Victory Learning Corner for Kids and Parents ad creative
70
days running
0
relaunches

Ad copy

ကိုယ်သင်တာကို စိတ်မဝင်စားတဲ့ ကလေးကို ဘယ်လိုကိုင်တွယ်မလဲ? စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတိုင်း ကြုံဖူးမယ့် မြင်ကွင်းတစ်ခု ရှိပါတယ်။ ရှေ့မှာ ဆရာမက အားတက်သရော စာသင်နေတယ်။ ဒါပေမယ့် နောက်ဆုံးတန်းက ကျောင်းသားတစ်ယောက်က စာအုပ်ကို ပိတ်ထားပြီး ခေါင်းငုံ့နေတယ်၊ ဒါမှမဟုတ် ခဲတံကိုပဲ လှည့်ကစားနေတယ်။ ကိုယ်က ရှေ့ကနေ ဘယ်လောက်ပဲ ရှင်းပြရှင်းပြ လုံးဝ စိတ်မဝင်စားတဲ့ ပုံစံပါပဲ။ အဲဒီအချိန်မှာ ဆရာမရဲ့ စိတ်ထဲမှာ "ငါသင်တာ ညံ့လို့လား" ဒါမှမဟုတ် "ကလေးက တမင် ပြဿနာရှာနေတာလား" ဆိုတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။ ဒေါသထွက်တာ၊ စိတ်ပျက်တာတွေနဲ့အတူ "ဘာဆက်လုပ်ရမှန်းမသိ (Confused) ဖြစ်သွားတဲ့" အခိုက်အတန့်ကို ဆရာ၊ ဆရာမတိုင်း ဖြတ်သန်းဖူးကြမှာပါ။ ခပ်မာမာ ဆူလိုက်ရင်လည်း ကလေးက ပိုဆိုးသွားနိုင်သလို၊ လွှတ်ထားလိုက်ရင်လည်း တစ်တန်းလုံးရဲ့ သင်ယူမှုကို ထိခိုက်လာနိုင်ပါတယ်။ ဒါဆို ဘယ်လို ကိုင်တွယ်မလဲ? ဒီလိုအခြေအနေကို ကလေးစိတ်ပညာနဲ့ Social Emotional Learning (SEL) ရှုထောင့်ကနေ ကြည့်ရင် ကလေးရဲ့ "စာမလုပ်ခြင်း၊ စိတ်မဝင်စားခြင်း" ဆိုတဲ့ အပြုအမူက ရေခဲတောင်ရဲ့ ထိပ်ဖျားလေး (Tip of the Iceberg) ပဲရှိပါသေးတယ်၊၊ တကယ့်ရေအောက်မှာ ပုန်းကွယ်နေတာက... "မနက်က အိမ်မှာ အဆင်မပြေဖြစ်လာတာ၊ သူငယ်ချင်းနဲ့ စကားများထားတာ၊ ဒါမှမဟုတ် စိတ်ဖိစီးမှုတစ်ခုခုကြောင့် ဦးနှောက်က သင်ယူမှု " ကို အလိုအလျောက် ပိတ်ချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးကို စာဆက်သင်ဖို့ ကြိုးစားတာထက် ဒီ အဆင့် (၃) ဆင့်ကို ဆန်းစစ်ကြည့်ပါ၊၊ ၁။ အရင်ဆုံး ကိုယ့်စိတ်ကို တည်ငြိမ်အောင်ထားပါ။ (Self-Regulation) ကလေးရဲ့ အပြုအမူက "ကိုယ့်ကို မလေးစားလို့" ဆိုပြီး Personal မယူလိုက်ပါနဲ့။ ဆရာမကိုယ်တိုင် အသက်ခပ်ပြင်းပြင်းရှူပြီး စိတ်ကို အရင်တည်ငြိမ်အောင် ထားပါ။ ဆရာမရဲ့ တည်ငြိမ်မှုက ကလေးဆီကို ကူးစက်ပါတယ်။ ၂။ အပြစ်မတင်ခင် ချိတ်ဆက်ပါ။ (Connect before Correct) "မင်း ဘာလို့ စာမရေးတာလဲ" လို့ လေသံမာမာနဲ့ မေးမယ့်အစား သူ့နားကို သွားရပ်ပြီး ညင်ညင်သာသာနဲ့ "သားဒီနေ့ အဆင်ပြေရဲ့လား၊ နေမကောင်းလို့လား၊ တီချယ် ဘာကူညီပေးရမလဲ" လို့ မေးကြည့်ပေးပါ။ တစ်ခါတစ်ရံမှာ ကလေးတွေ လိုအပ်နေတာက ဆူပူကြိမ်းမောင်းမှု မဟုတ်ဘဲ နားလည်ပေးမှု သက်သက်ပါပဲ။ ၃။ Emotionally Safe Space ဖန်တီးပေးပါ။ ကလေးက ချက်ချင်း အဖြေမပေးရင်တောင် အတင်းအကျပ် မလုပ်ပါနဲ့။ "အိုကေ.. ခဏနားလိုက်ဦး၊ အဆင်သင့်ဖြစ်မှ စာဆက်လုပ်ကြမယ်" လို့ ပြောပေးခြင်းက ကလေးရဲ့ စိတ်ဖိစီးမှုကို ချက်ချင်း ကျဆင်းသွားစေပြီး ဆရာမအပေါ် ယုံကြည်မှု (Trust) ကို တည်ဆောက်ပေးပါတယ်။ တကယ်တော့ စာသင်ခန်းဆိုတာ Academic (စာပေ) သက်သက် သင်ကြားတဲ့နေရာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ စိတ်ခံစားချက်တွေ အများဆုံး ဖြတ်သန်းရာ နေရာပါ။ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ဒီလို Emotional Intelligence (EQ)အလေ့အကျင့်ကောင်းတွေကို ကျွမ်းကျင်မှုတွေ ရှိထားရင် စာသင်ခန်းဟာ ကလေးတွေအတွက် "လုံခြုံပြီး သင်ယူချင်စရာအကောင်းဆုံး နေရာ" ဖြစ်သွားမှာ အသေအချာပါပဲ။ (ဆိုလိုတာက "ကျောင်းပျော်" ဖြစ်လာစေတာပါ) ဒါကြောင့် ကျောင်းသားတွေအတွက်ရော ဆရာ၊ ဆရာမတွေအတွက်ပါ စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ စာသင်ခန်း (Emotionally Safe Classroom) တွေ တည်ဆောက်နိုင်ဖို့ Victory Learning Corner မှ International & Private School များအတွက် "School Collaboration Emotional Intelligence Training Program" များကို စာသင်ကျောင်းများအရောက် ကျောင်းအလိုက် သီးသန့် ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပါတယ်ခင်ဗျာ။ စိတ်ဝင်စားသော ကျောင်းစီမံခန့်ခွဲရေးလူကြီးမင်းများအနေဖြင့် Page Messenger (သို့) Viber 09740844098 မှတဆင့် အသေးစိတ် ဆက်သွယ်ဆွေးနွေးနိုင်ရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ၊၊ ✨ Victory Learning Corner 💛 Where Smart Heads meet Kind Hearts #emotionalintelligencetraining#forteachers #forschools#VictorylearningCorner Where Smart Heads Meet Kind Hearts

🪄Crush AI

Like this ad? Make it yours.

Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.

More ads from Victory Learning Corner for Kids and Parents

Victory Learning Corner for Kids and ParentsVictory Learning Corner for Kids and Parents
Active
9 Days
-Reach
Victory Learning Corner for Kids and Parents Facebook ad
Details
Victory Learning Corner for Kids and ParentsVictory Learning Corner for Kids and Parents
Inactive
5 Days
-Reach
Victory Learning Corner for Kids and Parents Facebook ad
Details
Victory Learning Corner for Kids and ParentsVictory Learning Corner for Kids and Parents
Inactive
21 Days
-Reach
Victory Learning Corner for Kids and Parents Facebook ad
Details
Victory Learning Corner for Kids and Parents Ad — Running 70 Days | Crush Ad Library