MmSolar.com Facebook ad: “သင့်အိမ်သုံး Solar အတွက်သင့်တော်တဲ့ဘက်ထရီမျိုး…”

Ran for 115 days, from April 30 to August 23, 2026, the last day Crush saw it.
Run by MmSolar.com on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 937007672490024
- Platforms
- Relaunches
- 0
- Niche
- Home & Garden
Ad text
သင့်အိမ်သုံး Solar အတွက်သင့်တော်တဲ့ဘက်ထရီမျိုး ဘယ်လိုရွေးချယ်မလဲ ? အိမ်သုံး Solar Panel System အတွက် သင့်တော်တဲ့ဘက်ထရီ ရွေးချယ်ခြင်း က အရေးကြီးဆုံးအပိုင်းတစ်ခုပဲဖြစ်ပါတယ်။ Battery မရွေးချယ်တတ်ရင် မီးမလုံလောက်တာ၊ battery ပျက်လွယ်တာ၊ ပိုက်ဆံပိုကုန်တာတွေ ဖြစ်နိုင်ပါတယ်။ MMSolar ကိုရွေးချယ်မယ်ဆိုလျှင်တော့ဒီအချက်တွေအတွက်ခေါင်းခြောက်စရာမလိုပဲ လိုအပ်တဲ့တွက်ချက်မှုတွေ၊ သင့်တော်မှန်ကန်မယ့်ရွေးချယ်မှုတွေကို ပညာရှင်များကဆွေးနွေးတိုင်ပင်အကြံပေးသွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆွေတို့ ဆိုလာတို့ဘက်ထရီတို့နဲ့ပါတ်သက်ပြီး အကြံဉာဏ်ကောင်း ဗဟုသုတတွေရရှိစေရန်အလို့ငှာ ဒီပို့စ်လေးကိုဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ 🔋 Solar Battery ရွေးချယ်ရာမှာ စဉ်းစားရမယ့် အချက်များ 1. ⚡ သုံးမယ့် မီးအား (Energy Usage) ပထမဆုံး ကိုယ့်အိမ်မှာ တစ်နေ့လျှင် ဘယ်လောက် unit (kWh) သုံးလဲ သိရပါမယ်။ 👉 ဥပမာ ။ ။ မီးပန်ကာ – 60W ၊ မီးလုံး – 10W ၊ TV – 100W ဒီလိုပစ္စည်းတွေကို ဘယ်နှစ်နာရီသုံးလဲတွက်ပြီး Total daily usage (kWh) ကိုအကြမ်းဖျင်းအားဖြင့် တွက်ချက်နိုင်ပါတယ်။ သို့သော် အသုံးပြုသည့် အမှတ်တံဆိပ်၊ ဆိုဒ်ပမာဏပေါ်ကွာခြားပြီး ထိုအသုံးအဆောင်များရဲ့ လိုအပ်တဲ့ Watt ပမာဏတွေလည်းကွဲပြားခြားနားနိုင်ပါတယ်။ ဒါကြောင့် တွက်ချက်ရာမှာ အသေးစိတ်နဲ့တိတိကျကျသိဖို့တော့လိုပါလိမ့်မယ်။ 2. 🔋 Battery Capacity (Ah / kWh) Battery capacity ဆိုတာ ဘက်ထရီအနေနဲ့ “မီးဘယ်လောက်သိုလှောင်နိုင်လဲ” ကိုဆိုလိုတာပါ။ ပုံမှန်အားဖြင့်ဆိုလျှင်တော့ အိမ်အသေးလေးများ → 1–3 kWh အိမ် အလယ်အလတ်များ → 3–8 kWh အိမ်ကြီးများ → 10 kWh+ အိမ်အသေး၊ အကြီးဆိုတာကလည်း ယေဘုယျအကြမ်းဖျင်းအားဖြင့်သုံးနှုန်းထားတာမျိုးပါ။ အိမ်ထဲမှာရှိတဲ့လူဦးရေပမာဏ၊ အသုံးပြုမည့် ပစ္စည်း အရေအတွက်ပမဏအစရှိသဖြင့်ကွဲပြားအုန်းမှာပဲဖြစ်ပါတယ်။ 👉 ဥပမာ 5 kWh လိုတယ်ဆိုရင် battery capacity အနည်းဆုံး 5 kWh ရှိရပါမယ်။ ပိုမိုတဲ့ပမဏရှိလျှင်တော့ ပိုစိတ်ချရတာပေါ့။ 3. 🔄 Depth of Discharge (DoD) DoD ဆိုတာ battery ကို ဘယ်လောက်ထိ အသုံးချလို့ရလဲ ဆိုတာပါ။ Lead-acid → ~50% Lithium → ~80–90% 👉 Lithium battery က ပိုအသုံးဝင်ပြီး battery life ပိုရှည်တယ်လို့တော်တော်များကယုံကြည်လက်ခံထားကြပါတယ်။ 4. 🔁 Battery Life (Cycle Life) Cycle life ဆိုတာ battery charge/discharge လုပ်နိုင်တဲ့ အကြိမ်အရေအတွက်ပါ။ Lead-acid → 500–1,000 cycles Lithium → 3,000–6,000 cycles 👉 Long-term သုံးမယ်ဆိုရင် Lithium battery ကပိုတန်ပါတယ်။ 5. 🔌 Voltage (12V / 24V / 48V) System size အပေါ်မူတည်ပါတယ်— Small system → 12V Medium → 24V Large → 48V 👉 Voltage မှန်မှန်ရွေးမှ system efficiency ကောင်းမှာဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာနဲပါတ်သက်တဲ့တွက်ချက်မှုတွေကတော့ အကြမ်းဖျင်းအားဖြင့်ပဲဖော်ပြထားပြီး မိတ်ဆွေတို့လိုအပ်ချက်တွေ၊ အသုံးပြုမှုတွေကိုသိရှိမှသာ တကယ်သင့်တော်တဲ့ ဆိုဒ်ကိုရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။ 6. 💰 Budget (ကုန်ကျစရိတ်) Lead-acid → ဈေးသက်သာ (short life) Lithium → ဈေးမြင့် (long life + performance ကောင်း) 👉 “Short-term vs Long-term” ကို စဉ်းစားပြီးရွေးချယ်စေချင်ပါတယ်။ အကယ်လို့ရွေးချယ်မှုမှားသွားတယ်ဆိုလျှင်လည်း ပြန်လဲရ၊ ပြင်ရနဲ့ ပိုပြီးကုန်ကျစရိတ်တွေများသွားတတ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ကွာလတီကော ၊ life သက်တမ်းကော၊ ပြုပြင်ထိန်းသိမ်းမှုပါသိပ်မလိုအပ်တဲ့ Lithium battery ကိုဈေးကွက်ထဲမှာပိုပြီးအားပေးသဘောကျလာကြတာပဲဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် Solar battery ရွေးချယ်တဲ့အခါမှာ— ✔ ကိုယ့်အိမ်ရဲ့ မီးသုံးနှုန်းကို သိပါ ✔ Capacity (kWh) ကိုမှန်ကန်စွာရွေးပါ ✔ Lithium vs Lead-acid ကို နှိုင်းယှဉ်ပါ ✔ Long-term cost ကိုစဉ်းစားပါ 👉 battery က system တစ်ခုလုံးရဲ့ performance ကို သက်ရောက်စေတဲ့အတွက်ကြောင့် မှန်ကန်တဲ့ရွေးချယ်မှုမျိုးပြုလုပ်နိုင်ရန် MMSolar မိသားစုမှဒီပို့စ်လေးကိုဝေမျှပေးလိုက်ပါတယ်။ အသေးစိတ်ကိုသိရှိလိုလျှင် ဒီဇိုင်းမှာဖော်ပြထားတဲ့ ဖုန်းနံပါတ်နဲ့လိပ်စာများမှာ လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ် Contact Us: 📞 09 880944149 📍 No. 518, U Myu Street, 121 Ward, East Dagon Township, Yangon Division. #MmSolar #Astronergy #SolarPanels #ဆိုလာပြား #ဆိုလာစနစ် #SolarPowerSystem #SmartHome #EcoFriendly #CleanEnergy #SolarProject
Where the ad sends people
MmSolar.com
Solar Energy Company







