

Active· since Jun 6, 2026
- 102
- days running
- 0
- relaunches
Ad copy
Speaking မှာ Sentence သိပေမယ့် ပါးစပ်ကမထွက်ဘူးလား? 🤐 IELTS Speaking ဖြေရင် Examiner တွေရှေ့မှာ ကြောက်လို့ဆိုပြီး ဘာမှမပြောဘဲ ထိုင်နေမှာလား? ဒါမှမဟုတ် Native Speaker တစ်ယောက်လိုမျိုး ဘာသာပြန်စရာမလိုတဲ့ Skill နဲ့ Speaking မှာ Band Score ကောင်းကောင်း ပိုင်ဆိုင်ချင်လား? ✨ Sentence တွေကို ခေါင်းထဲမှာ Grammar မှန်အောင် တစ်လုံးချင်းစီ ထိုင်စီနေတာ၊ Vocabulary တွေကို တစ်လုံးချင်းစီ ထိုင်ရွေးနေတာတွေက IELTS မှာ Speaking ဖြေတော့မယ်ဆိုရင် ကိုယ့်အတွက် အမှတ်တွေ အများကြီး လျော့စေနိုင်ပါတယ်။ တကယ်တမ်း ပြောရတော့မယ်ဆိုရင် ဒါတွေက အချိန်ပိုကြာစေသလို ကိုယ်က ပြောရမယ့် Sentence သိနေရင်တောင်မှ ပါးစပ်က မပြောရဲတာတွေ ဖြစ်နေတာပါ။ ကိုယ်က ဒီအချက်လေးတွေကိုသာ ပြင်နိုင်မယ်ဆိုရင် IELTS မှာ Speaking Test ဆိုတာ အလွယ်ဆုံးဖြစ်နေမှာပါ။ 💡 Speaking မှာ ကိုယ်က Band Score ကောင်းချင်တယ်ဆိုရင် ကိုယ်က ပြောရဲတဲ့ အလေ့အကျင့်ရှိနေမှ ဖြစ်တာပါ။ မှားမှာကြောက်လို့ဆိုပြီး English လို မပြောဘူးဆိုရင် တကယ်တမ်း Speaking Test ဖြေတော့မယ်ဆိုရင် အ.အိ.အု.အဲ ကနေ တက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ မှားမှာကြောက်တဲ့ စိတ်ကို ရိုက်ချိုးပြီး ကိုယ်က English လို စပြောရဲဖို့ လိုအပ်ပါတယ်။ Speaking မှာ အထောက်အကူဖြစ်ဖို့အတွက် Shadowing Method လို့ခေါ်တဲ့ Podcast ဒါမှမဟုတ် Talk Shows တွေကို နားထောင်ပြီး ကိုယ်က နောက်ကနေ လိုက်ပြောတာမျိုး လုပ်သင့်ပါတယ်။ ဒါက ကိုယ့်ရဲ့ ပါးစပ်ကြွက်သားတွေကို အလေ့အကျင့်ဖြစ်စေပြီး English လိုပြောတဲ့အခါ အထစ်အငေါ့မရှိဘဲ ချောချောမွေ့မွေ့ပြောနိုင်မှာပါ။ နောက်တစ်ချက်အနေနဲ့ စကားလုံးတွေကို တစ်လုံးချင်းစီ စဉ်းစားနေမယ့်အစား "I'm not sure but..."၊ "If I remember correctly..." စတဲ့ အသင့်သုံးလို့ရမယ့် စကားလုံးလေးတွေကို အလွတ်မှတ်ထားတာက Speaking ပြောတဲ့အခါ Blank မဖြစ်စေဘဲ ကျွမ်းကျွမ်းကျင်ကျင် ပြောလာနိုင်မှာဖြစ်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲ English စာနဲ့ အမြဲအလေ့အကျင့်ရှိနေဖို့အတွက် ကိုယ်သူငယ်ချင်းတွေနဲ့ လေ့ကျင့်တာမျိုး ဒါမှမဟုတ် မှန်ရှေ့မှာ တစ်ယောက်တည်းလေ့ကျင်တာမျိုးတွေက တကယ်တမ်း Speaking Test ဖြေရတော့မယ်ဆိုရင် အထောက်အကူတစ်ခုဖြစ်လာမှာပါ။ IELTS Speaking Test မှာ Fluency and Coherence က 25% အထိ အမှတ်ပေးတာမလို့ ကိုယ်က အထစ်အငေါ့မရှိဘဲ English လိုချောချောမွေ့မွေ့ပြောနိုင်မယ်ဆိုရင် ကိုယ့်အတွက် Speaking Test ဆိုတာ Band Score ကောင်းကောင်းရဖို့အတွက် သော့တစ်ချောင်းဖြစ်နိုင်ပါတယ်။ 🔑 IELTS is a strategy game, win with Hysan. 🏆 ခေါင်းထဲက Sentence တွေကို စကားလုံးတွေအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် အခုပဲ Diagnostic Test အတွက် စာရင်းပေးသွင်းလိုက်ပါ။ 📞 Ph: 09895535806 / 09775888420 #Hysan_IELTS #IELTSStrategy #SmartLearning #StrategyFirst #SuccessPath #Yangon #Mandalay #OnlineLearning #SpeakingTips #EnglishFluency #IELTSSpeaking
Like this ad? Make it yours.
Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.


