12min Notes Myanmar Facebook ad: “Profits Max Program”

Ran for 4 days, from August 5 to August 8, 2026, the last day Crush saw it.
Run by 12min Notes Myanmar on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 1027198083510540
- Platforms
- Facebook, Instagram, Audience Network and Threads
- Relaunches
- 0
Ad text
💢 ထိုင်းကို ပြောင်းလာမှ (ဒါမှမဟုတ်) လက်ရှိအခြေအနေမှာ Business လုပ်ရတာ ပိုခက်သွားတယ်လို့ ခံစားနေရလား? မိတ်ဆွေတစ်ယောက်တည်း မဟုတ်ပါဘူး။❌ အရင်က မြန်မာပြည်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေခဲ့တာတွေက ဈေးကွက်အသစ် (New Market)၊ ပြိုင်ဆိုင်မှု ပိုပြင်းထန်တဲ့ ပတ်ဝန်းကျင် (Competitive Environment) ကို ရောက်သွားတဲ့အခါ အလုပ်မဖြစ်တော့တာတွေ တွေ့လာရပါလိမ့်မယ်။🫨 ဘာကြောင့်လဲ? "ငါ့ Product က ကောင်းတယ်။ ငါ မှန်မှန်ကန်ကန်ရောင်းတယ်။ ဒါကြောင့် ငါ့ဆီက ဝယ်သင့်တယ်" ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့ သွားလို့မရတော့လို့ပါပဲ။❌ ဒါဆို ထိုင်းက လုပ်ငန်းတွေ၊ ကမ္ဘာက Brand ကြီးတွေက ဘာလို့ ဒီလောက် ရောင်းကောင်းနေလဲ? သူတို့ Product က သင့်ထက် အမြဲကောင်းနေလို့လား? မဟုတ်ပါဘူး။❌ 💢သူတို့က သင်မသိသေးတဲ့ "လျှို့ဝှက်လက်နက်" တစ်ခုကို သုံးနေလို့ပါ။ အဲ့ဒါကတော့ "လူတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ 🧠စိတ်ပညာ" ကို နားလည်တာပါပဲ။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ ဒီနေ့ ကျွန်တော် မိတ်ဆွေကို အဲ့ဒီ "လျှို့ဝှက်လက်နက်" ဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း လုပ်ငန်းရှင်တွေ၊ Marketing, Advertising Director ကြီးတွေ လေ့လာလိုက်စားနေရတဲ့ ပညာရပ်နယ်ပယ်တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကိုနားလည်သွားရင် မိတ်ဆွေရဲ့ ဈေးကွက်ကို မြင်တဲ့အမြင် လုံးဝပြောင်းလဲသွားစေရမယ်လို့ အာမခံပါတယ်။ ✅ ❝ လူတွေက ယုတ္တိရှိရှိ မဆုံးဖြတ်ဘူး။ ခန့်မှန်းလို့ရတဲ့ ပုံစံတွေနဲ့ အမှားတွေ ပြုလုပ်ကြတယ် ❞ ဒီစကားက ကျွန်တော်တို့ လေ့လာမယ့်ပညာရပ်တွေရဲ့ အဓိကအနှစ်ချုပ်ပါ။ 💢 သင်ထင်ထားမှာက "ဈေးသက်သာရင် လူတွေဝယ်တယ်" "Quality ကောင်းရင် လူတွေဝယ်တယ်" ပေါ့။ တကယ်တမ်းတော့... 📌 လူတွေက 9,900 Baht ဆိုရင် 10,000 Baht ထက် "အများကြီး" သက်သာတယ်လို့ ခံစားရတယ်။ (တကယ်တော့ 100 Baht ပဲကွာတာ) 📌 လူတွေက "Best Seller" လို့ တံဆိပ်ကပ်ထားတာ ဒါမှမဟုတ် "Sold Out" ဖြစ်တော့မယ်ဆို ပိုဝယ်ချင်ကြတယ်။ (တကယ်ကောင်းလား မကောင်းလား မသိသေးဘူး) 📌 Menu တစ်ခုမှာ ဈေးအကြီးဆုံး အစားအစာတစ်ခု ထည့်ထားတာက အဲ့ဒါကို ရောင်းချင်လို့ မဟုတ်ဘဲ၊ "ဒုတိယ ဈေးအကြီးဆုံး" ကို ဈေးတန်တယ်လို့ ထင်ပြီး ဝယ်သွားစေချင်လို့ပါ။ မြင်လား? ဒါတွေအားလုံးဟာ "တိုက်ဆိုင်မှု" မဟုတ်ပါဘူး။ ❌ တမင်တကာ ဒီဇိုင်းဆွဲထားတဲ့ စိတ်ပညာတွေပါ။🧠 ▂▂▂▂▂▂▂▂▂▂▂▂▂▂ ဒီပညာရပ်တွေကို စုစည်းထားတဲ့ နယ်ပယ်တွေရှိပါတယ်။ 1. Behavioral Science (အပြုအမူဆိုင်ရာသိပ္ပံ) & Behavioral Economics (BE) ဒါက နယ်ပယ်အားလုံးရဲ့ အမေကြီးလိုပါပဲ။ "လူတွေက ဘာကြောင့် ဒီလိုပြုမူတာလဲ?" "ဘာကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလဲ?" ... ဆိုတာကို စီးပွားရေး၊ စိတ်ပညာ၊ လူမှုဗေဒ အကုန်ပေါင်းပြီး လေ့လာတာပါ။ BE က ဘာပြောလဲ? လူတွေက ပိုက်ဆံနဲ့ပတ်သက်လာရင် "တွက်ချက်" တတ်တဲ့ စက်ရုပ်တွေ မဟုတ်ဘူး။ သူတို့က "စိတ်ခံစားချက်" (Emotion)၊ "သိမြင်မှု အားနည်းချက်" (Cognitive Bias) တွေနဲ့ ဆုံးဖြတ်တာများတယ်လို့ ဆိုပါတယ်။💢 ဥပမာ (Charm Pricing) ဈေးနှုန်းကို 10,000 လို့ မတပ်ဘဲ 9,999 ဒါမှမဟုတ် 9,900 လို့ တပ်တာ။ 🧠ဒါကို တွေ့နဲ့ သင့်ဦးနှောက်က "ဪ 9,000 တန်း" လို့ အရင်ဆုံး မှတ်လိုက်ပါတယ်။ 10,000 နားနီးနေပြီလို့ မတွေးမိတော့ပါဘူး။ - - - - - - - - - - - - - - - - - - - - - 2. Pricing Psychology (ဈေးနှုန်းသတ်မှတ်ခြင်း စိတ်ပညာ) ဒါက BE ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ "ဈေးနှုန်း" ကို လူတွေရဲ့ စိတ်က ဘယ်လို တုံ့ပြန်လဲ ဆိုတာကို သီးသန့်လေ့လာတာပါ။ ဥပမာ (The Decoy Effect) ရုပ်ရှင်ရုံမှာ... Small Popcorn - 3,000 Large Popcorn - 7,000 ဒီလိုရောင်းရင် လူအများစုက Small ကိုပဲ ဝယ်ကြပါတယ်။ ဒါပေမယ့်... Small Popcorn - 3,000 Medium Popcorn - 6,500 (ဒါက Decoy ထောင်ချောက်ပါ) Large Popcorn - 7,000 ဒီလိုရောင်းလိုက်တာနဲ့ လူအများစုက "ဟင်... Medium နဲ့ Large က 50 cents ပဲကွာတာ၊ Large ပဲ ယူလိုက်တော့မယ်" ဆိုပြီး 7,000 တန်ကို ဝယ်သွားကြပါတယ်။ ပစ်မှတ်က Large ကို ရောင်းရဖို့ပါ။ 🧠 Medium ကို ထည့်လိုက်တာက Large ကို "ပိုတန်တယ်" လို့ ခံစားရအောင် "နှိုင်းယှဉ်" ခိုင်းလိုက်တာပါ။ - - - - - - - - - - - - - - - - - - - - - 3. Choice Architecture (ရွေးချယ်မှု တည်ဆောက်ပုံ) ဒါက ကျွန်တော် အကြိုက်ဆုံး ပညာရပ်တစ်ခုပါ။ "လူတွေကို ဘာဝယ်ပါ" လို့ အတင်းအကျပ် မတိုက်တွန်းဘဲ၊ သူတို့ဘာသာသူတို့ ကိုယ်ရောင်းချင်တဲ့ ပစ္စည်းကို "အလွယ်တကူ" ရွေးချယ်သွားအောင် ပတ်ဝန်းကျင်ကို တည်ဆောက်ပေးတာပါ။ ဥပမာ (Menu Design) ထိုင်းစားသောက်ဆိုင်ကောင်းကောင်းတွေရဲ့ Menu ကိုကြည့်ပါ။ သူတို့ရောင်းချင်တဲ့၊ အမြတ်အများဆုံးရတဲ့ (High-profit) Item ကို ညာဘက်အပေါ်ထောင့်မှာ၊ ဒါမှမဟုတ် ဘောင်အကြီးကြီးခတ်ပြီး "Chef's Recommendation" ဆိုပြီး ထားပေးတတ်ပါတယ်။ ဒါက သင့်မျက်လုံး အရင်ဆုံးကျအောင်၊ ဒါကိုပဲ အရင်ဆုံး စဉ်းစားမိအောင် "လမ်းကြောင်း" ပေးလိုက်တာပါ။🧠 Shopee, Grab Food တို့မှာ "Best Seller" "Top Rated" "500+ bought this week" လို့ ပြတာတွေ၊ "Only 3 left in stock" လို့ ပြတာတွေ အားလုံးဟာ Choice Architecture ပါပဲ။ သင့်ကို "လူအများစု ရွေးနေတာမို့ ဒါက ရွေးချယ်မှု အမှန်ပဲ" (Social Proof) "မဝယ်ရင် လက်လွတ်သွားမယ်" (Scarcity) ဆိုတဲ့ စိတ်ခံစားချက်တွေပေးပြီး ဆုံးဖြတ်ချက်ချခိုင်းတာပါ။🤯 - - - - - - - - - - - - - - - - - - - - - 4. Applied Psychology (အသုံးချ စိတ်ပညာ) ဒါကတော့ ဒီနယ်ပယ်တွေအားလုံးရဲ့ အခြေခံပါ။ ✔ "Social Proof" (လူအများစု လုပ်တာ လိုက်လုပ်ချင်စိတ်)၊ ✔ "Scarcity" (ရှားပါးရင် ပိုတန်ဖိုးထားစိတ်)၊ ✔ "Authority" (ကျွမ်းကျင်သူ၊ ဆရာဝန်၊ Expert က ညွှန်းရင် ပိုယုံတဲ့စိတ်) ... စတာတွေကို Marketing နဲ့ Sales မှာ ဘယ်လို လက်တွေ့အသုံးချမလဲ လေ့လာတာပါ။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🤔 ဒီတော့... မိတ်ဆွေတို့ ဘာဆက်လုပ်သင့်လဲ? ဒီပညာရပ်တွေက မြန်မာပြည်က လုပ်ငန်းရှင်တွေ၊ Professionals တွေနဲ့ အရမ်းစိမ်းနေပါသေးတယ်။ ဒါပေမယ့် မိတ်ဆွေ ပြောင်းရွှေ့ရောက်ရှိသွားတဲ့ ထိုင်းလို၊ စင်္ကာပူလို နိုင်ငံတွေက 7-Eleven ကအစ၊ လမ်းဘေးက ဆိုင်သေးသေးလေးတွေအဆုံး... ဒီ ပညာရပ်တွေကို (သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ) နေ့စဉ်နဲ့အမျှ အသုံးချနေကြပါတယ်။🤯 ဒါကြောင့်မို့... ✅ သင်ယူပါ။ ဒီပညာရပ်တွေက "လှည့်စားဖို့" မဟုတ်ပါဘူး။ ကိုယ့် Customer တွေရဲ့ လိုအပ်ချက်ကို ပိုနားလည်အောင်၊ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ Product/Service ကို သူတို့ "လွယ်လွယ်ကူကူ" ရွေးချယ်နိုင်အောင် ကူညီပေးတဲ့ ပညာရပ်တွေပါ။ ✅ လေ့လာပါ။ ဒီ Post ကို ဖတ်ပြီးတာနဲ့ မိတ်ဆွေ Grab Food Menu တွေ၊ Shopee/Lazada က Product Page တွေ၊ Supermarket က ဈေးနှုန်း ကပ်ထားပုံတွေကို သေချာလိုက်ကြည့်ပါ။ "ဘာကြောင့် သူတို့ ဒီလိုလုပ်ထားတာလဲ?" ဆိုတာကို စဉ်းစားကြည့်ပါ။ ✅ စမ်းသပ်ပါ။ ကိုယ့်လုပ်ငန်းမှာ အသေးစား စမ်းသပ်မှုတွေ လုပ်ကြည့်ပါ။ ဥပမာ - ကိုယ့် Online Shop မှာ ဈေးနှုန်းကို 50,000 လို့ မရေးဘဲ 49,500 လို့ ပြောင်းရေးကြည့်ပါ။ ရောင်းအားကွာသွားမလား စောင့်ကြည့်ပါ။ - - - - - - - - - - - - - - - - - - - - - ဒီပညာရပ်တွေက ပင်လယ်ကြီးလိုပါပဲ။ ဒါက အစပျိုး မိတ်ဆက်ပေးတာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီနေ့ ဒီ Post ကို ဖတ်ပြီးတဲ့ မိတ်ဆွေဟာ မနေ့ကထက် ပိုအမြင်ကျယ်သွားပြီ၊ ဈေးကွက်ကို ပိုနားလည်တဲ့ လုပ်ငန်းရှင်၊ Professional တစ်ယောက် ဖြစ်သွားပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။💯 - - - - - - - - - တကယ်လို့ သင်က... ဒီအဆင့်မြင့်ပညာရပ်တွေကို မြန်မာလို အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ဦးဦးဖျားဖျား ရယူအသုံးချချင်တယ်ဆိုရင်တော့ သတင်းကောင်းရှိနေပါပြီ။💢 ✅ ဖန်တီးချိန်နာရီပေါင်း ၁၀၀၀ ကျော်နဲ့ ✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ ✅ ကမ္ဘာကျော် Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို 12min Notes Myanmar (Est. 2019) က အသစ်ဖန်တီးလိုက်တဲ့ "မြန်မာ့ပထမဆုံး” Profits Max Program တစ်ခုတည်းမှာ အဆီအနှစ်ထုတ်ထားပြီး အဆင်သင့် ရယူနိုင်ပါပြီ။💯 - - - - - - - - - - - - - - - - - - - - - ဒါပေမယ့်… ⚠️ ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။❌ ဘာလို့လဲဆိုတော့... ဒီ Program ကြီးကပေးတဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးတွေအားလုံးကို ပြည့်ပြည့်ဝဝ ရယူနိုင်ဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirements) တွေ ရှိထားလို့ပါ။ 💢 ဒီအချက်တွေထဲက အနည်းဆုံးတစ်ချက်နဲ့ ကိုက်ညီမှသာ ဒီ Profits Max Program ကြီးကို လေ့လာသင့်ပါတယ်။👇 ✅ (၁) လစဥ် လုပ်ငန်းရောင်းအား သိန်း (၁၀၀) အထက် (သို့မဟုတ်) လစဥ် Customer (၁၀၀) အထက်ကို ရောင်းချဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ Marketers များ။ ✅ (၂) အခြားစီးပွားရေးလုပ်ငန်း (၁၀) ခု အထက်ကို B2B ဝန်ဆောင်မှုပေးနေသော Agency Owner များ၊ Business Coach & Consultant များ။ ✅ (၃) High-Ticket Clients (၃) ဦးအထက် ကူညီဝန်ဆောင်မှုပေးနေတဲ့ Elite Business Coach များ။ ✅ (၄) Applied Consumer Psychology နှင့် Behavioral Science များကို မိမိ၏လုပ်ငန်းတွင် ပေါင်းစပ်အသုံးချပြီး အကျိုးအမြတ်တိုးပွားလာအောင်ဖန်တီးဖို့ တကယ်ကို စိတ်အားထက်သန်သူများ။ - - - - - - - - - - - - - - - - - - - - - ကိုယ်နဲ့ကိုက်ညီမှုရှိတယ်ဆိုရင် ဒီလင့်ခ်မှာ အသေးစိတ်လေ့လာပါ။👇 https://www.facebook.com/12minNotes/posts/1149466227349406
Where the ad sends people
m.me
Profits Max Program🚀
Learn more: facebook.com(opens in a new tab)










