

Inactive· since Jun 8, 2026
- 5
- days it ran
- 0
- relaunches
Ad copy
(မိဘများအတွက် ကျောင်းဖွင့်ရာသီ အကြံပြု ပို့စ်လေးဖြစ်ပါ၍ စာနဲနဲ ရှည်ပါသည်ခင်ဗျာ၊၊ အဆုံးထိ သည်းခံဖတ်ရှုပေးပါခင်ဗျာ) အနိုင်ကျင့် ခံနေရတာလား၊ အနိုင်ကျင့်တဲ့ သူလား၊ ဘေးက မဆိုင်သလို ရပ်ကြည့်နေသူလား? အခုဆိုရင် ကလေးတွေ ကျောင်းပြန်တက်ရမယ့် ကျောင်းဖွင့်ရာသီကို ရောက်ရှိလာပါပြီ။ ကျောင်းနေအရွယ် ၅ နှစ်ကနေ ဆယ်ကျော်သက်အရွယ် ကလေးတွေအတွက် ကျောင်းဖွင့်ချိန်ဆိုတာ နေရာသစ်၊ အတန်းသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ရင်ခုန်စရာကောင်းသလို၊ တစ်ဖက်မှာလည်း အကြီးမားဆုံး ပြဿနာတစ်ခုကို ရင်ဆိုင်ရဖို့ အစပြုတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲဒါကတော့ ခေတ်အဆက်ဆက် ကလေးတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ 'School Bullying' (ကျောင်းတွင်း အနိုင်ကျင့်မှု) ပြဿနာပါပဲ။ ဒီလို အနိုင်ကျင့်ခံရတဲ့ ကိစ္စတွေ ကြားရတဲ့အခါ မိဘတော်တော်များများက "ဟာ... ဒါလေးများ၊ ငါတို့တုန်းကလည်း ဒီလိုပဲ ကြုံခဲ့၊ ဖြတ်သန်းခဲ့ရတာပဲ။ ကလေးသဘာဝပဲလေ" လို့ ပေါ့ပေါ့တန်တန် တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ School Bullying ဟာ ကလေးတွေ သာမန်ဖြတ်သန်းရမယ့် ကြီးထွားမှုဖြစ်စဉ် မဟုတ်ပါဘူး။ အမေရိကန် စိတ်ပညာအသင်း (APA) နဲ့ နိုင်ငံတကာ ကလေးသူငယ် စိတ်ပညာရှင်တွေရဲ့ သုတေသနတွေအရ— ကျောင်းတွင်း အနိုင်ကျင့်ခံရမှုဟာ ကလေးဘဝမှာတင် ပြီးဆုံးသွားတာ မဟုတ်ဘဲ၊ လူကြီးဘဝရောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ လူမှုဆက်ဆံရေးကို ကြောက်ရွံ့ခြင်းစတဲ့ "ရက်ရှည်လများ အမြစ်တွယ်နေမယ့် စိတ်ဒဏ်ရာ (Long-term Childhood Trauma)" တွေကို ကြီးကြီးမားမား ဖြစ်စေတယ်လို့ အတိအကျ သတိပေးထားပါတယ်။ School Bullying ဆိုတဲ့ သံသရာကြီးထဲမှာ ကလေးတွေဟာ အဓိက နေရာ (၃) ခုထဲက တစ်ခုခုမှာ အမြဲတမ်း ပိတ်မိနေတတ်ပါတယ်။ မိဘများအနေနဲ့ ကိုယ့်ကလေးဟာ အခု လက်ရှိ ဘယ်နေရာမှာ ရပ်တည်နေလဲဆိုတာကို သေချာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်- ၁။ အနိုင်ကျင့် ခံနေရသူ (The Victim) ကျောင်းမှာ နေ့စဉ်နဲ့အမျှ နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ ဖယ်ကြဉ်ခံရတာပဲဖြစ်စေ ခံစားနေရတဲ့ ကလေးတွေပါ။ သူတို့ဟာ အိမ်ပြန်ရောက်ရင် အခန်းအောင်းနေတတ်သလို၊ ကျောင်းသွားရမှာကို အလွန်အမင်း ကြောက်ရွံ့နေတတ်ကြပါတယ်။ ၂။ အနိုင်ကျင့်တဲ့ သူ (The Bully) ကိုယ့်ကလေးကတော့ အနိုင်ကျင့်မခံရဘူး၊ သူက ပြန်တောင် လုပ်လိုက်သေး" ဆိုပြီး ဂုဏ်ယူမနေပါနဲ့။ အခြားသူကို အနိုင်ကျင့်တဲ့ ကလေးတွေရဲ့ နောက်ကွယ်မှာလည်း ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ လစ်ဟာမှုတွေ ရှိနေတတ်ပါတယ်။ သူတို့ဟာ ကိုယ်တိုင် အာရုံစိုက်ခံချင်လို့ (သို့) ကိုယ့်ရဲ့ မလုံခြုံမှုကို ဖုံးကွယ်ချင်လို့ အခြားသူအပေါ် ဗိုလ်ကျတတ်ကြတာပါ။ ဒါဟာလည်း မှန်ကန်တဲ့ EQ မရှိခြင်းရဲ့ ပြယုဂ်ပါပဲ။ ၃။ ဘေးက မဆိုင်သလို ရပ်ကြည့်နေသူ (The Bystander) တကယ်တော့ အဆိုးဆုံးနဲ့ စိတ်ဒဏ်ရာ အများဆုံးရတဲ့ နောက်တစ်စုကတော့ အနိုင်ကျင့်ခံရတာကို တွေ့နေရပေမယ့်၊ ကိုယ်တိုင်လည်း ဝင်မကူညီရဲ၊ ကိုယ့်ကိုပါ လာအနိုင်ကျင့်မှာ ကြောက်လို့ နှုတ်ဆိတ်ပြီး ရပ်ကြည့်နေရတဲ့ ကလေးတွေပါပဲ။ ဒီကလေးတွေရဲ့ ရင်ထဲမှာ "ငါ မကူညီနိုင်ခဲ့ဘူး" ဆိုတဲ့ အပြစ်တင်စိတ် (Guilt) တွေနဲ့ ကြီးပြင်းလာရတတ်ပါတယ်။ ဒီ (၃) မျိုးစလုံးဟာ ကြီးမားတဲ့ ဆိုးကျိုးတွေကို ခံစားကြရပါတယ်။ အခုကြုံရမယ့် ဆိုးကျိုး ကလေးဟာ ညဘက် အိပ်မပျော်တာ၊ အကြောင်းမဲ့ ငိုယိုတာ၊ ကျောင်းသွားချင်စိတ် လုံးဝ မရှိတော့တာ၊ စာမလုပ်နိုင်ဘဲ အမှတ်တွေ ထိုးကျလာတာမျိုးတွေ ချက်ချင်း ဖြစ်လာတတ်ပါတယ်။ နောင်ကြုံရမယ့် ဆိုးကျိုး အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတော့တာ (Low Self-esteem)၊ လူအများနဲ့ ရောနှောဖို့ ကြောက်ရွံ့လာတာ (Social Anxiety) နဲ့ တချို့သော အဆိုးရွားဆုံး အခြေအနေတွေမှာ မိမိကိုယ်ကို အဆုံးစီရင်ချင်စိတ် တွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါဟာ လျစ်လျူရှုထားလို့ မရတဲ့ အသက်အန္တရာယ်ရှိတဲ့ ပြဿနာပါ။ ဒါဆို မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးကို ဒီလို School Bullying သံသရာထဲမှာ ညပ်မနေစေဘဲ၊ ဘယ်လို ကာကွယ်ပေးကြမလဲ? ကလေးကို "သူလုပ်ရင် ပြန်ချလိုက်" လို့ သင်ပေးမလား၊ ဒါမှမဟုတ် ကျောင်းပြောင်းပေးလိုက်မလား? တကယ်တော့ ဒါတွေဟာ ရေရှည်အတွက် အဖြေမဟုတ်ပါဘူး။ အကောင်းဆုံး အကာအကွယ်ကတော့ ကလေးကို "Social Emotional Learning (SEL)" လို့ခေါ်တဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး (EQ) ကို ပြင်ဆင်ပေးလိုက်တာပါပဲ။ SEL ပြည့်ဝတဲ့ ကလေးတွေဟာ ပြဿနာကို ဒီလို ကျော်လွှားနိုင်ပါတယ်- ၁။ Self-Awareness ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင် သိတဲ့အတွက် အခြားသူက လာရောက် အနိုင်ကျင့် နှိမ့်ချတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မသွားတော့ပါဘူး။ ၂။ Self-Management အနိုင်ကျင့်ခံရတဲ့အခါ ကြောက်ရွံ့တုန်လှုပ်ပြီး ငိုယိုတာမျိုး မလုပ်ဘဲ၊ တည်တည်ငြိမ်ငြိမ်နဲ့ "NO" လို့ ရဲရဲဝင့်ဝင့် တုံ့ပြန် ပြောဆိုနိုင်စွမ်း (Assertiveness) ရှိလာပါတယ်။ ၃။ Social Awareness & Empathy အခြားသူကို အနိုင်ကျင့်ချင်စိတ် ပေါ်လာရင်တောင် "သူဘယ်လောက် နာကျင်သွားမလဲ" ဆိုတဲ့ ကိုယ်ချင်းစာတရားကြောင့် အနိုင်ကျင့်သူ (Bully) အဖြစ်ကနေ ရှောင်ရှားနိုင်ပါတယ်။ ၄။ Responsible Decision Making သူငယ်ချင်းတစ်ယောက် အနိုင်ကျင့်ခံရတာကို တွေ့ရင် ဘေးကနေ ရပ်ကြည့်မနေဘဲ လူကြီးကို အကြောင်းကြားတာ၊ အကူအညီပေးတာမျိုးတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ် လုပ်ဆောင်နိုင်ပါတယ်။ လေးစားရပါသော မိဘတို့ခင်ဗျာ... ကိုယ့်ကလေးကို ကျောင်းမှာ ဘယ်သူကမှ အနိုင်မကျင့်အောင် လိုက်လံ စောင့်ကြည့်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်သူတို့ကိုယ်တိုင် ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြေရှင်းနိုင်မယ့် "စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု-Emotional Armor" ကိုတော့ ကျွန်တော်တို့ တပ်ဆင်ပေးလို့ ရပါတယ်။ ကျောင်းဖွင့်ရာသီမှာ ကလေးတွေရဲ့ Academic ပညာရေးအတွက် ကြိုတင်ပြင်ဆင်ပေးသလိုပဲ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက်ပါ ကြိုတင်ပြင်ဆင်ပေးဖို့ Victory Learning Corner မှာ အသက် (၇) နှစ်မှ ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် "SEL for Kids & Teens" အတန်းများကို (Online / In-person) လစဉ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါတယ်ခင်ဗျာ။ ကိုယ့်ကလေးရဲ့ အနာဂတ်အတွက် အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ချင်တယ်ဆိုရင်တော့... Page ရဲ့ Message Box (သို့မဟုတ်) ဖုန်းနံပါတ်ကနေတစ်ဆင့် အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ Victory Learning Corner "Where Smart Heads Meet Kind Hearts" 📩 ဆက်သွယ်ရန် / Viber - ၀၉၇၄၀ ၈၄၄ ၀၉၈ #VictoryLearningCorner #StopSchoolBullying #SELforKids #SELforTeens #ParentingTips #BackToSchool
အသေးစိတ်စုံစမ်းရန်👉
Like this ad? Make it yours.
Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.


