Skip to content
12min Notes Myanmar

12min Notes Myanmar Facebook ad: “လူတွေရဲ့ဦးနှောက်ကို Hack နေတဲ့ Streaming အင်ပါယာကြီး (A…”

12min Notes Myanmar Facebook ad: လူတွေရဲ့ဦးနှောက်ကို Hack နေတဲ့ Streaming အင်ပါယာကြီး (A…

Ran for 1 day, from February 15 to February 16, 2026, the last day Crush saw it.

Run by 12min Notes Myanmar on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1791673128195270
Platforms
Facebook, Instagram and Messenger
Relaunches
1

How we count

Ad text

🧠 လူတွေရဲ့ဦးနှောက်ကို Hack နေတဲ့ Streaming အင်ပါယာကြီး (A Deep Dive Case Study) Netflix ဆိုတာ Movie Streaming App တစ်ခုပဲ ဟုတ်ရဲ့လား? မိတ်ဆွေ... ဒီလိုအဖြစ်မျိုး ကြုံဖူးတယ်မလား။ "ဒီညတော့ တစ်ပိုင်းပဲကြည့်ပြီး အိပ်တော့မယ်" လို့ ဆုံးဖြတ်ချက်ချပြီး Netflix ကို ဖွင့်လိုက်တယ်။ သတိပြန်ဝင်လာတဲ့အချိန်မှာ မိုးလင်းနေပြီး ဇာတ်လမ်းတွဲ တစ်ခုလုံး ပြီးသွားတာမျိုးလေ။ ❌ ဒါဟာ မိတ်ဆွေ အလိုလိုက်လွန်းလို့၊ စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာ မဟုတ်ပါဘူး။ 🧠 ဒါဟာ Netflix က မိတ်ဆွေရဲ့ ဦးနှောက်ကို အဲဒီလိုဖြစ်အောင် တမင်တကာ ဒီဇိုင်းဆွဲထားလို့ပါပဲ။ ⭐ Netflix ဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး Streaming Service ဖြစ်ရုံသာမကပါဘူး။ သူတို့ဟာ Applied Psychology, Nudge Theory, Behavioral Science တွေကို အကောင်းဆုံး ပေါင်းစပ်ထားတဲ့ ကုမ္ပဏီတစ်ခုပါ။ 🧠 ❌ သူတို့ရဲ့ အဓိကပြိုင်ဘက်က Amazon Prime တို့ HBO တို့ Disney+ တို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အဓိကပြိုင်ဘက်က "Sleep" (လူတွေရဲ့အိပ်ချိန်) ဖြစ်တယ်လို့ CEO Reed Hastings ကိုယ်တိုင် ပြောဖူးပါတယ်။ 🤯 ဒီအမိုက်စား Case Study မှာ Netflix က လူတွေရဲ့ စိတ်ကို ဆွဲဆောင်ဖို့၊ စွဲလမ်းစေဖို့ ဘယ်လို စိတ်ပညာလှည့်ကွက်တွေကို သုံးထားလဲဆိုတာကို သိပ္ပံနည်းကျ သုတေသနတွေနဲ့ ယှဉ်ပြီး အပိုင်း (၃) ပိုင်းခွဲ ရှင်းပြပေးပါမယ်။ (ဒီ Case Study က 12min Notes Myanmar ရဲ့ တန်ဖိုးအကြီးဆုံး Profits Max Program ကြီးထဲကနေ ထုတ်နုတ်ဖော်ပြထားတာပါ။) ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🔺 အပိုင်း (၁) - The Zeigarnik Effect & The Power of Defaults (ဇာတ်သိမ်းမပြဘဲ ဆွဲထားခြင်းနှင့် အလိုအလျောက်စနစ်) မိတ်ဆွေ စဉ်းစားကြည့်ဖူးလား... ဇာတ်လမ်းတွဲတစ်ခု ကြည့်နေရင်း အပိုင်းတစ်ပိုင်း ပြီးသွားတိုင်း နောက်တစ်ပိုင်းကို မနှိပ်ဘဲနဲ့ ဘာလို့ ဆက်ကြည့်ဖြစ်သွားတာလဲ။ 🧠 The Psychology Behind It: ဒီနေရာမှာ Netflix သုံးသွားတဲ့ အဓိက လက်နက်ကြီး ၂ ခုရှိပါတယ်။ ၁။ The Zeigarnik Effect: ၁၉၂၀ ပြည့်လွန်နှစ်တွေတုန်းက ရုရှားစိတ်ပညာရှင် Bluma Zeigarnik က စားသောက်ဆိုင်တစ်ခုမှာ ထူးခြားတဲ့အချက်တစ်ခုကို သတိထားမိခဲ့ပါတယ်။ စားပွဲထိုးတွေဟာ လူတွေ ဘာမှာထားလဲဆိုတာကို အစားအသောက် မရောက်မချင်း အတိအကျ မှတ်မိနေကြတယ်။ ဒါပေမဲ့ စားပြီးသွားလို့ ဘေလ်ရှင်းပြီးတာနဲ့ ချက်ချင်း မေ့သွားကြရော။ ဒီကနေ သူတွေ့ရှိခဲ့တာက "လူသားတွေရဲ့ ဦးနှောက်ဟာ ပြီးပြတ်သွားတဲ့ အလုပ်တွေထက် မပြီးပြတ်သေးတဲ့၊ တန်းလန်းဖြစ်နေတဲ့ အလုပ်တွေကို ပိုပြီး စွဲမြဲစွာ မှတ်မိနေတတ်တယ်" ဆိုတာပါပဲ။ ဒါကို Zeigarnik Effect လို့ ခေါ်ပါတယ်။ 🛑 Netflix က ဒါကို ဘယ်လိုသုံးလဲ? Netflix စီးရီးတော်တော်များများရဲ့ အပိုင်းတိုင်းဟာ Cliffhanger လို့ခေါ်တဲ့ အထွတ်အထိပ် အခန်း၊ သိချင်စရာအခန်းမှာ ရပ်သွားလေ့ရှိပါတယ်။ ဇာတ်လမ်းက မပြီးသေးဘူး။ တန်းလန်းကြီး ဖြစ်နေတယ်။ ဒီတော့ မိတ်ဆွေရဲ့ ဦးနှောက်က မပြီးပြတ်သေးတဲ့ကိစ္စကို အဖြေရှာချင်နေတော့တာပေါ့။ "နောက်ဘာဆက်ဖြစ်မလဲ" ဆိုတဲ့ သိချင်စိတ် (Curiosity Gap) က မိတ်ဆွေကို အိပ်ခွင့်မပေးတော့ပါဘူး။ − − − − − − − − − − ၂။ The Power of Defaults (Status Quo Bias): နောက်ထပ် သုတေသနတစ်ခုကတော့ Nobel ဆုရှင်တွေဖြစ်တဲ့ Richard Thaler နဲ့ Cass Sunstein တို့ရဲ့ Nudge Theory ပါ။ လူတွေဟာ ပျင်းကြပါတယ်။ ဆုံးဖြတ်ချက်ချရမှာ ဝန်လေးကြတယ်။ ဒါကြောင့် အရာရာကို Default (မူလသတ်မှတ်ချက်) အတိုင်း ထားလိုက်ရတာကို ပိုသဘောကျကြပါတယ်။ 🛑 Netflix က ဒါကို ဘယ်လိုသုံးလဲ? အပိုင်းတစ်ခုပြီးတာနဲ့ "Autoplay" (၅ စက္ကန့်အတွင်း နောက်တစ်ပိုင်း အလိုအလျောက်လာမည့်စနစ်) ကို သုံးလိုက်ပါတယ်။ မိတ်ဆွေအနေနဲ့ ဆက်မကြည့်ချင်ဘူးဆိုမှ "Cancel" ကို နှိပ်ရမှာပါ။ ဘာမှမလုပ်ဘဲ နေလိုက်ရင်တော့ ဆက်ကြည့်ဖြစ်သွားမယ့် Default အခြေအနေကို ဖန်တီးထားတာပါ။ ဒါဟာ Cognitive Friction (ပွတ်တိုက်အား/အတားအဆီး) ကို လုံးဝ သုညဖြစ်အောင် လျှော့ချလိုက်တာပါပဲ။ − − − − − − − − − − 🧠 Scientific Backings: 👉 Bluma Zeigarnik's Experiment (1927): ပါဝင်သူတွေကို ပဟေဠိတွေ ဖြေရှင်းခိုင်းပြီး တချို့ကို အလယ်မှာ ရပ်ခိုင်းလိုက်တဲ့အခါ၊ အလုပ်ပြီးသွားသူတွေထက် အလုပ်မပြီးဘဲ ရပ်လိုက်ရသူတွေက ပဟေဠိအကြောင်း ၉၀% ပိုမှတ်မိနေကြောင်း တွေ့ရှိခဲ့ပါတယ်။ 👉 Johnson & Goldstein (2003): "Do Defaults Save Lives?" ဆိုတဲ့ သုတေသနမှာ ကိုယ်တွင်းအင်္ဂါ လှူဒါန်းဖို့အတွက် Opt-in (ဝင်ပါမယ်လို့ ရွေးရတာ) နဲ့ Opt-out (မပါချင်မှ ထွက်ရတာ) နိုင်ငံတွေကို ယှဉ်ကြည့်တဲ့အခါ Opt-out (Default အနေနဲ့ လှူဒါန်းဖို့ သတ်မှတ်ထားတဲ့) နိုင်ငံတွေမှာ လှူဒါန်းသူ ရာခိုင်နှုန်း အဆမတန် များနေတာကို တွေ့ရှိခဲ့ပါတယ်။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ အပိုင်း (၂) - The Paradox of Choice & Personalization (ရွေးချယ်စရာများခြင်း၏ ဒုက္ခနှင့် တစ်သီးပုဂ္ဂလဝန်ဆောင်မှု) "ဘာကြည့်ရမှန်း မသိဘူးကွာ" ဆိုပြီး ရွေးရင်းရွေးရင်းနဲ့ နာရီဝက်လောက် ကုန်သွားဖူးလား။ ဒါကို စိတ်ပညာမှာ Analysis Paralysis လို့ ခေါ်ပါတယ်။ 🧠 The Psychology Behind It: စိတ်ပညာရှင် Barry Schwartz ရေးသားခဲ့တဲ့ "The Paradox of Choice" စာအုပ်မှာ ဖော်ပြထားတာက - "ရွေးချယ်စရာတွေ များလွန်းရင် လူတွေက ပျော်ရွှင်ရမယ့်အစား စိတ်ဖိစီးပြီး ဘာမှ မရွေးချယ်နိုင်ဖြစ်သွားတတ်တယ်" တဲ့။ 🛑 Netflix က ဒါကို ဘယ်လိုဖြေရှင်းလဲ? Netflix မှာ ရုပ်ရှင်ပေါင်း ထောင်သောင်းချီ ရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေ ဖွင့်လိုက်ရင် အကုန်လုံးကို မမြင်ရပါဘူး။ မိတ်ဆွေ ကြိုက်နိုင်လောက်တဲ့ အရာတွေကိုပဲ ရွေးထုတ်ပြီး ပြပေးထားတာပါ။ ဒါကို Hyper-Personalization လို့ ခေါ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက Thumbnail (ရုပ်ရှင်ကာဗာပုံ) တွေပါပဲ။ Netflix ဟာ မိတ်ဆွေရဲ့ အရင်ကြည့်ခဲ့တဲ့ history ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ခုတည်းကိုပဲ မတူညီတဲ့ ပုံတွေနဲ့ ပြပါတယ်။ ဥပမာ - မိတ်ဆွေက အချစ်ကားတွေ ကြိုက်ရင် "Stranger Things" ကားကို ပြတဲ့အခါ Nancy နဲ့ Jonathan ရိုမန်တစ် ဆန်နေတဲ့ပုံကို ပြပါလိမ့်မယ်။ မိတ်ဆွေက ဟာသကားတွေ ကြိုက်ရင်တော့ ကလေးတွေ ရယ်စရာလုပ်နေတဲ့ ပုံကို ပြပါလိမ့်မယ်။ ဒါဟာ မိတ်ဆွေကို "ရွေးချယ်ရခက်ခဲမှု" ဒုက္ခကနေ ကယ်တင်ပေးလိုက်ပြီး "ဒါ ငါနဲ့ လိုက်မယ့်ကားပဲ" ဆိုတဲ့ ခံစားချက် (Cocktail Party Effect) ကို ချက်ချင်း ပေးလိုက်တာပါ။ − − − − − − − − − − 🧠 Scientific Backings: 👉 The Jam Study (Iyengar & Lepper, 2000): စူပါမားကတ်တစ်ခုမှာ ယိုပုလင်း ၆ မျိုးပဲ ချပြထားတဲ့ စားပွဲနဲ့ ၂၄ မျိုး ချပြထားတဲ့ စားပွဲကို ယှဉ်ပြီး စမ်းသပ်ခဲ့ပါတယ်။ ၂၄ မျိုးပြထားတဲ့ဆီမှာ လူတွေ ပိုစိတ်ဝင်စားကြပေမဲ့၊ တကယ်ဝယ်သွားတဲ့နှုန်းက ၃% ပဲ ရှိပါတယ်။ ၆ မျိုးပဲ ပြထားတဲ့ စားပွဲမှာတော့ ဝယ်ယူမှုနှုန်း ၃၀% အထိ ရှိခဲ့ပါတယ်။ (ရွေးစရာနည်းလေ ဆုံးဖြတ်ရလွယ်လေပါပဲ။) ▂▂▂▂▂▂▂▂▂▂▂▂▂▂ အပိုင်း (၃) - Social Proof & The Bandwagon Effect (အများမိုးခါးရေသောက်ခြင်းနှင့် လူမှုသဘောထားကြီးစိုးမှု) Netflix ဖွင့်လိုက်တာနဲ့ "Top 10 in [Your Country] Today" ဆိုတာကို တွေ့ရတယ်မလား။ အဲ့ဒါ ဘာလို့အရေးကြီးလဲ တွေးဖူးလား။ 🧠 The Psychology Behind It: လူသားတွေဟာ Social Animals (အုပ်စုဖွဲ့နေထိုင်သူများ) ဖြစ်ပါတယ်။ မသေချာ မရေရာမှုတွေ ကြုံလာရရင် အများသူငါ ဘာလုပ်နေလဲဆိုတာကို ကြည့်ပြီး လိုက်လုပ်လေ့ရှိပါတယ်။ ဒါကို Social Proof လို့ ခေါ်ပြီး၊ အားလုံးလုပ်နေလို့ ငါလည်း လိုက်လုပ်မှပဲ ဆိုတဲ့ စိတ်ကိုတော့ Bandwagon Effect လို့ ခေါ်ပါတယ်။ 🛑 Netflix က ဒါကို ဘယ်လိုသုံးလဲ? "Top 10 List": ဒါက မိတ်ဆွေကို ဘာပြောနေလဲဆိုတော့ "ဟေ့... မင်းပတ်ဝန်းကျင်က လူတွေအကုန်လုံး ဒါကို ကြည့်နေကြတယ်နော်။ မင်းမကြည့်ရင် ခေတ်နောက်ကျ ကျန်ခဲ့လိမ့်မယ် (FOMO - Fear Of Missing Out)" လို့ သွယ်ဝိုက် ပြောလိုက်တာပါ။ "Trending Now": ဒါကလည်း အပေါ်က သဘောတရားပါပဲ။ ဒီနည်းလမ်းက လူတွေကို ယုံကြည်မှု (Trust) တိုးစေပြီး၊ ရွေးချယ်ရတဲ့ ဝန်ထုပ်ဝန်ပိုး (Cognitive Load) ကို လျှော့ချပေးပါတယ်။ "လူတွေအများကြီး ကြည့်နေမှတော့ ကောင်းမှာပဲလေ" ဆိုတဲ့ Heuristics (ဖြတ်လမ်းနည်းနဲ့ တွေးခေါ်မှု) ကို အသုံးပြုထားတာပါ။ − − − − − − − − − − 🧠 Scientific Backing: 👉 Asch Conformity Experiments (1951): စိတ်ပညာရှင် Solomon Asch ရဲ့ စမ်းသပ်ချက်မှာ လူတစ်ယောက်ဟာ အဖြေမှန်ကို သိနေရက်နဲ့တောင် တခြားလူအများစုက အဖြေမှားကို ဖြေနေကြရင်၊ အုပ်စုနဲ့ ကွဲထွက်မနေချင်တာကြောင့် လိုက်ပြီး အဖြေမှားကို ဖြေတတ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ 👉 Cialdini’s Towel Experiment: ဟိုတယ်တွေမှာ "သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ" လို့ ရေးထားတာထက် "ဒီအခန်းမှာ တည်းသွားတဲ့ ဧည့်သည် ၇၅% ဟာ မျက်နှာသုတ်ပဝါကို ပြန်သုံးကြပါတယ်" လို့ ရေးထားတဲ့အခါ လိုက်နာမှုနှုန်း အများကြီး တက်လာတာကို တွေ့ရပါတယ်။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🛑 မိတ်ဆွေရဲ့လုပ်ငန်းမှာ ဒါတွေကို ဘယ်လိုအသုံးချမလဲ? Netflix ရဲ့ အောင်မြင်မှုက ငွေအင်အားတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ❌ 🧠 လူ့စိတ်ကို နားလည်မှုကြောင့်ပါ။ မိတ်ဆွေရဲ့ လုပ်ငန်းမှာလည်း ဒီနည်းလမ်းတွေကို အခုလို ချက်ချင်း အသုံးချနိုင်ပါတယ်။ - - - ၁။ Friction ကို လျှော့ချပြီး Default ကို အသုံးချပါ (The Autoplay Strategy) ဝယ်သူက ဝယ်ဖို့ ဆုံးဖြတ်ရခက်နေရင်၊ ဒါမှမဟုတ် အဆင့်တွေများနေရင် ထွက်သွားတတ်ပါတယ်။ 🔺ဝယ်ယူမှု လုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး လျှော့ချပါ။ Example: Online Shop တစ်ခုဆိုရင် Old Customer ကို အချက်အလက်တွေ အစအဆုံးပြန်မေးမယ့်အစား၊ "အရင်လက ပို့ခဲ့တဲ့ လိပ်စာအတိုင်း ပို့ပေးရမလား?" ဆိုတဲ့ မေးခွန်းမျိုး မေးပါ။ Customer ဘက်က "Yes" လို့ တစ်ခွန်းဖြေရုံနဲ့ ပြီးမြောက်အောင် လုပ်ထားပါ။ Subscription လုပ်ငန်းဆိုရင် လစဉ် Auto-renew ကို Default ထားပါ။ − − − − − − − − − − ၂။ ရွေးချယ်စရာတွေကို ကန့်သတ်ပေးပါ (Cure The Paradox of Choice) ပစ္စည်းတွေ အများကြီး ချပြတိုင်း ရောင်းရတာ မဟုတ်ပါဘူး။ "Best Seller" သို့မဟုတ် "Staff Pick" ဆိုပြီး ၃-၄ မျိုးလောက်ပဲ သေချာ Highlight လုပ်ပြီး ရောင်းပါ။ Customer အတွက် ရွေးပေးပါ။ Example: စားသောက်ဆိုင်ဖွင့်ထားရင် ဟင်းပွဲ ၁၀၀ ပါတဲ့ Menu စာအုပ်ကြီး ပေးမယ့်အစား၊ "ဒီဆိုင်ရဲ့ လူကြိုက်အများဆုံး Signature ၅ မျိုး" ဆိုတဲ့ စာရွက်သီးသန့် ထည့်ပေးလိုက်ပါ။ ရောင်းအား သိသိသာသာ တက်လာပါလိမ့်မယ်။ − − − − − − − − − − ၃။ Social Proof ကို ထိထိရောက်ရောက် ပြသပါ (The Bandwagon Effect) "ငါ့ပစ္စည်းကောင်းတယ်" လို့ ကိုယ်တိုင်အော်နေတာထက်၊ သူများတွေ ဝယ်နေကြတယ်ဆိုတာကို ပြတာက ပိုထိရောက်ပါတယ်။ အထောက်အထား (Testimonials)၊ Review တွေနဲ့ "Sold Out" ဖြစ်သွားတဲ့ အရေအတွက်တွေကို ပြပါ။ Example: ပို့စ်တင်ရင် "ဝယ်ယူအားပေးမှုအတွက် ကျေးဇူးပါ" ဆိုတဲ့ စာသားထက်၊ ပါဆယ်ထုတ်တွေ အများကြီးပုံထားတဲ့ ဓာတ်ပုံနဲ့ "ဒီနေ့ တစ်ရက်တည်း အော်ဒါ ၅၀ ကျော်သွားပါပြီ၊ ပစ္စည်းကုန်ဖို့ ၅ ခုပဲ ကျန်ပါတော့တယ်" ဆိုတဲ့ ပုံစံမျိုး ရေးပါ။ လူတွေက သူများလုဝယ်နေရင် ပိုလိုချင်ကြပါတယ်။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ 12min Notes Summary: Netflix ဟာ ရုပ်ရှင်ရောင်းတဲ့ ကုမ္ပဏီ မဟုတ်ပါဘူး။ ❌ Attention ရောင်းတဲ့ ကုမ္ပဏီပါ။ ✅ 🧠 သူတို့ဟာ Zeigarnik Effect နဲ့ လူကို ဆွဲထားတယ်၊ 🧠 Personalization နဲ့ ရွေးရခက်တာကို ကူညီပေးတယ်၊ 🧠 Social Proof နဲ့ ယုံကြည်မှု တည်ဆောက်တယ်။ မိတ်ဆွေလည်း ကိုယ့်လုပ်ငန်းမှာ "ငါ့ပစ္စည်းက ဘယ်လောက်ကောင်းကြောင်း" ချည်းပဲ အော်မနေဘဲ၊ အခုပြောပြခဲ့တဲ့ စိတ်ပညာသဘောတရားတွေကို နည်းနည်းလောက် ထည့်သုံးကြည့်ပါ။ ရလဒ်က အံ့သြစရာ ကောင်းနေပါလိမ့်မယ်။ 🧠 - - - - - - - - - - - - - - - - - - - - - ⭐ အကယ်၍ သင်က... ဒီ Applied Psychology, Nudge Theory, Behavioral Science အဆင့်မြင့်ပညာရပ်တွေကို မြန်မာလို အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ဦးဦးဖျားဖျား ရယူအသုံးချချင်တယ်ဆိုရင်တော့ သတင်းကောင်းရှိနေပါပြီ။ 💢 ✅ ဖန်တီးချိန် နာရီပေါင်း ၁၀၀၀ ကျော်နဲ့ ✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ ✅ ကမ္ဘာကျော် Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို 💎 12min Notes Myanmar (Est. 2019) က အသစ်ဖန်တီးလိုက်တဲ့ "မြန်မာ့ပထမဆုံး” Profits Max Program တစ်ခုတည်းမှာ အဆီအနှစ်ထုတ်ထားပြီး အဆင်သင့် ရယူနိုင်ပါပြီ။💯 - - - - - - - - - - - - - - - - - - - - - ဒါပေမယ့်… ⚠️ ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။❌ ဘာလို့လဲဆိုတော့... ဒီ Program ကြီးကပေးတဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးတွေအားလုံးကို ပြည့်ပြည့်ဝဝ ရယူနိုင်ဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirements) တွေ ရှိထားလို့ပါ။ 💢 ဒီအချက်တွေထဲက အနည်းဆုံးတစ်ချက်နဲ့ ကိုက်ညီမှသာ ဒီ Profits Max Program ကြီးကို လေ့လာသင့်ပါတယ်။👇 ✅ (၁) လစဥ် လုပ်ငန်းရောင်းအား သိန်း (၁၀၀) အထက် (သို့မဟုတ်) လစဥ် Customer (၁၀၀) အထက်ကို ရောင်းချဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ Marketers များ။ ✅ (၂) အခြားစီးပွားရေးလုပ်ငန်း (၁၀) ခု အထက်ကို B2B ဝန်ဆောင်မှုပေးနေသော Agency Owner များ၊ Business Coach & Consultant များ။ ✅ (၃) High-Ticket Clients (၃) ဦးအထက် ကူညီဝန်ဆောင်မှုပေးနေတဲ့ Elite Business Coach များ။ ✅ (၄) Applied Consumer Psychology နှင့် Behavioral Science များကို မိမိ၏လုပ်ငန်းတွင် ပေါင်းစပ်အသုံးချပြီး အကျိုးအမြတ်တိုးပွားလာအောင်ဖန်တီးဖို့ တကယ်ကို စိတ်အားထက်သန်သူများ။ - - - - - - - - - - - - - - - - - - - - - ကိုယ်နဲ့ကိုက်ညီမှုရှိတယ်ဆိုရင် ဒီလင့်ခ်မှာ အသေးစိတ်လေ့လာပါ။👇 https://www.facebook.com/12minNotes/posts/1149466227349406

More from 12min Notes Myanmar

See all 12min Notes Myanmar ads

Similar ads in Coaching & Personal Growth

See all Coaching & Personal Growth ads