Victory Learning Corner for Kids and Parents ad creative
21
days it ran
0
relaunches

Ad copy

⏸️ မေမေဖေဖေတို့… ခဏလေး အချိန်ပေးပြီး ဒီစာလေးကို ဖတ်ကြည့်ပေးပါခင်ဗျာ။ ☀️ ကလေးတို့အတွက် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီး စတင်လာပါပြီ ☀️ တစ်နှစ်ပတ်လုံး ကျောင်း၊ ကျူရှင်၊ ဘာသာစကား၊ Computer စတဲ့ သင်ယူမှုတွေနဲ့ အားလပ်ချိန်မရှိသလောက် လည်ပတ်နေခဲ့တဲ့ ကလေးတို့ရဲ့ နေ့စဉ်အချိန်ဇယားထဲမှာတော့ အခုနွေရာသီဟာ အဓိက ကျောင်းချိန် ခေတ္တအနားယူရတဲ့ အပြောင်းအလဲ ကာလလေး ဖြစ်ပါတယ်။ မိဘအများစုကတော့ ဒီကျောင်းပိတ်ရက် မရောက်ခင်ကတည်းက ကလေးတို့အတွက် သင်တန်းအမျိုးမျိုးကို ကြိုတင် စီစဉ်အပ်နှံပြီးသား ဖြစ်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ မိဘတွေ အများစုရဲ့ စိုးရိမ်ချက်က— • 📱 အိမ်မှာပဲထားရင် ဖုန်းနဲ့ တက်ဘလက် (Screen Time) တွေမှာ အချိန်ကုန်သွားမှာ။ • ⏳ ကျောင်းပိတ်ရက်တစ်လျှောက် အချိန်တွေ အလဟဿကုန်ပြီး စွမ်းရည်အသစ်တွေ မရလာမှာ။ • 🏃‍♂️ တခြားကလေးတွေထက် နောက်ကျကျန်ခဲ့မှာ။ ဆိုတဲ့ အချက်တွေကြောင့်ပါပဲ။ ဒါကြောင့်လည်း ကလေးတို့ အကျိုးရှိရှိ အချိန်ကုန်စေဖို့ သင်တန်းပေါင်းစုံ အပ်နှံပြီး နွေရာသီ အချိန်ဇယားကို ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်ခင်ဗျာ။ 👍 💡 ဒါပေမဲ့ မေမေဖေဖေတို့ကို အလွန်အရေးကြီးတဲ့ အချက်တစ်ခုလေး ထပ်ဖြည့်ပြီး စဉ်းစားစေချင်ပါတယ်။ ပြီးခဲ့တဲ့ စာသင်နှစ် တစ်နှစ်ပတ်လုံး ကိုယ့်ရဲ့ သားသမီးလေးတွေဟာ ကျောင်းမှာရော၊ ကျောင်းပြင်ပ လေ့လာမှုတွေမှာပါ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် မနားတမ်း ကြိုးစားခဲ့ကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းပိတ်ရက်ဆိုတာက သင်တန်းတွေ ထပ်တိုးပြီး ဖိအားပေးရမယ့် အချိန်များအပြင် ၊ "စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကိုလည်း ပြန်လည် အားဖြည့်ရမယ့် အချိန် (Mental Recharge)" လည်း လိုအပ်ပါတယ်ခင်ဗျာ။ 🌿 🌍 နိုင်ငံတကာက ပညာရေး ထိပ်တန်းနိုင်ငံတွေမှာတော့ အခုလို ကျောင်းပိတ်ရက်ရှည်တွေကို စာတွေဆက်သင်ဖို့ (Academic Acceleration) ထက်၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု (Mental Recharge & Social Growth) အတွက် ပိုမို အသုံးပြုကြဖို့ အကြံပြုထားကြပါတယ်။ ဒီစွမ်းရည်များဟာ ကလေးတို့အတွက် သင်ကြားရေးကာလ- School Learning Period အတွက် အရေးပါတဲ့ စွမ်းရည်ဖြစ်သလို၊ ဘဝတစ်လျောက်လုံး အတွက် Life Skills များကိုပါ အဓိက အထောက်အပံ့ပေးနိုင်စွမ်းရှိလို့ဖြစ်ပါတယ်ခင်ဗျာ၊၊ ဥပမာအားဖြင့်— 🧠 Harvard Graduate School of Education မှ ထုတ်ပြန်ထားတဲ့ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနများမှာ... ကလေးတွေဟာ Emotional Skills (ကိုယ့်စိတ်ကိုယ်သိခြင်း၊ စိတ်ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်ချင်းစာခြင်း) များ ကောင်းမွန်လာတဲ့အခါ စာသင်ခန်းထဲမှာ အာရုံစိုက်နိုင်မှု မြင့်တက်လာပြီး၊ စိတ်ဖိစီးမှုကို ကောင်းမွန်စွာ ထိန်းနိုင်လာကာ Academic Performance တောင် ပိုကောင်းလာတတ်တယ်လို့ ဖော်ပြထားပါတယ်။ 📈 ဒါ့အပြင် Collaborative for Academic, Social, and Emotional Learning (CASEL) ရဲ့ သုတေသနများအရ... Social Emotional Learning (SEL) ကို လေ့ကျင့်ထားတဲ့ ကလေးတွေဟာ စိတ်ထိန်းနိုင်မှုနဲ့ သူငယ်ချင်းဆက်ဆံရေး ပိုကောင်းလာရုံသာမက ပညာရေး အောင်မြင်မှု (Academic Achievement) မှာ ပျမ်းမျှ ၁၁% လောက်တောင် တိုးတက်လာနိုင်တယ် လို့ အခိုင်အမာ ဆိုထားပါတယ်ဗျာ။ ဒါကြောင့် နိုင်ငံတကာပညာရေးမှာ "စာတော်ဖို့အတွက် စိတ်စွမ်းရည်ကို အရင်တည်ဆောက်ပေးရမယ်" ဆိုတဲ့ အမြင်က ပိုပြီး အရေးကြီးလာနေပါတယ်ခင်ဗျာ။ 📅 အခု ကျောင်းပိတ်ရက်မှာ မိဘတွေ သတိထားသင့်တဲ့ အဓိက အချက်ကတော့... ကလေးဟာ လာမည့်နှစ်မှာ အသက် (၁) နှစ် ပိုကြီးသွားသလို၊ နောက်နှစ်ကျောင်းဖွင့်ရင် အတန်းလည်း (၁) တန်း တက်သွားတော့မှာပါ။ ဒါကြောင့်... “ သူ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို ဒီကျောင်းပိတ်ရက်ရှည် ကာလလေးမှာ မဖြစ်မနေ တစ်ဆင့် မြှင့်တင်ပေးရပါမယ်။” 🎯 ဒါကြောင့် မေမေဖေဖေတို့အနေနဲ့ ဘာသာစကားနဲ့ အတန်းစာသင်တန်းတွေ အပ်ထားပြီးပြီဆိုရင်တောင်၊ ကလေးရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးဖြစ်တဲ့ စိတ်စွမ်းရည် (EQ / SEL) အတန်းလေးတစ်ခုကိုတော့ အချိန်မီ ထည့်သွင်းစဉ်းစားပေးဖို့ အထူးတိုက်တွန်းချင်ပါတယ်ခင်ဗျာ။ 🎉 အခု ကျွန်တော် အကြံပြုထားတာတွေကို မေမေဖေဖေတို့က သဘောကျလက်ခံတယ်၊ ဒါဆိုရင် SEL အတန်းကို ဘယ်ကနေ စထားရမလဲ၊ ကိုယ့်ကလေး အသက်အရွယ်အရ ဘယ်လို SEL အတန်းလေးကို အပ်ပေးရမလဲလို့ သိချင်လာပြီဆိုရင်တော့... Victory Learning Corner ရဲ့ မေလမှာ ဖွင့်လှစ်မယ့် "SEL (Social Emotional Learning) May Intake (In-person & Online Classes)" အကြောင်းလေးကို သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ 🌿 Victory Learning Corner မှ May Intake-SELအတန်းများ 🌿 ကလေးတို့ရဲ့ အသက်အရွယ်အလိုက် စနစ်တကျ ဖန်တီးထားတဲ့ Social Emotional Learning -SEL Classes တွေကို (In-person & Online) နှစ်မျိုးလုံးနဲ့ ဖွင့်လှစ်ပေးထားပါပြီ။ ဒီအတန်းတွေကနေ ကလေးတို့ အသက်အရွယ်အလိုက် သင်ယူရမယ့် အနာဂတ်အတွက် အရေးကြီးတဲ့ Life Skills တွေကတော့— • 🧠 ကိုယ့်စိတ်ကို ကိုယ်သိတတ်ခြင်း (Self-awareness) • 🌬️ စိတ်ဖိစီးမှုနဲ့ ဒေါသကို ထိန်းချုပ်နိုင်ခြင်း (Emotional regulation) • 🤝 သူငယ်ချင်းများနှင့် ပူးပေါင်းဆက်ဆံနိုင်ခြင်း (Social Skills) • 💬 ပြဿနာများကို စကားပြော ဖြေရှင်းတတ်ခြင်း (Problem Solving) • 💪 စိတ်ဓာတ်ခိုင်မာပြီး မလွယ်မကူ လက်မလျှော့တတ်ခြင်း (Resilience) 📍 ဒီလို စွမ်းရည်တွေရှိတဲ့ ကလေးတွေဟာ ကျောင်းပတ်ဝန်းကျင်မှာ အာရုံစိုက်နိုင်မှု ပိုကောင်းလာမယ်၊ ယုံကြည်မှု ရှိလာမယ်၊ တစ်နှစ်ပတ်လုံး မမောမပန်းဘဲ ကြိုးစားနိုင်မယ့် စိတ်ခွန်အားတွေ ရှိလာမယ် ဆိုတာကို မိဘတွေက သိသာစွာ တွေ့မြင်ရမှာ အသေအချာပါပဲဗျာ။ မေမေဖေဖေတို့အနေနဲ့... ❓ "ကလေးအတွက် SEL အတန်းကို ဘယ်လိုစပေးသင့်လဲ?" ❓ "အသက်အလိုက် ဘယ် Program က အသင့်တော်ဆုံးလဲ?" ဆိုတာကို သိချင်တယ်ဆိုရင်တော့ 👇 📩 အခုပဲ- Comment မှာ- "SEL Class" လို့ မန့်ခဲ့လို့ ရပါတယ်ဗျာ... ဒါမှမဟုတ်.. Messenger မှာ "SEL Class" လို့သာ Message ပို့လိုက်ပါခင်ဗျာ။ ကျွန်တော်တို့ Victory Team မှ - ✔️ ကလေးအသက်အရွယ်အလိုက် သင့်တော်မည့် Program နှင့် ✔️ သင်တန်းအသေးစိတ်ကို အကြံပြုဆွေးနွေးပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ "Every child deserves the chance to grow emotionally strong." ✨ 🌱 ဒီနွေရာသီမှာ ကလေးရဲ့ စိတ်စွမ်းရည်ကိုလည်း တစ်ဆင့်မြှင့်ပေးလိုက်ပါ။ အနာဂတ်မှာ စာတော်ရုံမက စိတ်ခိုင်မာတဲ့ ကလေး ဖြစ်လာအောင် အတူတူ ပုံဖော်လိုက်ကြရအောင်လားဗျာ... #VictoryLearningCorner #SELforKids #MindfulParenting #EQMatters #SummerClassForKids #RaisingResilientKids #ChildDevelopment #MyanmarParents #EducationMyanmar

🪄Crush AI

Like this ad? Make it yours.

Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.

More ads from Victory Learning Corner for Kids and Parents

Victory Learning Corner for Kids and ParentsVictory Learning Corner for Kids and Parents
Inactive
10 Days
-Reach
Victory Learning Corner for Kids and Parents Facebook ad
Details
Victory Learning Corner for Kids and ParentsVictory Learning Corner for Kids and Parents
Inactive
5 Days
-Reach
Victory Learning Corner for Kids and Parents Facebook ad
Details
Victory Learning Corner for Kids and ParentsVictory Learning Corner for Kids and Parents
Active
2 Days
-Reach
Victory Learning Corner for Kids and Parents Facebook ad
Details
Victory Learning Corner for Kids and Parents Ad — Ran 21 Days | Crush Ad Library