12min Notes Myanmar Facebook ad: “မိတ်ဆွေတစ်ယောက်က ကော်ဖီဆိုင်ဖွင့်ထားတယ်။”

Ran for 1 day, from August 9 to August 10, 2026, the last day Crush saw it.
Run by 12min Notes Myanmar on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 1692247605183796
- Platforms
- Facebook, Instagram, Audience Network, Messenger, WhatsApp and Threads
- Relaunches
- 2
Ad text
မိတ်ဆွေတစ်ယောက်က ကော်ဖီဆိုင်ဖွင့်ထားတယ်။ အရသာလည်းကောင်းတယ်၊ ဈေးလည်းသင့်တယ်။ ဒါပေမဲ့ လူသိပ်မဝင်ဘူး။ ➡ ဒါနဲ့ သူ "Buy 1 Get 1" Promotion လုပ်တယ်။ ခဏတော့ လူစည်လိုက်ပေမယ့် Promotion ရပ်တာနဲ့ လူပြန်ကျဲသွားတယ်။😰 ➡ ပိုက်ဆံအကုန်ခံ၊ Influencer Marketing လုပ်တယ်။ ခဏတော့ လူစည်ပြီး ဝယ်သူနည်းသွားပြန်တယ်။😥 တစ်ဖက်မှာ သူ့ဆိုင်နဲ့မလှမ်းမကမ်းက ဆိုင်တစ်ဆိုင်က ဈေးလည်းပိုကြီးတယ်၊ ကော်ဖီအရသာလည်း သိပ်မထူးဘူး။ ဒါပေမဲ့ အမြဲတမ်း လူအပြည့်ပဲ။ ဘာကွာသွားတာလဲ❓ ဒီမေးခွန်းရဲ့အဖြေက "Marketing လုပ်တာညံ့လို့" မဟုတ်ပါဘူး။❌ "လူတွေရဲ့ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ" ဆိုတာကို နားမလည်လို့ပါ။💢 - - - - - - - - - - အမှန်တကယ်က − "Customer တွေ ဘာလို့မဝယ်တာလဲ?" ဆိုတဲ့မေးခွန်းရဲ့အဖြေက Marketing မှာမရှိဘဲ Psychology မှာ ရှိနေတာပါ။🤯 ▂▂▂▂▂▂▂▂▂▂▂▂▂▂ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ Marketer တွေလုပ်နေကြတဲ့ အကြီးမားဆုံးအမှားက "လူတွေက ယုတ္တိရှိရှိ (Logical) စဉ်းစားပြီး ဆုံးဖြတ်ချက်ချတယ်" လို့ ထင်နေတာပါပဲ။💢 ကျွန်တော်တို့က − "ငါ့ Product/Service က ပိုကောင်းတယ်၊ ဈေးပိုတန်တယ်၊ ဒါကြောင့် လူတွေ ငါ့ဆီက ဝယ်သင့်တယ်" လို့ တွေးတယ်။ ဒါပေမယ့် လက်တွေ့မှာ... ❌ လူတွေက "ယုတ္တိ" (Logic) နဲ့ မဝယ်ပါဘူး။ သူတို့က ✅ "စိတ်ခံစားမှု" (Emotion)၊ ✅ "အလိုလိုသိစိတ်" (Intuition) နဲ့ ✅ "ဦးနှောက်ရဲ့ ဖြတ်လမ်းနည်း" (Mental Shortcuts & Heuristics) တွေနဲ့ အရင်ဆုံးဖြတ်ရွေးချယ်ပြီးမှ၊ 💢 "Logic" ကို ကိုယ့်ဆုံးဖြတ်ချက် မှန်ကန်ကြောင်း အကြောင်းပြချက်အနေနဲ့ပဲ နောက်မှသုံးကြတာပါ။ - - - - - - - - - - ဒီအကြောင်းတရားတွေကို လေ့လာတဲ့ပညာရပ်တွေကို စုပေါင်းပြီး "Behavioral Economics" လို့ခေါ်ပါတယ်။✅ ဒီမှာ ဆက်စပ်နယ်ပယ်ခွဲတွေ အများကြီးရှိတယ်။ ၁။ Behavioral Science (လူ့အပြုအမူဆိုင်ရာသိပ္ပံ) ၂။ Applied Psychology (အသုံးချစိတ်ပညာ) ၃။ Marketing & Pricing Psychology (စီးပွားရေးစိတ်ပညာ) ၄။ Choice Architecture (ရွေးချယ်မှုဆိုင်ရာ တည်ဆောက်ပုံ) ဒီပညာရပ်တွေက ဘာကိုပြလဲဆိုတော့... "လူတွေ တကယ်တမ်း ဘယ်လို 🧠ဆုံးဖြတ်ချက်ချသလဲ" ဆိုတဲ့ အမှန်တရားပါပဲ။💯 ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🧠 စီးပွားရေးလုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ ဦးနှောက်ရဲ့ "လျှို့ဝှက်ချက်" (၃) ခု ဒီပညာရပ်တွေက ဘယ်လောက် အစွမ်းထက်သလဲဆိုတာ နမူနာသုံးခုနဲ့ ပြောပြချင်ပါတယ်။ ၁။ "ဈေးနှုန်း" ထက် "ဈေးနှုန်းကိုတင်ပြပုံ" က ပိုအရေးကြီးတယ် (Pricing Psychology) မိတ်ဆွေရဲ့ Product တစ်ခုကို ၃၀၀၀၀ ကျပ် နဲ့ရောင်းမလား၊ ၂၉၉၀၀ ကျပ် နဲ့ရောင်းမလား? "၁၀၀ ပဲကွာတာ ဘာထူးမှာလဲ" လို့ ထင်ပါသလား။ အရမ်းထူးပါတယ်။ ကျွန်တော်တို့ ဦးနှောက်က ဘယ်ကနေ ညာကို ဖတ်ပါတယ်။ ➡ ၂၉၉၀၀ ကိုတွေ့တဲ့အခါ ဦးနှောက်က "၂ သောင်းကျော်" (20,000-range) လို့ အရင် မှတ်လိုက်ပါတယ်။ ➡ ၃၀၀၀၀ ကိုတွေ့မှ "၃ သောင်း" (30,000-range) လို့မြင်တာပါ။ ဒီ "၁၀၀ ကျပ်" က ဈေးနှုန်းအရ ဘာမှမကွာပေမယ့်၊ Customer ရဲ့ စိတ်ထဲမှာ ခံစားရတဲ့ "ဈေးနှုန်းဆိုင်ရာ နာကျင်မှု" (Price Perception) ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ 😮 ဒါကို "Charm Pricing" လို့ခေါ်ပါတယ်။ ဒါက Behavioral Science ရဲ့ သေးငယ်တဲ့ နမူနာတစ်ခုပဲ ရှိပါသေးတယ်။ - - - - - - - - - ၂။ ရွေးချယ်စရာ "များလွန်းခြင်း" က ရောင်းအားကို "ကျစေတယ်" (Choice Architecture) ကျွန်တော်တို့က Customer ကို ရွေးချယ်စရာ (Options) တွေ အများကြီးပေးရင် ဝယ်သူတွေ ပိုကြိုက်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ ... ရွေးချယ်စရာတွေ အရမ်းများသွားတဲ့အခါ (ဥပမာ - Menu စာအုပ်ကြီးက အရမ်းထူနေတာ၊ Product အမျိုးအစား ၃၀ လောက် တစ်ပြိုင်တည်း ပြထားတာ) Customer တွေ "Decision Fatigue" (ဆုံးဖြတ်ချက်ချရမှာ မောပန်းသွားခြင်း) ဖြစ်သွားပါတယ်။ နောက်ဆုံး ဘာဖြစ်သွားလဲ? 🙄 "တော်ပြီကွာ၊ နောက်မှပဲ စဉ်းစားတော့မယ်" ဆိုပြီး ဘာတစ်ခုမှ မဝယ်တော့ဘဲ ဆိုင်ထဲက ထွက်သွားတတ်ပါတယ်။ အောင်မြင်တဲ့ Brand တွေကိုကြည့်ပါ။ ✔ သူတို့က Product Line ကို အရမ်းရှင်းအောင်၊ ရွေးရလွယ်အောင် တည်ဆောက်ထားပါတယ်။ ✔ ဒါကို "Choice Architecture" (ရွေးချယ်မှုတည်ဆောက်ပုံ) လို့ခေါ်ပါတယ်။ Customer ကို "ဘာဝယ်ရမှန်းမသိ" ဖြစ်အောင် မလုပ်ဘဲ၊ "ဒါလေးကတော့ မိတ်ဆွေအတွက် အသင့်တော်ဆုံးပဲ" လို့ ခံစားရအောင် လမ်းကြောင်းပေးတာပါ။ - - - - - - - - - ၃။ လူများခြင်းက "ယုံကြည်မှု"ကို တည်ဆောက်တယ် (Social Proof) Marketing လုပ်တဲ့အခါ "ကျွန်တော်တို့ Product က အကောင်းဆုံးပါ" လို့ ကိုယ့်ကိုယ်ကိုယ် ပြောတာထက် အဆ ၁၀၀ ပိုထိရောက်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "တခြားလူတွေရဲ့ သက်သေပြမှု" (Social Proof) ပါ။ ✔ "ဒီ Product ကို လူပေါင်း ၁၀၀၀ ကျော် ဝယ်ယူအသုံးပြုပြီးပါပြီ" ✔ "ဒီလရဲ့ Best Seller ကတော့ ဒီ Menu ပါပဲ" ✔ နာမည်ကြီးတဲ့သူတစ်ယောက်က သုံးသပ်ပေးတဲ့ Authentic Review လူ့ဦးနှောက်က အသစ်အဆန်းတစ်ခုကို စမ်းသပ်ဖို့ (Risk) မယူချင်ပါဘူး။ ဒါပေမယ့် "တခြားလူတွေ အများကြီး" ဒီဟာကို သုံးနေပြီ၊ ကြိုက်နေပြီဆိုတာ သိလိုက်ရတဲ့အခါ၊ "ဒါဆို ငါ့အတွက်လည်း အဆင်ပြေမှာပါ" ဆိုတဲ့ "လုံခြုံစိတ်ချမှု" (Safety & Trust) ကို ချက်ချင်း ခံစားရပါတယ်။💯 ဒါက "Applied Psychology" ကို Marketing မှာ သုံးတာပါ။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🚀 ဒီပညာရပ်တွေက Myanmar Business တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ? ဒီနေ့ခေတ်က "Product Quality" တစ်ခုတည်းနဲ့၊ "ဈေး" တစ်ခုတည်းနဲ့ ယှဉ်ပြိုင်ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ❌ Customer Experience၊ Brand Loyalty နဲ့ Perception (သူတို့က ကိုယ့်ကို ဘယ်လိုမြင်သလဲ) ဆိုတာတွေနဲ့ပါ ပြိုင်နေရတာပါ။ ✅ ❌ Behavioral Science ဆိုတာ Customer ကို "လှည့်စားဖို့" (Manipulation) မဟုတ်ပါဘူး။ ဒါက... 🧠 ကိုယ့် Customer တွေရဲ့ လိုအပ်ချက်၊ ကြောက်ရွံ့မှု၊ နဲ့ ဆုံးဖြတ်ချက်ချတဲ့ပုံစံကို နက်နက်နဲနဲ နားလည်စေတဲ့ အဆင့်မြင့်ပညာရပ်ပါ။ 🧠 ဒီပညာရပ်တွေက မိတ်ဆွေရဲ့လုပ်ငန်းအတွက် "လူသားဦးနှောက်ရဲ့ အသုံးပြုနည်းလမ်းညွှန်" (User Manual for the Human Brain) တစ်ခုလိုပါပဲ။ - - - - - - - - - - - - - - - - - - - - - 💢 ကိုယ့် Client တွေကို ဘယ်လိုပြောရင် ကိုယ်ပြောသလိုလုပ်ချင်လာအောင် ဆွဲဆောင်နိုင်မလဲ? (Psychology) 💢 ကိုယ့် Product (or) Service ကို ဈေးမလျှော့ဘဲ "ပိုတန်တယ်" လို့ Customer က ဘယ်လိုခံစားရအောင် လုပ်မလဲ? (Behavioral Economics) 💢 ကိုယ့် Marketing စာသားကို ဘယ်လိုပြောင်းလိုက်ရင် Customer က "ဒါ ငါ့အတွက်ပဲ" လို့ ခံစားရစေမလဲ? (Applied Psychology) ဒါတွေအားလုံးက − ❌ "ကံ" (Luck) နဲ့ "ထင်မြင်ချက်" (Opinion) ပေါ် မူတည်နေတာ မဟုတ်ဘဲ၊ ✅ ပညာရှင်တွေ နှစ်ပေါင်းများစွာလေ့လာထားတဲ့ ဝယ်ယူမှုအပြုအမူဆိုင်ရာ "သိပ္ပံ" (Science) နဲ့ "Data" ပေါ် မူတည်နေတာပါ။💯 - - - - - - ဒီနေ့ ကျွန်တော်မျှဝေခဲ့တာက ဒီအံ့ဩစရာကောင်းတဲ့ ပညာရပ်ကြီးရဲ့ "ရေခဲတောင်ထိပ်တစ်စွန်းတစ်စ" (Tip of the iceberg) ပဲ ရှိပါသေးတယ်။🤯 ဒီပညာရပ်တွေကို နားလည်ကျွမ်းကျင်စွာ အသုံးချနိုင်တာဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအတွက် "Next Level" ကို တက်လှမ်းဖို့ အကြီးမားဆုံးသော "Strategic Advantage" ဖြစ်လာမှာ သေချာပါတယ်။✨ - - - - - - - - - - - - - - - - - - - - - အကယ်၍ သင်က... ဒီအဆင့်မြင့်ပညာရပ်တွေကို မြန်မာလို အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ဦးဦးဖျားဖျား ရယူအသုံးချချင်တယ်ဆိုရင်တော့ သတင်းကောင်းရှိနေပါပြီ။💢 ✅ ဖန်တီးချိန်နာရီပေါင်း ၁၀၀၀ ကျော်နဲ့ ✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ ✅ ကမ္ဘာကျော် Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို 12min Notes Myanmar (Est. 2019) က အသစ်ဖန်တီးလိုက်တဲ့ "မြန်မာ့ပထမဆုံး” Profits Max Program တစ်ခုတည်းမှာ အဆီအနှစ်ထုတ်ထားပြီး အဆင်သင့် ရယူနိုင်ပါပြီ။💯 - - - - - - - - - - - - - - - - - - - - - ဒါပေမယ့်… ⚠️ ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။❌ ဘာလို့လဲဆိုတော့... ဒီ Program ကြီးကပေးတဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးတွေအားလုံးကို ပြည့်ပြည့်ဝဝ ရယူနိုင်ဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirements) တွေ ရှိထားလို့ပါ။ 💢 ဒီအချက်တွေထဲက အနည်းဆုံးတစ်ချက်နဲ့ ကိုက်ညီမှသာ ဒီ Profits Max Program ကြီးကို လေ့လာသင့်ပါတယ်။👇 ✅ (၁) လစဥ် လုပ်ငန်းရောင်းအား သိန်း (၁၀၀) အထက် (သို့မဟုတ်) လစဥ် Customer (၁၀၀) အထက်ကို ရောင်းချဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ Marketers များ။ ✅ (၂) အခြားစီးပွားရေးလုပ်ငန်း (၁၀) ခု အထက်ကို B2B ဝန်ဆောင်မှုပေးနေသော Agency Owner များ၊ Business Coach & Consultant များ။ ✅ (၃) High-Ticket Clients (၃) ဦးအထက် ကူညီဝန်ဆောင်မှုပေးနေတဲ့ Elite Business Coach များ။ ✅ (၄) Applied Consumer Psychology နှင့် Behavioral Science များကို မိမိ၏လုပ်ငန်းတွင် ပေါင်းစပ်အသုံးချပြီး အကျိုးအမြတ်တိုးပွားလာအောင်ဖန်တီးဖို့ တကယ်ကို စိတ်အားထက်သန်သူများ။ - - - - - - - - - - - - - - - - - - - - - ကိုယ်နဲ့ကိုက်ညီမှုရှိတယ်ဆိုရင် ဒီလင့်ခ်မှာ အသေးစိတ်လေ့လာပါ။👇 https://www.facebook.com/12minNotes/posts/1149466227349406











