12min Notes Myanmar Facebook ad: “စီးပွားရေးလုပ်နေတဲ့မိတ်ဆွေတွေအတွက် အမိုက်စား Business Case…”

Ran for 27 days, from May 27 to June 23, 2026, the last day Crush saw it.
Run by 12min Notes Myanmar on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 976289712063357
- Platforms
- Facebook, Instagram and Threads
- Relaunches
- 0
Ad text
စီးပွားရေးလုပ်နေတဲ့မိတ်ဆွေတွေအတွက် အမိုက်စား Business Case Study တစ်ခုကို မျှဝေပေးချင်ပါတယ်။ ကမ္ဘာကျော် Starbucks အကြောင်းပါ။ ဒါပေမဲ့ ဒီနေ့ဆွေးနွေးမှာက Starbucks ရဲ့ ကော်ဖီအရသာအကြောင်းမဟုတ်ဘူး၊ သူတို့ ဘယ်နှစ်ဆိုင်ဖွင့်ထားလဲဆိုတဲ့ သမိုင်းကြောင်းလည်း မဟုတ်ပါဘူး။ အဲ့ဒီအစား လူတွေသတိမထားမိတဲ့၊ ဒါပေမဲ့ Starbucks ကို ကမ္ဘာ့ထိပ်တန်းဖြစ်အောင် တွန်းပို့ပေးခဲ့တဲ့ "စိတ်ပညာမဟာဗျူဟာ (Psychological Strategies)" တွေကို 🧠 Behavioral Economics (လူတို့၏ အပြုအမူဆိုင်ရာ ဘောဂဗေဒ) နဲ့ 🧠 Psychology (စိတ်ပညာ) ရှုထောင့်တွေကနေ ခွဲစိတ်လေ့လာသွားမှာ ဖြစ်ပါတယ်။🤯 (ဒီ Case Study က 12min Notes Myanmar ရဲ့ တန်ဖိုးအကြီးဆုံး Profits Max Program ထဲက ထုတ်နုတ်ထားတာဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အင်မတန်အကျိုးများစေမှာပါ။) ကဲ... Ready ဖြစ်ပြီဆိုရင် ကော်ဖီလေးတစ်ခွက်ဖျော်ပြီး ဒီ Case Study ကို အတူတူ လေ့လာကြည့်ရအောင်။ - - - - - - - - - - - - - - - - - - CASE STUDY: STARBUCKS & THE PSYCHOLOGY OF DESIRE (ကော်ဖီရောင်းတာမဟုတ်ဘူး၊ စိတ်ခံစားချက်ကို ရောင်းတာပါ) Starbucks ကော်ဖီတစ်ခွက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် စဉ်းစားကြည့်ဖူးလား။ အိမ်မှာ ကိုယ်တိုင်ဖျော်သောက်ရင် ၁၀၀၀၊ ၁၅၀၀ လောက်ပဲ ကျမယ့် ကော်ဖီတစ်ခွက်ကို ဆိုင်မှာသွားသောက်ရင် ၅၀၀၀၊ ၁၀၀၀၀ ပေးပြီး ဘာလို့ လူတွေ တန်းစီဝယ်သောက်နေကြတာလဲ။ Starbucks ဟာ ကော်ဖီရောင်းတဲ့ ကုမ္ပဏီတစ်ခုသက်သက် မဟုတ်ပါဘူး။ ❌ သူတို့က "The Third Place" ဆိုတဲ့ Concept ကို ရောင်းတာပါ။ 🧠 အိမ် (First Place) နဲ့ ရုံး/ကျောင်း (Second Place) ကြားက စိတ်အပန်းဖြေစရာ နေရာလေးတစ်ခု (Third Place) အဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်ထားပါတယ်။ ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ သူတို့ ဒီလောက်အောင်မြင်တာ မဟုတ်ပါဘူး။ Starbucks ရဲ့ အောင်မြင်မှု အဓိကသော့ချက်က လူသားတွေရဲ့ "မသိစိတ် (Subconscious Mind)" ကို ထိန်းချုပ်နိုင်တဲ့ Behavioral Science နည်းလမ်းတွေကို အလွန်ကျွမ်းကျင်စွာ အသုံးပြုထားလို့ပါပဲ။🤯 အဲ့ဒီနည်းလမ်းတွေထဲက အထိရောက်ဆုံး နည်းလမ်း (၃) ခုကို အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ Strategy #1: The Decoy Effect & Anchoring (စျေးနှုန်းကို ကစားခြင်း) Starbucks ဆိုင်ကိုရောက်လို့ Menu ကို ကြည့်လိုက်ရင် Size ၃ မျိုး တွေ့ရပါလိမ့်မယ်။ Tall (အသေး), Grande (အလတ်) နဲ့ Venti (အကြီး) ပေါ့။ ဒီနေရာမှာ သူတို့သုံးထားတဲ့ နည်းလမ်းက "The Decoy Effect" (သို့မဟုတ်) "Asymmetric Dominance Effect" လို့ခေါ်ပါတယ်။ ဘာလဲဆိုတော့... 🧠 လူတွေက တန်ဖိုးတစ်ခုကို သတ်မှတ်တဲ့အခါ လွတ်လပ်စွာ တွက်ချက်လေ့မရှိပါဘူး။ ဘေးနားက အရာတွေနဲ့ "နှိုင်းယှဉ်" ပြီးမှ ဆုံးဖြတ်တတ်ကြပါတယ်။ (ဒါကို Relativity လို့ခေါ်ပါတယ်)။ ဥပမာ - ကော်ဖီအလတ်တစ်ခွက်က $4 ဆိုပါစို့။ အကြီးက $5 ဖြစ်နေမယ်။ ဒီအချိန်မှာ ဖောက်သည်ရဲ့ ဦးနှောက်က ဘယ်လိုအလုပ်လုပ်လဲဆိုတော့ - "ဟာ... အလတ်နဲ့ အကြီးက $1 ပဲ ကွာတာပဲ။ $1 ပိုပေးလိုက်ရုံနဲ့ အများကြီး ပိုရမှာဆိုတော့ အကြီး (Venti) ယူလိုက်တာက ပိုတန်တယ်" ဆိုပြီး တွက်လိုက်ပါတယ်။ တကယ်တော့ သူတို့က အလတ် (Grande) ကို ရောင်းချင်တာမဟုတ်ပါဘူး။ အလတ် (Grande) ဟာ ဖောက်သည်ကို အကြီး (Venti) ဝယ်အောင် တွန်းပို့ပေးတဲ့ "Decoy" တစ်ခုပဲ ဖြစ်ပါတယ်။ ~ ~ ~ 🔬 Scientific Proof (သိပ္ပံနည်းကျ သက်သေပြချက်) ဒီသဘောတရားကို Behavioral Economist နာမည်ကျော် Dan Ariely က သူ့ရဲ့စာအုပ် "Predictably Irrational" မှာ စမ်းသပ်ပြခဲ့ဖူးပါတယ်။ သူက ကျောင်းသားတွေကို The Economist မဂ္ဂဇင်း Subscribe လုပ်ခိုင်းပါတယ်။ Option A: Online ဖတ်ခွင့် ($59) Option B: စာအုပ်အိမ်ပို့စနစ် ($125) Option C: Online + စာအုပ် ($125) လူအများစု (84%) က Option C ကို ရွေးကြပါတယ်။ ဘာလို့လဲဆိုတော့ Option B (စာအုပ်ချည်းပဲ $125) ရှိနေလို့ပါ။ Option B က "Decoy" ပါ။ Option B သာ မရှိရင် လူတွေက Option C ကို ဈေးကြီးတယ်လို့ ထင်သွားမှာပါ။ 🔺 Starbucks မှာလည်း ဒီအတိုင်းပါပဲ။ အလတ်ဆိုတဲ့ Decoy ကြောင့် အကြီးဆုံးဆိုတဲ့ Option က ပိုတန်သလို ခံစားရပြီး လူတွေ ပိုက်ဆံပိုသုံးမိသွားကြတာ ဖြစ်ပါတယ်။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ Strategy #2: The Cocktail Party Effect & The Power of Personalization (နာမည်ရေးပေးခြင်း) Starbucks မှာ ကော်ဖီမှာရင် ကိုယ့်နာမည်ကို ခွက်ပေါ်မှာ ရေးပေးတာ သတိထားမိမှာပါ။ ဒါက ရိုးရှင်းတယ်လို့ ထင်ရပေမယ့်၊ Psychological အမြင်အရ အရမ်းကို Powerful ဖြစ်တဲ့ နည်းလမ်းပါ။ 🧠 ဒီနေရာမှာ သူတို့သုံးထားတာက "The Cocktail Party Effect" နဲ့ "Self-Referential Encoding" ဆိုတဲ့ သဘောတရားတွေပါ။ ဘာလဲဆိုတော့... 🔺 Brain Scan များစွာရဲ့ လေ့လာတွေ့ရှိမှုအရ လူတစ်ယောက်အတွက် ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံးအသံက "ကိုယ့်နာမည် ကိုယ်ပြန်ကြားရတာ" နဲ့ အကြည်နူးဆုံးမြင်ကွင်းက "ကိုယ့်နာမည် ကိုယ်ပြန်မြင်ရတာ" ပါပဲ။ ပါတီပွဲတစ်ခုမှာ ဆူညံနေပါစေဦး၊ တစ်ယောက်ယောက်က ကိုယ့်နာမည်ခေါ်လိုက်ရင် ချက်ချင်းကြားရတယ်မလား။ အဲ့ဒါ Cocktail Party Effect ပါ။ 🔺 Starbucks က Barista တွေက ခွက်ပေါ်မှာ နာမည်ရေးပေးပြီး၊ ကော်ဖီရတဲ့အခါ နာမည်ခေါ်ပြီး ပေးလိုက်တာက ဖောက်သည်နဲ့ Brand ကြားမှာ "Unity (တစ်သားတည်းဖြစ်မှု)" နဲ့ "Connection" ကို ချက်ချင်း တည်ဆောက်လိုက်တာပါပဲ။ ဒါ့အပြင် နာမည်ရေးထားတဲ့ခွက်ကို ကိုင်လိုက်တာနဲ့ အဲ့ဒီကော်ဖီဟာ ရိုးရိုးကော်ဖီမဟုတ်တော့ဘဲ "ငါ့ကော်ဖီ" ဆိုတဲ့ ပိုင်ဆိုင်လိုစိတ် (Endowment Effect) ကိုပါ အလိုလို ဖြစ်ပေါ်စေပါတယ်။ ~ ~ ~ 🔬 Scientific Proof (သိပ္ပံနည်းကျ သက်သေပြချက်) 🧠 ၁၉၅၃ ခုနှစ်မှာ Colin Cherry ပြုလုပ်ခဲ့တဲ့ Cocktail Party Effect စမ်းသပ်ချက်တွေအရ လူ့ဦးနှောက်ဟာ ကိုယ့်နာမည်နဲ့ ပတ်သက်လာရင် တခြားအချက်အလက်တွေထက် ပိုပြီး အာရုံစိုက် (Selective Attention) ဖြစ်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ နောက်ထပ် Dennis P. Carmody နဲ့ Michael Lewis တို့ရဲ့ Brain Imaging လေ့လာချက်တွေအရ လူတွေဟာ ကိုယ့်နာမည်ကို ကြားလိုက်ရတဲ့အခါ ဦးနှောက်ရဲ့ Prefrontal Cortex (ကိုယ့်ကိုယ်ကို သိမြင်မှုနဲ့ သက်ဆိုင်တဲ့အပိုင်း) နဲ့ Middle Frontal Gyrus တွေမှာ လှုပ်ရှားမှုတွေ (Activation) သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ Strategy #3: The IKEA Effect & Rituals (ကိုယ့်စိတ်ကြိုက် ဖန်တီးခွင့်) ☕ "Venti, Soy Milk, No Foam, Extra Hot, 2 pumps of Vanilla Latte" ဒါမျိုး ရှည်လျားထွေပြားတဲ့ Order တွေကို Starbucks မှာ မကြာခဏ ကြားရပါလိမ့်မယ်။ ဒီနေရာမှာ အသုံးပြုထားတဲ့ စိတ်ပညာသဘောတရားက "The IKEA Effect" ဖြစ်ပါတယ်။ ဘာလဲဆိုတော့... IKEA ပရိဘောဂတွေကို ကိုယ်တိုင်တပ်ဆင်ရသလိုပါပဲ။ လူတွေဟာ အရာဝတ္ထုတစ်ခုခုအပေါ်မှာ ကိုယ်တိုင် အားထုတ်မှု (Effort) တစ်ခုခု ထည့်ဝင်လိုက်ရရင် အဲ့ဒီအရာကို ပိုပြီး တန်ဖိုးထားတတ်ကြပါတယ်။🤯 Starbucks က ဖောက်သည်တွေကို မိမိစိတ်ကြိုက် (Customize) ပြုလုပ်ခွင့် ပေးထားပါတယ်။ ကော်ဖီတစ်ခွက်ကို ကိုယ်လိုချင်သလို "ဖန်တီး" ခွင့်ရလိုက်တဲ့အခါ၊ ဖောက်သည်က အဲ့ဒီကော်ဖီအပေါ်မှာ ပိုပြီး သံယောဇဉ်တွယ်သွားပါတယ်။ "ဒါ ငါဖန်တီးထားတဲ့ အရသာ" ဆိုပြီး Pride (ဂုဏ်ယူမှု) ခံစားရပါတယ်။ ဒါ့အပြင် ဒီလို ရှုပ်ထွေးတဲ့ Order ပေးခြင်း၊ နာမည်ခေါ်ခြင်း၊ ခွက်ကို စောင့်ယူခြင်းတွေက Starbucks ရဲ့ "Ritual (ဓလေ့ထုံးတမ်း)" တစ်ခုလို ဖြစ်သွားပါတယ်။ ~ ~ ~ 🔬 Scientific Proof (သိပ္ပံနည်းကျ သက်သေပြချက်) Harvard Business School က Michael Norton၊ Daniel Mochon နဲ့ Dan Ariely တို့ ပြုလုပ်ခဲ့တဲ့ "The IKEA Effect" စမ်းသပ်ချက်မှာ၊ လူတွေကို Origami (စက္ကူခေါက်ရုပ်) တွေ ခေါက်ခိုင်းပါတယ်။ ပြီးတဲ့အခါ ကိုယ်ခေါက်ထားတဲ့ အရုပ်ကို တခြားသူခေါက်ထားတဲ့ (ပိုလှတဲ့) အရုပ်တွေထက် တန်ဖိုးပိုဖြတ်ကြတာကို တွေ့ရပါတယ်။ ရလဒ် - "Labor leads to Love" (လုပ်အားထည့်လေ ပိုချစ်လေ) ပါပဲ။ နောက်ထပ် စိတ်ပညာရှင် Kathleen Vohs ရဲ့ လေ့လာချက်အရ အစားအသောက်တစ်ခုကို မစားခင်မှာ Ritual (ဓလေ့) တစ်ခုခု လုပ်ရရင် (ဥပမာ - Oreo ကို လှည့်၊ ခွာ၊ စား သလိုမျိုး)၊ အဲ့ဒီအစားအစာက ပိုပြီး အရသာရှိတယ်လို့ ခံစားရစေကြောင်း တွေ့ရှိခဲ့ပါတယ်။ 🧠 Starbucks ရဲ့ Ordering Process ကလည်း ဒီသဘောပါပဲ။ - - - - - - - - - - - - - - - - - - 🔺 လုပ်ငန်းရှင်များအတွက် လက်တွေ့အသုံးချရန် နည်းလမ်း (၃) သွယ် ကဲ... Starbucks ရဲ့ လျှို့ဝှက်ချက်တွေကို သိပြီးပြီဆိုတော့ ကိုယ့်စီးပွားရေးမှာ ဘယ်လို ပြန်သုံးမလဲ? ဒီနည်းလမ်း (၃) ခုကို စမ်းကြည့်ပါ။ ~ ~ ~ ၁။ စျေးနှုန်းကို "ရွေးချယ်စရာ (၃) ခု" ပေးပြီး Decoy ထည့်ပါ။ (Goldilocks Pricing) ကိုယ်က အထည်ရောင်းတယ်ဆိုပါစို့။ − အင်္ကျီတစ်ထည် - ၁၆၀၀၀ − အင်္ကျီနှစ်ထည် - ၃၂၀၀၀ (Decoy - သိပ်မတန်သလိုပြ) − အင်္ကျီနှစ်ထည် + ဘောင်းဘီတစ်ထည် (Set) - ၃၉၀၀၀ (Hero Offer) ဒီလိုပြလိုက်ရင် ဖောက်သည်က ၃၂၀၀၀ တန်ကို ကျော်ပြီး ၃၉၀၀၀ တန် Set ကို ဝယ်ဖို့ ရာခိုင်နှုန်း များသွားပါလိမ့်မယ်။ ~ ~ ~ ၂။ ဖောက်သည်ကို "နာမည်" တပ်ပြီး ဆက်ဆံပါ။ (Personalization) Online Business လုပ်နေလား? Chat Box မှာ "Hello ညီမရေ" လို့ ပြောမယ့်အစား ဖောက်သည်ရဲ့ Profile နာမည်ကိုကြည့်ပြီး "မင်္ဂလာပါ မစုမွန်ရေ... မစုမွန် လိုချင်တာလေးက..." ဆိုပြီး စပြောကြည့်ပါ။ ပါဆယ်ပို့ရင်လည်း "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ ကတ်ပြားလေးမှာ ဖောက်သည်နာမည်ကို လက်ရေးနဲ့ ရေးပေးလိုက်ပါ။ (Brain Scans တွေအရ သူတို့ အရမ်းကျေနပ်သွားပါလိမ့်မယ်)။ ~ ~ ~ ၃။ ဖောက်သည်ကို ပါဝင်ဖန်တီးခွင့် ပေးပါ။ (Co-creation / IKEA Effect) စားသောက်ဆိုင်ဖွင့်ထားလား? Menu မှာ အချောသတ်ပြီးသားတွေချည်းပဲ မရောင်းပါနဲ့။ "Make Your Own Salad" (သို့) "DIY Bubble Tea" ဆိုပြီး ဖောက်သည်က ကိုယ်ကြိုက်တာကိုယ် ရွေးထည့်လို့ရတဲ့ အပိုင်းလေးတစ်ခု ထည့်ပေးပါ။ သူတို့ကိုယ်တိုင် ရွေးချယ်ဖန်တီးလိုက်တဲ့အရာမို့လို့ အရသာနည်းနည်းပေါ့နေရင်တောင် သူတို့ complain တက်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် လုပ်ထားတာမို့လို့ပါ။ ဒါကြောင့်လည်း ကိုယ်တိုင် စိတ်ကြိုက် ပြင်ဆင်စားသောက်ရတဲ့ ဟော့ပေါ့ကို လူတွေအသည်းစွဲဖြစ်နေကြတာပါ။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ 12min Notes Summary: Starbucks ဟာ ကော်ဖီရောင်းရင်း ကမ္ဘာကျော်သွားတာ မဟုတ်ပါဘူး။ ❌ 🧠 လူသားတွေရဲ့ စိတ် (Human Psychology) ကို နားလည်ပြီး၊ အဲ့ဒီနားလည်မှုကို စီးပွားရေးမှာ ပါးပါးနပ်နပ် အသုံးချသွားလို့ အောင်မြင်ခဲ့တာပါ။ စာဖတ်သူလည်း ကိုယ့်လုပ်ငန်းမှာ ဒီစိတ်ပညာသဘောတရားလေးတွေကို ဖြည်းဖြည်းချင်း ထည့်သွင်းအသုံးပြုကြည့်ပါ။ ရလဒ်တွေ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။ 🧠 - - - - - 🔥 ဒီ Case Study က ဒီပညာရပ်တွေအားလုံးပါဝင်တဲ့ ရေခဲတောင်ကြီးရဲ့ထိပ်ဖျားလေးပဲ ရှိပါသေးတယ်။ အကယ်၍ သင်က... ဒီအဆင့်မြင့်ပညာရပ်တွေကို မြန်မာလို အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ဦးဦးဖျားဖျား ရယူအသုံးချချင်တယ်ဆိုရင်တော့ သတင်းကောင်းရှိနေပါပြီ။💢 ✅ ဖန်တီးချိန်နာရီပေါင်း ၁၀၀၀ ကျော်နဲ့ ✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ ✅ ကမ္ဘာကျော် Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို 💎 12min Notes Myanmar (Est. 2019) က အသစ်ဖန်တီးလိုက်တဲ့ "မြန်မာ့ပထမဆုံး” Profits Max Program တစ်ခုတည်းမှာ အဆီအနှစ်ထုတ်ထားပြီး အဆင်သင့် ရယူနိုင်ပါပြီ။💯 - - - - - - - - - - - - - - - - - - - - - ဒါပေမယ့်… ⚠️ ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။❌ ဘာလို့လဲဆိုတော့... ဒီ Program ကြီးကပေးတဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးတွေအားလုံးကို ပြည့်ပြည့်ဝဝ ရယူနိုင်ဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirements) တွေ ရှိထားလို့ပါ။ 💢 ဒီအချက်တွေထဲက အနည်းဆုံးတစ်ချက်နဲ့ ကိုက်ညီမှသာ ဒီ Profits Max Program ကြီးကို လေ့လာသင့်ပါတယ်။👇 ✅ (၁) လစဥ် လုပ်ငန်းရောင်းအား သိန်း (၁၀၀) အထက် (သို့မဟုတ်) လစဥ် Customer (၁၀၀) အထက်ကို ရောင်းချဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ Marketers များ။ ✅ (၂) အခြားစီးပွားရေးလုပ်ငန်း (၁၀) ခု အထက်ကို B2B ဝန်ဆောင်မှုပေးနေသော Agency Owner များ၊ Business Coach & Consultant များ။ ✅ (၃) High-Ticket Clients (၃) ဦးအထက် ကူညီဝန်ဆောင်မှုပေးနေတဲ့ Elite Business Coach များ။ ✅ (၄) Applied Consumer Psychology နှင့် Behavioral Science များကို မိမိ၏လုပ်ငန်းတွင် ပေါင်းစပ်အသုံးချပြီး အကျိုးအမြတ်တိုးပွားလာအောင်ဖန်တီးဖို့ တကယ်ကို စိတ်အားထက်သန်သူများ။ - - - - - - - - - - - - - - - - - - - - - ကိုယ်နဲ့ကိုက်ညီမှုရှိတယ်ဆိုရင် ဒီလင့်ခ်မှာ အသေးစိတ်လေ့လာပါ။👇 https://www.facebook.com/12minNotes/posts/1149466227349406











