ CoGS or Variable Expense အကြောင်း၊ Gross Margin or Gross Profit အကြောင်း၊ Fixed Expense များကို လေ့လာခြင်း၊ Net Profit အကြောင်း၊ တန်ဖိုးလျှော့ Depreciation များကို Expense အနေဖြင့် နှုတ်ခြင်းစသည့် Income Statement နှင့် ဆိုင်သည့် အကြောင်းအရာများကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 11 Cash Flow Statement ငွေသား စီးဆင်းမှု Cash Flow အကြောင်းကို လေ့လာခြင်း၊ Cash Flow Statement အတွက် လိုက်နာရမည့် အခြေခံ စည်းမျဉ်း စည်းကမ်းများ၊ Cash Inflow နှင့် Cash Outflow အကြောင်း၊ Operating Activities ခေါင်းစဉ်အောက်မှာ ပါဝင်တဲ့ Cash Flow များ၊ Financing Activities ခေါင်းစဉ် အောက်မှာ ပါဝင်တဲ့ Cash Flow များ၊ Investing Activities ခေါင်းစဉ်အောက်မှာ ပါဝင်တဲ့ Cash Flow များစသည့် Cash Flow နှင့် ဆိုင်သည့် အကြောင်းအရာ များကို ဒီအခန်းမှာ လေ့လာသင်ယူရပါမည်။ ☑ Unit 12 Accounting Pratical ဒီအခန်းမှာ Accounting ပိုင်းကို ပိုမို နားလည်သဘေ ာပေါက်စေဖို့ လက်တွေ့ Pratical လေး လုပ်ကြည့်ကြပါမယ်။ Transaction များကို Debit Vs Credit ခွဲခြားပြီး Ledger စာရင်းသွင်းခြင်း၊ Financial Statement အဖြစ် 1. Income statement, 2.Statement of owner’s equity, 3.Balance sheet, 4.Cash flow statement များ ထုတ်ကြည့်ခြင်းများကို Step By Step သင်ကြားပို့ချထားပါတယ်။ ☑ Unit 13 A Simple Case Study ဒီအခန်းမှာ ကျွန်တော်တို့ Case Study လေးတစ်ခုကို လက်တွေ့လုပ်ဆောင်ရင်းနဲ့ သင်ပြီးသမျှ Accounting Concept တွေကို ပိုပြီးတော့ မှတ်မိသွားအောင်၊ ပိုပြီးတော့ နားလည်အောင် ကြိုးစားကြမယ်။ Case Study လေးမှာ Siva က Computer ပစ္စည်းတွေရောင်းတဲ့ Business တစ်ခု စလုပ်တယ်။ Computer Spare Parts တွေ၊ နောက် Computer Stationery တွေ၊ Computer Accessory တွေ ရောင်းမှာပါ။ Transaction (၁၁) ခုကို Journal, Ledger, Trial Balance, Income Statement, Balance Sheet ထိ အဆင့်ဆင့် လုပ်ဆောင်သွားကြပါမယ်။ ☑ Unit 14 Challenge Final Project ဒီအခန်းမှာတော့ သင်တန်းသားတွေကိုယ်တိုင် ပြုလုပ်ရမည့် Case Study Project ကို ဖော်ပြပေးထား ပါတယ်။ အရင်ဆုံး Journal Entries အရင်သွင်းကြည့်ပါ။ Journal Entries တွေပြီးရင် Ledger သို့ ပြောင်းကြည့်ပါ။ Ledger ပြောင်းပြီးရင် Trial Balance ထုတ်ကြည့်ပါ။ ပြီးရင် Trading and Profit & Loss Account, Balance Sheet တို့ကို ထုတ်ကြည့်ပါ။ အစ အဆုံး မိမိဖာသာ ကိုယ်တိုင်လုပ်ကြည့်ပြီးမှ အဖြေတွေနဲ့ တိုက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Accounting အခြေခံတွေ ဖြစ်တဲ့ Journal နဲ့ Ledger Format တွေကို ပြန်လည် ရှင်းပြထားပါတယ်။ ☑ Unit 15 Accounting Dictionary စာရင်းကိုင် ဝေါဟာရတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားပါတယ်။ ဝယ်ယူ လေ့လာ သင်ယူ သင့်သူများ ✔ MBA ရဲ့ Accounting ဘာသာရပ်ကို စနစ်ကျကျ မြန်မာလို လေ့လာချင်သူများ ✔ပုံမကျ ပန်းမကျ မိရိုးဖလာ စီးပွားရေးလုပ်ငန်းကို Accounting နည်းစနစ်ဖြင့် ကုမ္ပဏီစတိုင် စံနစ်တကျ ဖြစ်ချင်သူများ ✔ မသမာမှုများကို ကြိုတင်ကာကွယ်ရန် အပ်တိုတစ်ချောင်းပျောက်တာကအစ Trace လိုက်နိုင်မည့် Accounting Format ချမှတ်ချင်သူများ ✔ စီးပွားရေးလုပ်ငန်းလုပ်နေပြီး Accounting သဘောတရား မသိသေးသူများ ✔ Accounting လေ့လာပြီး လုပ်ငန်းခွင်မှာ Accountant အဖြစ် ဝင်ရောက် လုပ်ကိုင်ချင်သူများ ✔ Online Shopping လုပ်နေပြီး စာရင်းဇယား ဘယ်လိုကိုင်ရမှန်း မသိဖြစ်နေသူများ ✔ လုပ်ငန်းကို ဝန်ထမ်းတွေနဲ့ပဲ လွှဲလို့ရအောင် Accounting Format ကို မှန်မှန်ကန်ကန် ချမှတ်ချင်သူများ ✔ MBA ရဲ့ Accounting ဘာသာရပ်တွေမှာ အင်္ဂလိပ်လိုသင်လို့ ပြည့်ပြည့်ဝဝ နားမလည်ဘဲ မြန်မာလို သင်ကြားပို့ချတာကိုမှ လိုချင်သူများ ✔ အစိုးရကို အခွန်ဆောင်ချင်တာဖြစ်ဖြစ်၊ တိုက်ခန်း၊ ကား အရစ်ကျ ဝယ်ယူချင်တာဖြစ်ဖြစ်၊ ဘဏ်ကနေ ချေးငွေ ထုတ်ချင်တာဖြစ်ဖြစ် ရရှိအောင် မိမိလုပ်ငန်းရဲ့ Financial Statement ကို Accounting Standard စနစ်ကျကျထုတ်တတ်ချင်သူများ ✔ LCCI, ACCA ဝင်ရောက် ဖြေဆိုချင်သူများ 📒 ရွှေပေလွှာ စာပေ 📒 စာအုပ်တန်ဖိုး - 20000 ကျပ် 📒 စာမျက်နှာ - 350 ☎️ Ph no - 09 262 873 002 , 099 519 419 89 👍အမြို့မြို့ဆိုင်တိုင်းတွင်ဝယ်ယူရရှိနိုင်ပါသည်။ #accounting #Account #accountingservices #accountingsoftware #accountinglife #accountingjobs #finance #inventorymanagementsoftware #inventory #inventorycontrol #InventoryManagement #bookkeeping #Cashier #Excel #MYOB #peachtree #PowerBI #LCCI

🪄Crush AI

Like this ad? Make it yours.

Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.

More ads from ရွှေပေလွှာ စာပေ

ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
99 Days
-Reach
3Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
5 Days
-Reach
2Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Active
14 Days
-Reach
1Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
30 Days
-Reach
1Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
128 Days
-Reach
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေ Ad — Ran 100 Days | Crush Ad Library