12min Notes Myanmar Facebook ad: “ကိုယ့်ပစ္စည်းက ကောင်းတယ်၊ ဈေးနှုန်းလည်း သင့်တယ်၊ Marketing…”

Ran for 18 days, from May 27 to June 14, 2026, the last day Crush saw it.
Run by 12min Notes Myanmar on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Make your own version of this ad
Crush makes it, launches it in your own Meta ad account, scales the winners and pauses the losers.
About this ad
- Meta Ad Library ID
- 1627504504976311
- Platforms
- Facebook, Instagram and Threads
- Relaunches
- 0
Ad text
ကိုယ့်ပစ္စည်းက ကောင်းတယ်၊ ဈေးနှုန်းလည်း သင့်တယ်၊ Marketing လည်း လုပ်တယ်... ဒါပေမယ့် Customer က ဝယ်သင့်သလောက် မဝယ်ဘူး။ ဘာလို့လဲ? ❌အဖြေက မိတ်ဆွေထင်ထားတဲ့ "စီးပွားရေး အခြေအနေ" ကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ✅ အဖြေမှန်က လူသားတွေရဲ့ စိတ် mechanism မှာ ရှိနေပါတယ်။ Note: ဒီပို့စ်ပါ အကြောင်းအရာက မိတ်ဆွေရဲ့စီးပွားရေးအမြင် (Business Mindset) ကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပါတယ်။ 🤯 - - - - - - - - - - - - - - - သင်ရော.. မျက်စိရှေ့က ငွေပုံကြီးကို ကျော်သွားသလို ဖြစ်နေပြီလား? (The Invisible Revenue) ကျွန်တော်တို့ စီးပွားရေးလုပ်တဲ့သူတွေ အများစုက "ကုန်ပစ္စည်းကောင်းရင် ရောင်းရမှာပဲ" လို့ ထင်ကြတယ်။ 🔺 ဒါပေမယ့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေ၊ Brand ကြီးတွေကတော့ Product ကိုပဲ အာရုံစိုက်တာမဟုတ်ဘဲ Human Psychology (လူ့စိတ်ပညာ) ကိုပါ ထဲထဲဝင်ဝင် လေ့လာကြပါတယ်။ မိတ်ဆွေ တခါမှ မကြားဖူးသေးတဲ့၊ (ဒါမှမဟုတ်) ကြားဖူးပေမယ့် သတိမထားမိတဲ့ ပညာရပ်နယ်ပယ်ကြီးတစ်ခု ရှိပါတယ်။ 🔺အဲ့ဒါကတော့ Behavioral Economics (လူ့အပြုအမူဆိုင်ရာ ဘောဂဗေဒ) နဲ့ Marketing Psychology ပါပဲ။ ဒါက ဘာလဲဆိုတော့... "လူတွေက ဆုံးဖြတ်ချက်တစ်ခုကို ဘာကြောင့်ချတာလဲ၊ ဘယ်အရာတွေက သူတို့ကို လွှမ်းမိုးနေတာလဲ" ဆိုတာကို သိပ္ပံနည်းကျ လေ့လာတဲ့ပညာရပ်ပါ။🧠 - - - - - - - - - - - - - - - The Popcorn Effect ဥပမာလေးနဲ့ ပြောပြမယ်။ ရုပ်ရှင်ရုံတစ်ခုမှာ ပေါက်ပေါက်ဆုပ် (Popcorn) ရောင်းတဲ့ ဆိုင်ကို မြင်ယောင်ကြည့်ပါ။ 🔺အခြေအနေ (၁) သူတို့က အရွယ်အစား ၂ မျိုးပဲ ရောင်းတယ်။ 🍿 Small - ၃၀၀၀ 🍿 Large - ၇၀၀၀ Customer အများစုက ဘာလုပ်သလဲဆိုတော့... "၇၀၀၀ ဆိုတာ ဈေးကြီးလိုက်တာ၊ ၃၀၀၀ တန် အသေးပဲ ဝယ်မယ်" ဆိုပြီး အသေးကိုပဲ ရွေးကြတယ်။ ဆိုင်ရှင်က အမြတ်နည်းတယ်။ - - - - - 🔺အခြေအနေ (၂) ဆိုင်ရှင်က Behavioral Psychology ကို နားလည်သွားပြီး Decoy Effect ဆိုတဲ့ နည်းလမ်းကို သုံးလိုက်တယ်။ သူက (လူတွေမဝယ်ချင်မယ့်) Medium Size Option ကို ကြားညှပ်ထည့်လိုက်တယ်။ 🍿 Small - ၃၀၀၀ 🍿 Medium - ၆၅၀၀ 🍿 Large - ၇၀၀၀ ဒီမှာ စိတ်ဝင်စားစရာကောင်းတာ ဖြစ်လာပြီ။ Customer က တွက်ကြည့်တယ်။ "ဟော... Medium နဲ့ Large က ၅၀၀ ပဲ ကွာတာ။ Large ယူလိုက်တာက ပိုတန်တာပေါ့" ဆိုပြီး ၇၀၀၀ တန်ကိုပဲ ဝယ်သွားကြတော့တယ်။ သတိထားမိလား? = ပေါက်ပေါက်ဆုပ်က အတူတူပဲ။ = ဈေးနှုန်းက အတူတူပဲ။ ဒါပေမယ့် "ရွေးချယ်စရာ ပုံစံဖန်တီးပေးလိုက်ပုံ" (Choice Architecture) ကို ပြောင်းလိုက်တာနဲ့ Customer ရဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်က လုံးဝပြောင်းလဲသွားတယ်။❗ ဒါဟာ Behavioral Economics ရဲ့ အစွမ်းပါပဲ။✨ - - - - - - - - - - - - - - - ⭐ကမ္ဘာကျော် Brands တွေ ဘာကြောင့် အောင်မြင်နေသလဲ? Amazon, Apple, Starbucks, Netflix, KFC, ... ဒီကုမ္ပဏီကြီးတွေ အောင်မြင်နေတာဟာ နည်းပညာကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ❌ သူတို့က လူ့စိတ်ကို "Hack" လုပ်နိုင်တဲ့ ပညာရှင်တွေနဲ့ ပြည့်နေလို့ပါ။ ✅ မြန်မာလုပ်ငန်းရှင်အများစု မြင်သာစေမယ့် ဥပမာတချို့ ပေးပါဦးမယ်။ ၁။ Starbucks သူတို့ ဆိုင်ထဲဝင်လိုက်ရင် ရတဲ့ ကော်ဖီနံ့၊ မီးအလင်းအမှောင်၊ ခွက်ပေါ်မှာ နာမည်ရေးပေးတာ... ဒါတွေအားလုံးဟာ မတော်တဆ ဖြစ်နေတာ မဟုတ်ပါဘူး။ Sensory Marketing, Perceived Value နဲ့ Personalization ဆိုတဲ့ စိတ်ပညာသဘောတရားတွေကို သုံးပြီး $5 တန် ကော်ဖီကို ဝယ်သောက်ရတာ ဂုဏ်ယူစရာတစ်ခုလို ဖြစ်အောင် ဖန်တီးထားတာပါ။ - - - - - - - - - - - - ၂။ Airbnb, Trip. com, Booking .com "အခန်း ၁ ခန်းပဲ ကျန်တော့သည်"၊ "လွန်ခဲ့သော ၁ နာရီက လူ ၅ ယောက် ကြည့်သွားသည်" ဆိုတာတွေ မြင်ဖူးတယ်မလား။ ဒါက Scarcity (ရှားပါးမှုပြခြင်း) နဲ့ Social Proof (လူအများလက်ခံမှု) ကို သုံးပြီး ဝယ်သူကို အမြန်ဆုံးဖြတ်ချက်ချအောင် တွန်းအားပေးနေတာပါ။ (ဒါတွေကို Nudge Theory လို့ ခေါ်ပါတယ်)။ - - - - - - - - - - - - ၃။ KFC 🍗 KFC မှာ ကြက်ကြော်တစ်တုံးချင်းစီ လိုက်ရွေးဝယ်တာထက် 'Set Menu' တွေ၊ 'Family Bucket' တွေ ပိုရောင်းရတာ သတိထားမိလား? ဒါဟာ Bundling Strategy ပါ။ Customer ကို တစ်ခုချင်းစီ စဉ်းစားတွက်ချက်ရတဲ့ "စိတ်အလုပ်ရှုပ်မှု" (Cognitive Load) ကို လျှော့ချပေးပြီး၊ 'စုဝယ်ရင် ပိုတန်တယ်' ဆိုတဲ့ ခံစားချက်ကို ပေးတာပါ။ ဒါ့အပြင် ဈေးအကြီးဆုံး Set တွေကို Menu ထိပ်ဆုံးမှာ ပြထားတာကလည်း Anchoring သဘောတရားပါပဲ။ - - - - - - - - - - - - ၄။ Apple 📱 iPhone တစ်လုံးကို တခြားဖုန်းတွေထက် ဈေး ၂ ဆ၊ ၃ ဆ ပိုကြီးပေမယ့် လူတွေက တိုးဝှေ့ဝယ်နေကြတုန်းပါပဲ။ ဘာလို့လဲ? Apple က ဖုန်းရောင်းတာ မဟုတ်ပါဘူး။ Social Identity (လူမှုအဆင့်အတန်း) နဲ့ Tribalism (အုပ်စုဖွဲ့စိတ်ဓာတ်) ကို ရောင်းတာပါ။ "ငါက Apple သုံးတဲ့သူ (Creative ဖြစ်သူ/Class ရှိသူ)" ဆိုတဲ့ ခံစားချက်ကို ဖန်တီးပေးထားလို့ Customer တွေက Price ကို မကြည့်တော့ဘဲ Value ကိုပဲ ကြည့်ပြီး ဝယ်ကြတာပါ။ - - - - - - - - - - - - - - - အခုလောက်ဆို မိတ်ဆွေရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာလောက်ပြီ။ 🤔 "ငါက Starbucks လည်း မဟုတ်ဘူး၊ Apple လည်း မဟုတ်ဘူး။ ရန်ကုန်မှာ ဆိုင်ဖွင့်ထားတာ၊ ဒါမှမဟုတ် Online Shop လုပ်နေတာ... ဒါတွေက ငါနဲ့ဆိုင်ပါ့မလား?" လုံးဝ (လုံးဝ) ဆိုင်ပါတယ်။❗ ဆိုင်ရုံတင် မကပါဘူး၊ မိတ်ဆွေအတွက် 'မရှိမဖြစ်' ကို လိုအပ်နေတာပါ။❗ ဘာကြောင့်လဲ? ကုမ္ပဏီကြီးတွေမှာက ငွေအား၊ လူအား (Resources) အများကြီးရှိတယ်။ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေမှာက "Strategy (မဟာဗျူဟာ)" နဲ့ "Psychology (စိတ်ပညာ)" ကိုပဲ အဓိကအားကိုးပြီး ယှဉ်ပြိုင်ရလို့ပါပဲ။ ✅ မိတ်ဆွေသာ ဒီပညာရပ်တွေကို နည်းနည်းလေး သိထားရင်... နေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်တွေမှာ ရလဒ်တွေ မိုးနဲ့မြေလို ကွာခြားသွားပါလိမ့်မယ်။👇 🔺 Menu ဖန်တီးတဲ့အခါ Customer ကို အမြင်လှအောင် ပြရုံမကဘဲ၊ ကိုယ်ရောင်းချင်တဲ့ အမြတ်အများဆုံး Product ကို ဝယ်ချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်လာမယ်။ (Framing and Priming) 🔺 Pricing သတ်မှတ်တဲ့အခါ ဈေးလျှော့ပေးမှ ရောင်းရမယ့်ဘဝကနေ၊ "ဈေးပိုကြီးပေမယ့် ပိုတန်တယ်" လို့ Customer က ကျေကျေနပ်နပ် လက်ခံလာအောင် ဖန်တီးနိုင်လာမယ်။ (Contextual Pricing) 🔺 Offer ဖန်တီးတဲ့အခါ Customer ကို အစအဆုံး ရွေးခိုင်းတာမျိုးမဟုတ်ဘဲ၊ ကိုယ်ရောင်းချင်တဲ့ပစ္စည်းကို သူတို့ဘာသာ "ဒါအကောင်းဆုံးပဲ" လို့ ထင်ပြီး ရွေးသွားအောင် လမ်းကြောင်းပေးနိုင်မယ်။ (Choice Architecture) 🔺 Customer ကို အတင်းလိုက်ရောင်း/ထိုးရောင်း (Hard Sell) စရာမလိုဘဲ၊ စကားလုံးအသုံးအနှုန်းလေး ပြောင်းလိုက်ရုံနဲ့ "အိုကေ.. ဝယ်မယ်" ဆိုတဲ့အဖြေကို လွယ်လွယ်ရလာမယ်။ (Language Psychology) 🔺 ကိုယ့်ပစ္စည်းက ပြိုင်ဘက်နဲ့တူတူပဲ ဖြစ်နေရင်တောင်၊ Customer မျက်လုံးထဲမှာ "ပိုတန်ဖိုးရှိတဲ့ Premium ပစ္စည်း" လို့ အထင်ကြီးလာအောင် မြှင့်တင်နိုင်မယ်။ (Perceived Value) ရောင်းကောင်းတယ်ဆိုတာ... ကံကောင်းလို့ ဖြစ်လာတာ မဟုတ်ပါဘူး။❌ "ပညာ" သုံးတတ်လို့ ဖြစ်လာတာပါ။ ✅ - - - - - - - - - - - - - - - 💎 ဒီပညာရပ်တွေကို ဘယ်က စလေ့လာမလဲ? 🧠 တကယ်တော့ ဒီ Behavioral Science နဲ့ Applied Psychology နယ်ပယ်တွေက နိုင်ငံတကာမှာ MBA တန်းတွေ၊ တန်ဖိုးကြီး Seminar တွေမှာမှ သင်ကြားရလေ့ရှိတဲ့ Secret Weapon တွေပါ။ မြန်မာနိုင်ငံမှာ ဒီလောက်နက်နက်နဲနဲနဲ့ လက်တွေ့လုပ်ငန်းခွင်အသုံးချလို့ရအောင် ရှင်းပြနိုင်တဲ့နေရာ အင်မတန် ရှားပါးပါသေးတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ 12min Notes Myanmar (Est. 2019) ကနေပြီး နှစ်ပေါင်းများစွာ လေ့လာစုဆောင်းထားတဲ့ ဒီပညာရပ်တွေကို မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ လက်တွေ့အသုံးချနိုင်မယ့် "Profits Max Program" ဆိုတဲ့ တန်ဖိုးကြီး Advanced Learning Program အဖြစ် ဖန်တီးခဲ့တာပါ။ ⭐ - - - - - - - - - - - - - - - Profits Max Program မှာ ဘာတွေပါမလဲ? 🧠 Customer တွေရဲ့ မသိစိတ် (Subconscious Mind) က ဘယ်လိုအလုပ်လုပ်သလဲ? 🧠 ကိုယ့်ပစ္စည်းကို ဈေးမလျှော့ဘဲ ရောင်းအားတက်အောင် ဘယ်လိုလုပ်မလဲ? (Psychological Pricing Strategy) 🧠 Sales Content ကတစ်ဆင့် Customer စိတ်ကို ဘယ်လိုဖမ်းစားမလဲ? 🧠 ရိုးရှင်းတဲ့ Nudge လေးတွေသုံးပြီး Customer ကို ဝယ်ချင်စိတ်ပေါက်အောင် ဘယ်လိုဆွဲဆောင်မလဲ? ဒါတွေက စာအုပ်ထဲက စာတွေမဟုတ်ပါဘူး။ ❌ လက်တွေ့မြေပြင်မှာ ချက်ချင်းသုံး၊ ချက်ချင်းထိရောက်စေမယ့် နည်းလမ်းတွေပါ။ ✅ စီးပွားရေးလုပ်တယ်ဆိုတာ လူတွေနဲ့ ဆက်ဆံရတာပါ။ လူ့စိတ်ကို နားလည်မှ စီးပွားရေးက အောင်မြင်မှာပါ။ ဒီနေ့ ကျွန်တော် ပြောပြခဲ့တဲ့ Behavioral Economics, Choice Architecture စတဲ့ စကားလုံးကြီးတွေကို အလွတ်ကျက်စရာ မလိုပါဘူး။ အဓိကက "လူတွေရဲ့ ဝယ်ယူမှုအပြုအမူ (Buying Behavior) ဟာ အလွယ်တကူ ပြောင်းလဲလို့၊ လွှမ်းမိုးလို့ ရတဲ့အရာဖြစ်တယ်" ဆိုတာကို သဘောပေါက်ဖို့ပါပဲ။ 💯 ကိုယ့်လုပ်ငန်းမှာ ဒီလိုပညာရပ်တွေကို အသုံးချပြီး သူများထက် ခြေလှမ်းသာချင်တယ်၊ Customer တွေကို ပိုမိုနားလည်ပြီး ဝန်ဆောင်မှုပေးချင်တယ်ဆိုရင်တော့... ဒီပညာရပ်တွေကို ဒီတစ်ပတ်ထဲ စလေ့လာဖို့ အချိန်တန်ပါပြီ။ 💯 - - - - - - - - - - - - - - - - - - - - - အကယ်၍ သင်က... ဒီအဆင့်မြင့်ပညာရပ်တွေကို မြန်မာလို အကျယ်ပြန့်ဆုံး၊ အစုံလင်ဆုံး ဦးဦးဖျားဖျား ရယူအသုံးချချင်တယ်ဆိုရင်တော့ သတင်းကောင်းရှိနေပါပြီ။💢 ✅ ဖန်တီးချိန်နာရီပေါင်း ၁၀၀၀ ကျော်နဲ့ ✅ Resource တန်ဖိုးချည်း သိန်း ၁၇၀ ကျော်တန်ဖိုးရှိတဲ့ ✅ ကမ္ဘာကျော် Business Psychology & Behavioral Science လျှို့ဝှက်ချက်တွေကို 12min Notes Myanmar (Est. 2019) က အသစ်ဖန်တီးလိုက်တဲ့ "မြန်မာ့ပထမဆုံး” Profits Max Program တစ်ခုတည်းမှာ အဆီအနှစ်ထုတ်ထားပြီး အဆင်သင့် ရယူနိုင်ပါပြီ။💯 - - - - - - - - - - - - - - - - - - - - - ဒါပေမယ့်… ⚠️ ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။❌ ဘာလို့လဲဆိုတော့... ဒီ Program ကြီးကပေးတဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးတွေအားလုံးကို ပြည့်ပြည့်ဝဝ ရယူနိုင်ဖို့အတွက် အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirements) တွေ ရှိထားလို့ပါ။ 💢 ဒီအချက်တွေထဲက အနည်းဆုံးတစ်ချက်နဲ့ ကိုက်ညီမှသာ ဒီ Profits Max Program ကြီးကို လေ့လာသင့်ပါတယ်။👇 ✅ (၁) လစဥ် လုပ်ငန်းရောင်းအား သိန်း (၁၀၀) အထက် (သို့မဟုတ်) လစဥ် Customer (၁၀၀) အထက်ကို ရောင်းချဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ Marketers များ။ ✅ (၂) အခြားစီးပွားရေးလုပ်ငန်း (၁၀) ခု အထက်ကို B2B ဝန်ဆောင်မှုပေးနေသော Agency Owner များ၊ Business Coach & Consultant များ။ ✅ (၃) High-Ticket Clients (၃) ဦးအထက် ကူညီဝန်ဆောင်မှုပေးနေတဲ့ Elite Business Coach များ။ ✅ (၄) Applied Consumer Psychology နှင့် Behavioral Science များကို မိမိ၏လုပ်ငန်းတွင် ပေါင်းစပ်အသုံးချပြီး အကျိုးအမြတ်တိုးပွားလာအောင်ဖန်တီးဖို့ တကယ်ကို စိတ်အားထက်သန်သူများ။ - - - - - - - - - - - - - - - - - - - - - ကိုယ်နဲ့ကိုက်ညီမှုရှိတယ်ဆိုရင် ဒီလင့်ခ်မှာ အသေးစိတ်လေ့လာပါ။👇 https://www.facebook.com/12minNotes/posts/1149466227349406 (သို့မဟုတ်) ဒီ Page Messenger မှာ "PMP" လို့ စာပို့လိုက်ပါ။ P.S. Customer တွေရဲ့ ဝယ်ယူမှုအပြုအမူတွေကို သိပ္ပံနည်းကျ လွှမ်းမိုးနိုင်တဲ့ Psychological Principal တွေ အများကြီးပါဝင်တာကြောင့် လောင်းကစား၊ ဆေးလိပ်နဲ့ MLM လုပ်ငန်းတွေကိုတော့ လုံးဝ(လုံးဝ) မရောင်းပေးပါဘူး။ ❌











