ရွှေပေလွှာ စာပေ ad creative
30
days it ran
1
relaunches

Ad copy

🎯 Computer Science စာအုပ်မှာကွန်ပျူတာသမား တစ်ယောက်အတွက်မဖြစ်မနေသိရှိထားရမည့် အကြောင်းအရာတွေ အားလုံးပါဝင်ပါတယ်။ ဒီစာအုပ်မှာ Computer Science အကြောင်းအရာ တွေကို UK IGCSE Edexcel CS စာအုပ်ကို မှီငြမ်းထားပြီး သင်ကြားပို့ချထားပါတယ်။ ဒါကြောင့် IGCSE CS ကျောင်းသား/သူတွေအတွက်သာမက Japan ITPEC IP, FE ကျောင်းသား/သူများ ကွန်ပျူတာ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူများအတွက်ပါ လေ့လာသင်ယူ ရမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ 🌀 💎 Computer Science စာအုပ်ထဲမှာ Programming Language ဘာသာရပ်ကို Python, Java, C# နှင့် သင်ပေးထားပြီး Data Structure and Algorithm, System Hardware A+, Networking, Database, Security, Cloud Computing, AI စတဲ့ Computer Science နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အစုံ၊ အခြေခံကျကျကို စာအုပ်သာမက၊ ဗီဒီယိုဖိုင်များ ဖြင့်ပါ လေ့လာသင်ယူရပါမည်။ 💯 💪 လူငယ်တွေအနေနဲ့ ကွန်ပျူတာအိုင်တီနည်းပညာ အသုံးချပြီး ဘဝအောင်မြင်ရေးအတွက် ကြိုးစားမယ် ဆိုရင် Computer Science ဘာသာရပ်ကို မဖြစ်မနေ လေ့လာသင်ယူသင့်ပါတယ်။ Computer Science ဘာသာရပ်မှာ ကွန်ပျူတာသမားတစ်ယောက်အတွက် မဖြစ်မနေ မဖြစ်မနေသိရှိထားရမည့် အကြောင်းအရာ တွေအားလုံး ပါဝင်ပါတယ်။ ဒီစာအုပ်မှာ Computer Science အကြောင်းအရာတွေကို UK IGCSE Edexcel CS စာအုပ် ကို မှီငြမ်းထားပြီး သင်ကြားပို့ချထားပါတယ်။ ဒါ့ကြောင့် IGCSE CS ကျောင်းသား/သူတွေအတွက် သာမက Japan ITPEC IP, FE ကျောင်းသား/သူများ အတွက်ပါ လေ့လာသင်ယူရမည့် စာအုပ်ဖြစ်ပါတယ်။ 💯 💕 ဒီစာအုပ်မှာ Unit အခန်းကြီး (၆) ခု၊ အခန်းငယ် Chapter (၂၉) ခု နဲ့ လေ့လာသင်ယူရပါမယ်။ ....🤗 Unit 1 Problem Solving Unit 2 Programming Unit 3 Data Unit 4 Computers Unit 5 Communication and the Internet Unit 6 The Bigger Piecture ✨ Unit 1 Problem Solving (အခန်း ၁- ပြဿနာဖြေရှင်းခြင်း) ဒီအခန်း (Unit) မှာ ကွန်ပျူတာပရိုဂရမ်ရေးသားခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Algorithm (အယ်လ်ဂိုရီသမ်) တွေအကြောင်းကို လေ့လာရပါမယ်။ ပြီးတော့ ဒီ Algorithm တွေကို Flowchart (ဖလိုချပ်) တွေ၊ Pseudocode (ဆူဒိုကုဒ်) တွေနဲ့ ဘယ်လိုပုံဖော်ပြ သလဲဆိုတာကိုလည်း သိလာရပါလိမ့်မယ်။ Algorithm တစ်ခုရဲ့ အခြေခံတည်ဆောက်ပုံတွေဖြစ်တဲ့ Sequence (အစဉ်လိုက်လုပ်ဆောင်ခြင်း)၊ Selection (ရွေးချယ်လုပ်ဆောင်ခြင်း) နဲ့ Iteration (ထပ်ခါတလဲလဲလုပ်ဆောင်ခြင်း) တွေအကြောင်းကို လေ့လာရမှာပါ။ ဒါ့အပြင် Computational thinking (ကွန်ပျူတာလို တွေးခေါ်ပုံ) ကိုသုံးပြီး ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဒီအခြေခံတွေကို ဘယ်လိုအသုံးချမလဲဆိုတာကိုလည်း သိရပါလိမ့်မယ်။ Data (အချက်အလက်) တွေကို Sort (အစီအစဉ်ချတာ) နဲ့ Search (ရှာဖွေတာ) လုပ်တဲ့ Algorithm တွေအပြင်၊ မပြည့်စုံသေးတဲ့ Algorithm တွေကို ဖြည့်စွက်ရေးသား တာနဲ့ အမှားပြင်ဆင်တာတွေကိုလည်း လေ့လာကြရမှာ ဖြစ်ပါတယ်။ နောက်ထပ်အခန်း (Unit) တစ်ခုရောက်ရင် တော့ အခုလေ့လာထားတဲ့ Algorithm တွေကို Pseudocode နဲ့ High-level programming language တွေအသုံးပြုပြီး တကယ့်ကုဒ် (Code) အဖြစ် ဘယ်လို ပြောင်းရေးမလဲဆိုတာကို ဆက်လက် လေ့လာရပါလိမ့်မယ်။ Ch 1 - UNDERSTANDING ALGORITHMS (အယ်လ်ဂိုရီသမ်များကို နားလည်ခြင်း) Ch 2 - CREATING ALGORITHMS (အယ်လ်ဂိုရီသမ်များ ဖန်တီးခြင်း) Ch 3 - SORTING AND SEARCHING ALGORITHMS (အချက်အလက်စီခြင်းနှင့် ရှာဖွေခြင်းဆိုင်ရာ အယ်လ်ဂိုရီသမ်များ) Ch 4 - DECOMPOSITION AND ABSTRACTION (ပြဿနာကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အနှစ်ချုပ်ထုတ်ယူခြင်း) 😎 ✨ Unit 2 Programming ဒီယူနစ်မှာ Algorithm (လုပ်ဆောင်ပုံအဆင့်ဆင့်) တွေကို High-level language (အဆင့်မြင့် ပရိုဂရမ်ဘာသာစကား) တစ်ခုခုသုံးပြီး ပရိုဂရမ်အဖြစ် ဘယ်လိုပြောင်းရေးမလဲဆိုတာ သင်ရမှာပါ။ Variable တွေနဲ့ Array တွေကို သုံးပြီး ရေးပါမယ်။ ဒါ့အပြင် ပရိုဂရမ်တွေကို Subprogram (ပရိုဂရမ်ခွဲ) တွေ သုံးပြီး ဘယ်လိုဖွဲ့စည်းမလဲ၊ ထည့်လိုက်တဲ့ Data တွေ မှန်ကန်ကြောင်း (Validation) ဘယ်လိုစစ်ဆေးမလဲ ဆိုတာ လေ့လာရပါမယ်။ လူတွေက ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ ပရိုဂရမ်အများစုမှာ အမှား (Errors) တစ်ခု၊ နှစ်ခုလောက် ပါတတ်ပါတယ်။ ဒါကြောင့် ပရိုဂရမ်တွေကို ဘယ်လိုစမ်းသပ်မလဲ၊ အမှားတွေကို ဘယ်လိုပြင်မလဲဆိုတာပါ လေ့လာရပါမယ်။ Ch 5 - DEVELOP CODE (ကုဒ် ရေးသားဖန်တီးခြင်း) Ch 6 - MAKING PROGRAMS EASY TO READ (ပရိုဂရမ်များကို ဖတ်ရှုရလွယ်ကူအောင် ပြုလုပ်ခြင်း) Ch 7 - STRINGS (စာသားများ) Ch 8 - DATA STRUCTURES (ဒေတာ တည်ဆောက်ပုံများ) Ch 9 - INPUT/OUTPUT (အသွင်းအချက်အလက်/အထုတ်အချက်အလက်) Ch 10 - SUBPROGRAMS (ပရိုဂရမ်ခွဲများ) Ch 11 - TESTING AND EVALUATION (စမ်းသပ်ခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်း)....🤗 ✨ Unit 3 Data ဒီ Unit မှာ စာတွေ၊ ပုံတွေနဲ့ အသံတွေလိုမျိုး Data တွေကို ကွန်ပျူတာစနစ်ထဲမှာ Binary စနစ်သုံးပြီး ဘယ်လို ကိုယ်စားပြုဖော်ပြလဲဆိုတာ ကို လေ့လာရမယ်။ လူတွေက ပုံတစ်ပုံကို ကြည့်ရင် အရောင်တွေ ပုံစံတွေကို မြင်ရပေမယ့်၊ ကွန်ပျူတာ အတွက်တော့ ဒါတွေက သန်းနဲ့ချီတဲ့ 1 တွေ 0 တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ Data တွေကို သိမ်းရလွယ်အောင်၊ ပို့ရလွယ်အောင် ဘယ်လိုလုပ်မလဲဆိုတာရယ်၊ Data တွေ ကို လုံခြုံအောင်ထားဖို့ ဘယ်လို Encrypt (ဝှက်စာ) လုပ်မလဲဆိုတာတွေကိုပါ လေ့လာရပါမယ်။ ဒီအခန်းမှာ လေ့လာရမည့် အကြောင်းအရာတွေက Ch 12 - BINARY (ဘိုင်နရီ) Ch 13 - ENCRYPTION (ဝှက်စာစနစ်) Ch 14 - DATA REPRESENTATION (Data ကို ကိုယ်စားပြုဖော်ပြခြင်း) Ch 15 - DATA STORAGE AND COMPRESSION (Data သိုလှောင်ခြင်းနှင့် ဖိသိပ်ခြင်း) ....🤗 ✨ Unit 4 Computers ဒီယူနစ်မှာတော့ ကွန်ပျူတာစနစ် (Computer Systems) အမျိုးမျိုးကို ဖွဲ့စည်းထားတဲ့ Hardware (ဟာ့ဒ်ဝဲ) နဲ့ Software (ဆော့ဖ်ဝဲ) တွေအကြောင်း မိတ်ဆက် ပေးသွားမှာပါ။ သာမန် စက်ပစ္စည်းလေးတွေထဲမှာ ထည့်သွင်းထားတဲ့ embedded microprocessors (မြှုပ်နှံမိုက်ခရိုပရိုဆက်ဆာ) တွေကနေ cloud-based systems (ကလောက်အခြေပြုစနစ်) ကြီးတွေအထိ ပါဝင်ပါတယ်။ Processor (ပရိုဆက်ဆာ) ဘယ်လို အလုပ်လုပ်သလဲ ဆိုတာရယ်၊ Internal Memory (စက်တွင်းမှတ်ဉာဏ်) နဲ့ Secondary Storage (ဒုတိယအဆင့် သိမ်းဆည်းမှုပစ္စည်း) တွေရဲ့ အခန်းကဏ္ဍ ကိုလည်း လေ့လာရပါမယ်။ ညွှန်ကြားချက် (Instructions) တွေကို လုပ်ဆောင်တဲ့အခါ ကွန်ပျူတာက အသုံးပြုတဲ့ Logic (လောဂျစ်) အကြောင်းနဲ့ Low-level၊ High-level ဘာသာစကားတွေသုံးပြီး ပရိုဂရမ် ဘယ်လိုရေးသလဲ ဆိုတာကိုလည်း သင်ယူရမှာ ဖြစ်ပါတယ်။ Ch 16 - HARDWARE (ဟာ့ဒ်ဝဲ) Ch 17 - LOGIC (လောဂျစ်/ယုတ္တိဗေဒ) Ch 18 - PROGRAMMING LANGUAGES (ပရိုဂရမ်မင်း ဘာသာစကားများ) Ch 19 - MACHINES AND COMPUTATIONAL MODELS (စက်ပစ္စည်းများနှင့် တွက်ချက်မှုဆိုင်ရာ မော်ဒယ်များ) Ch 20 - SOFTWARE (ဆော့ဖ်ဝဲ) ....🤗 ✨ Unit 5 Communication and the Internet (ဆက်သွယ်ရေးနှင့် အင်တာနက်) ဒီ Unit မှာ Network (ကွန်ရက်) အမျိုးအစားမတူ တာတွေအကြောင်း၊ သူတို့ ဘယ်လောက်အရေးပါ တယ် ဆိုတာရယ်၊ ပြီးတော့ ကွန်ပျူတာတွေအချင်းချင်း ဘယ်လို ဆက်သွယ်စကားပြောကြလဲ ဆိုတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေရဲ့ Data (အချက်အလက်) တွေအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေက ဘာတွေလဲ၊ အဲဒါတွေကို ဘယ်လို ကာကွယ်မလဲဆိုတာကိုလည်း လေ့လာရပါမယ်။ လူပေါင်း ဘီလီယံနဲ့ချီပြီး သုံးနေကြတဲ့ အင်တာနက်ကြီး အကြောင်းရယ်၊ အဲဒီအင်တာနက်ကို ချိတ်ဆက်ဖို့လိုအပ်တဲ့ Hardware နဲ့ Software တွေအကြောင်းကိုလည်း လေ့လာသင်ယူကြရပါမယ်။ လေ့လာရမည့် အခန်းခေါင်းစဉ်တွေက Ch 21 - Networks Ch 22 - Networks Security Ch 23 - The Internet and the World Wide Web ✨ Unit 6 The Bigger Piecture ဒီ Unit မှာတော့ ကွန်ပျူတာတွေက ပတ်ဝန်းကျင် အပေါ် ဘယ်လို အကျိုးပြုတယ်၊ ဘယ်လို ဆိုးကျိုး တွေ ပေးတယ်ဆိုတာရယ်၊ ဒီအကျိုးသက်ရောက်မှု တွေကို ဘယ်လို လျှော့ချမလဲ၊ တိုးမြှင့်မလဲဆိုတာ တွေကို လေ့လာကြမယ်။ ဒါ့အပြင် ကွန်ပျူတာစနစ် တွေနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ (Ethical) နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ (Privacy) စိုးရိမ်ပူပန်မှုတွေ အကြောင်း၊ ဒီနည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လူတိုင်း မျှဝေခံစားသင့်ပုံတွေကိုပါ လေ့လာသွားမှာပါ။ အစိုးရတွေအနေနဲ့ ကွန်ပျူတာအသုံးပြုမှု ကဏ္ဍတိုင်းမှာ တရားဥပဒေ စိုးမိုးရေးရှိအောင် ဘယ်လို ကြိုးပမ်းနေ တယ်ဆိုတာနဲ့အတူ ဉာဏပစ္စည်း မူပိုင်ခွင့် (Intellectual Property)၊ မူပိုင်ခွင့်များ (Copyrights)၊ တီထွင်မှု မူပိုင်ခွင့် (Patents) နဲ့ လိုင်စင်ကိစ္စတွေကိုပါ လေ့လာရပါမယ်။ နောက်ဆုံးအနေနဲ့ ကွန်ပျူတာ နည်းပညာမှာ ခေတ်စားလာနေတဲ့ Quantum Computing၊ DNA Computing၊ ဉာဏ်ရည်တု (AI) နဲ့ နာနိုနည်းပညာ (Nanotechnology) တွေအကြောင်းပါ လေ့လာသွားကြပါမယ်။ ဒီ Unit မှာ လေ့လာသင်ယူရမည့် ခေါင်းစဉ်တွေကတော့ Ch 24 - COMPUTING AND THE ENVIRONMENTAL IMPACT OF TECHNOLOGY (ကွန်ပျူတာသုံးစွဲခြင်းနှင့် နည်းပညာ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု) Ch 25 - PRIVACY (ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု (သို့မဟုတ်) သီးသန့်လွတ်လပ်ခွင့်) Ch 26 - DIGITAL INCLUSION (ဒစ်ဂျစ်တယ် နည်းပညာကို လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်မှု) Ch 27 - PROFESSIONALISM (လုပ်ငန်းခွင် ကျွမ်းကျင်ပိုင်နိုင်မှု) Ch 28 - COMPUTING AND THE LEGAL IMPACT OF TECHNOLOGY (ကွန်ပျူတာသုံးစွဲခြင်းနှင့် နည်းပညာ၏ ဥပဒေရေးရာ သက်ရောက်မှုများ) Ch 29 - CURRENT AND EMERGING TRENDS (လက်ရှိနှင့် အသစ်ထွက်ပေါ်လာနေသော နည်းပညာ ရေစီးကြောင်းများ) ....🤗 ✨ ဒီစာအုပ်ကို အစအဆုံးလေ့လာပြီး အောင်မြင်သော IT Developer များ ဖြစ်လာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် .......🤗 ကိုဝေဖြိုးအောင် (AIT Computer) Computer Science & MBA (Saylor, USA) MBA in Information Technology & System Management (EIU, France) CEH ( EC-Council, USA) ITPEC Trainer (Japan) CEO & Founder (AIT Computer Co.,Ltd) စာအုပ်ရရှိနိုင်သော ဆိုင်များ IT Computer Training Center KIT Computer Training Centre KIT Book and Store ရွှေပေလွှာ စာပေ စာအုပ်တန်ဖိုး - 50000 ကျပ် စာမျက်နှာ - 560 DVD - 1 ချပ် ဖုန်း - 09262873002 #computerscience #computerscienceteacher #computerscienceeducation #computersciencestudent #computersciencejobs #computertraining #computertechnician #computertechnology #computertech #informationtechnology #informationsecurity #intelligenceartificial #computernetworking #computernetwork #databasesecurity #DatabaseAdministrator #DatabaseManagement #DatabaseOptimization #database #python #pythonfordatascience #pythondeveloper #pythonprogramming #pythonbasics #pythonchallenge #java #javachallenge #javadeveloper #javaprogramming #cprogramminglanguage #cprogramminglanguage #datastructures #datastructuresandalgorithms #datastruggles #algorithm #SYSTEMCOMPUTER #computerhardware #computersoftware #COMPUTERSECURITY #NetworkSecurity #NetworkingOpportunities #networkingevent #networking #cloudcomputing #cloudcomputingskills #CloudComputingCourse #cloudcomputingservices #cloudcomputingtraining #AI #intelligenceartificielle

🪄Crush AI

Like this ad? Make it yours.

Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.

More ads from ရွှေပေလွှာ စာပေ

ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
99 Days
-Reach
3Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
5 Days
-Reach
2Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
100 Days
-Reach
2Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Active
14 Days
-Reach
1Ads
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေရွှေပေလွှာ စာပေ
Inactive
128 Days
-Reach
ရွှေပေလွှာ စာပေ Facebook ad
Details
ရွှေပေလွှာ စာပေ Ad — Ran 30 Days | Crush Ad Library