Skip to content
Gon Myanmar Learning Academy

Gon Myanmar Learning Academy Facebook ad: “ဂုဏ် ဟာ မြန်မာစာ 'ကျူရှင်' မဟုတ်ပါဘူး။”

Gon Myanmar Learning Academy Facebook ad: ဂုဏ် ဟာ မြန်မာစာ 'ကျူရှင်' မဟုတ်ပါဘူး။

Ran for 94 days, from May 17 to August 19, 2026, the last day Crush saw it.

Run by Gon Myanmar Learning Academy on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
966233816294959
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

“ဂုဏ်” ဟာ မြန်မာစာ 'ကျူရှင်' မဟုတ်ပါဘူး။ မိဘတော်တော်များများက "ဂုဏ်" ကို မြန်မာစာ 'ကျူရှင်' လို့ လာလာမေးတတ်ပါတယ် "ကျူရှင်" နဲ့ "Language School" ဟာ အပေါ်ယံကြည့်ရင် ဆင်တူတယ်ထင်ရပေမယ့် ကလေးတစ်ယောက်ရဲ့ ဘာသာစကားအပေါ် ခံစားပုံ၊ တတ်မြောက်ပုံနဲ့ အနာဂတ်မှာ အသုံးချနိုင်စွမ်းအပေါ်မှာ အလွန်ကြီးမားတဲ့ သက်ရောက်မှုကွာခြားချက်တွေ ရှိပါတယ်။ --- 🏫 ကျူရှင် ဆိုတာ... ❗️ အများအားဖြင့် ကျောင်းသင်ရိုးညွှန်းတမ်းကို အမီလိုက်နိုင်ဖို့နဲ့ စာမေးပွဲဖြေဆိုနိုင်ဖို့ကို အဓိကဦးတည်လေ့ရှိပါတယ်။ ❗️ သက်ဆိုင်ရာ Textbook ကိုပဲ အခြေခံသင်ကြားတယ်။ ❗️အိမ်စာတွေ တပွေ့တပိုက်ပေးပြီး လေ့ကျင့်စေတယ်။ ❗️လက်ရေးလှဖို့ စာမျက်နှာအလိုက် ရေးခိုင်းတယ်။ ❗️"ဒါကျက်၊ ဒါမေး" ဆိုတဲ့ ပုံစံနဲ့ စာမေးပွဲအတွက် ပြင်ဆင်ပေးတယ်။ ရလဒ်: ကလေးတွေဟာ ဘာသာရပ်ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်နိုင်ပေမယ့်၊ ဘာသာစကားရဲ့ အနှစ်သာရကို မခံစားမိဘဲ ပျင်းစရာကောင်းတဲ့ "ဘာသာရပ်" တစ်ခုအနေနဲ့ပဲ မြင်တွေ့သွားတတ်ပါတယ်။ --- 🎓 ဘာသာစကားကျောင်း (Language School) ဆိုတာ... Language School ကတော့ ဘာသာစကားတစ်ခုကို စာမေးပွဲအောင်ဖို့ထက် ပိုပြီး တကယ်တတ်ကျွမ်း၊ တကယ်အသုံးချနိုင်ဖို့ အထိ ရည်ရွယ်သင်ကြားပေးပါတယ်။ ✅ ဘာသာစကားတစ်ခုရဲ့ အခြေခံအကျဆုံး Skill (၄) ခု (အနာအကြား / အပြောအဆို / အရွတ်အဖတ် / အရေးအသား ) ကနေ စတင်သင်ကြားပေးတယ်။ ✅ ကလေးရဲ့ လက်ရှိအရည်အချင်းကို သိနိုင်ဖို့ Level Test တွေနဲ့ စနစ်တကျ စစ်ဆေးပေးတယ်။ ✅ ဘာသာစကားတစ်ခုတည်းသာမက အဲ့ဒီ ဘာသာစကားရဲ့ နောက်ကွယ်က ယဉ်ကျေးမှု (Culture)၊ ဓလေ့ထုံးတမ်းနဲ့ သမိုင်းပုံပြင်တွေကိုပါ ပေါင်းစပ်သင်ကြားပေးတယ်။ ✅ ဘာသာစကားတစ်ခုလုံးကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် နားလည်သွားစေပါတယ်။ --- ✨ ဒါဆို "ဂုဏ်" က ဘာကြောင့် Language School စစ်စစ်ဖြစ်တာလဲ? "ဂုဏ်" မှာတော့ အပေါ်မှာပြောခဲ့တဲ့ Language School တစ်ခုရဲ့ အရည်အသွေးတွေအတိုင်း သင့်ကလေးကို မြန်မာစာနဲ့ မိတ်ဆက်ပေးနေပါတယ်။ ✅ ခေတ်မီကိုယ်ပိုင်သင်ရိုး: ကျောင်းသုံးစာအုပ်တွေထက်ပိုပြီး ကလေးတွေရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်တဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းသစ်တွေနဲ့ သင်ကြားပေးပါတယ်။ ✅ ပျော်စရာ Games & Activities: "ဂုဏ်" ကနေ သီးသန့်ဖန်တီးထားတဲ့ မြန်မာစာနဲ့ဆိုင်တဲ့ Games တွေ၊ ကစားနည်းတွေ၊ လှုပ်ရှားမှုတွေနဲ့ သင်ယူရမှာဖြစ်လို့ စာသင်ချိန်တိုင်းဟာ ကလေးတွေအတွက် ပျော်စရာကစားချိန်တစ်ခုလိုပါပဲ။ ✅ အကောင်းဆုံးရလဒ်: ဒီလိုသင်ကြားမှုတွေကြောင့် သင့်ကလေးဟာ... သင်ယူနေတယ်လို့တောင် မခံစားရဘဲ ဘာသာစကားတစ်ခုကို ချစ်ခင်သွားစေဖို့၊ စာမေးပွဲဖြေဖို့သက်သက်မဟုတ်ဘဲ နေ့စဉ်ဘဝမှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်တဲ့အထိ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးက မြန်မာစာကို ပျင်းစရာ "ကျူရှင်ဘာသာရပ်" တစ်ခုအနေနဲ့မဟုတ်ဘဲ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ "ဘာသာစကား" တစ်ခုအဖြစ် ရှာဖွေတွေ့ရှိအောင် ကျွန်တော်တို့ “ဂုဏ်” နဲ့အစပြုလိုက်ပါ။ 👑ဂုဏ်နဲ့အတူ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑 #မြန်မာစကား #မြန်မာဘာသာစကား #မြန်မာစာပေ #မြန်မာစာ #ဂဏ #Gon #gon #ပျော်ရွှင်လွယ်ကူစွာမြန်မာစာသင်ယူပါ

More from Gon Myanmar Learning Academy

  • Gon Myanmar Learning Academy Facebook ad: ကိုယ့်ကလေးကို Report Card မှာ

    Ran 106 days

Similar ads in Parenting & Kids

See all Parenting & Kids ads