12min Notes Myanmar ad creative
12min Notes Myanmar
12min Notes Myanmar

Inactive· since May 23, 2026

19
days it ran
0
relaunches

Ad copy

မိတ်ဆွေတစ်ယောက်က ကော်ဖီဆိုင်ဖွင့်ထားတယ်။ အရသာလည်းကောင်းတယ်၊ ဈေးလည်းသင့်တယ်။ ဒါပေမဲ့ လူသိပ်မဝင်ဘူး။ ➡ ဒါနဲ့ သူ "Buy 1 Get 1" Promotion လုပ်တယ်။ ခဏတော့ လူစည်လိုက်ပေမယ့် Promotion ရပ်တာနဲ့ လူပြန်ကျဲသွားတယ်။😰 ➡ ပိုက်ဆံအကုန်ခံ၊ Influencer Marketing လုပ်တယ်။ ခဏတော့ လူစည်ပြီး ဝယ်သူနည်းသွားပြန်တယ်။😥 တစ်ဖက်မှာ သူ့ဆိုင်နဲ့မလှမ်းမကမ်းက ဆိုင်တစ်ဆိုင်က ဈေးလည်းပိုကြီးတယ်၊ ကော်ဖီအရသာလည်း သိပ်မကွာဘူး။ ဒါပေမဲ့ အမြဲတမ်း လူအပြည့်ပဲ။ ဘာကွာသွားတာလဲ❓ ဒီမေးခွန်းရဲ့အဖြေက "Marketing လုပ်တာညံ့လို့" မဟုတ်ပါဘူး။❌ "လူတွေရဲ့ဦးနှောက် ဘယ်လိုအလုပ်လုပ်သလဲ" ဆိုတာကို နားမလည်လို့ပါ။💢 - - - - - - - - - - အမှန်တကယ်က − "Customer တွေ ဘာလို့မဝယ်တာလဲ?" ဆိုတဲ့မေးခွန်းရဲ့အဖြေက Marketing မှာမရှိဘဲ Psychology မှာ ရှိနေတာပါ။🤯 ▂▂▂▂▂▂▂▂▂▂▂▂▂▂ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ Marketer တွေလုပ်နေကြတဲ့ အကြီးမားဆုံးအမှားက "လူတွေက ယုတ္တိရှိရှိ (Logical) စဉ်းစားပြီး ဆုံးဖြတ်ချက်ချတယ်" လို့ ထင်နေတာပါပဲ။💢 ကျွန်တော်တို့က − "ငါ့ Product/Service က ပိုကောင်းတယ်၊ ဈေးပိုတန်တယ်၊ ဒါကြောင့် လူတွေ ငါ့ဆီက ဝယ်သင့်တယ်" လို့ တွေးတယ်။ ဒါပေမယ့် လက်တွေ့မှာ... ❌ လူတွေက "ယုတ္တိ" (Logic) နဲ့ မဝယ်ပါဘူး။ သူတို့က ✅ "စိတ်ခံစားမှု" (Emotion)၊ ✅ "အလိုလိုသိစိတ်" (Intuition) နဲ့ ✅ "ဦးနှောက်ရဲ့ ဖြတ်လမ်းနည်း" (Mental Shortcuts & Heuristics) တွေနဲ့ အရင်ဆုံးဖြတ်ရွေးချယ်ပြီးမှ၊ 💢 "Logic" ကို ကိုယ့်ဆုံးဖြတ်ချက် မှန်ကန်ကြောင်း အကြောင်းပြချက်အနေနဲ့ပဲ နောက်မှသုံးကြတာပါ။ - - - - - - - - - - ဒီအကြောင်းတရားတွေကို လေ့လာတဲ့ပညာရပ်တွေကို စုပေါင်းပြီး "Behavioral Economics" လို့ခေါ်ပါတယ်။✅ ဒီမှာ ဆက်စပ်နယ်ပယ်ခွဲတွေ အများကြီးရှိတယ်။ ၁။ Behavioral Science (လူ့အပြုအမူဆိုင်ရာသိပ္ပံ) ၂။ Applied Psychology (အသုံးချစိတ်ပညာ) ၃။ Marketing & Pricing Psychology (စီးပွားရေးစိတ်ပညာ) ၄။ Choice Architecture (ရွေးချယ်မှုဆိုင်ရာ တည်ဆောက်ပုံ) ဒီပညာရပ်တွေက ဘာကိုပြလဲဆိုတော့... "လူတွေ တကယ်တမ်း ဘယ်လို 🧠ဆုံးဖြတ်ချက်ချသလဲ" ဆိုတဲ့ အမှန်တရားပါပဲ။💯 ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🧠 စီးပွားရေးလုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ ဦးနှောက်ရဲ့ "လျှို့ဝှက်ချက်" (၃) ခု ဒီပညာရပ်တွေက ဘယ်လောက် အစွမ်းထက်သလဲဆိုတာ နမူနာသုံးခုနဲ့ ပြောပြချင်ပါတယ်။ ၁။ "ဈေးနှုန်း" ထက် "ဈေးနှုန်းကိုတင်ပြပုံ" က ပိုအရေးကြီးတယ် (Pricing Psychology) မိတ်ဆွေရဲ့ Product တစ်ခုကို ၃၀၀၀၀ ကျပ် နဲ့ရောင်းမလား၊ ၂၉၉၀၀ ကျပ် နဲ့ရောင်းမလား? "၁၀၀ ပဲကွာတာ ဘာထူးမှာလဲ" လို့ ထင်ပါသလား။ အရမ်းထူးပါတယ်။ ကျွန်တော်တို့ ဦးနှောက်က ဘယ်ကနေ ညာကို ဖတ်ပါတယ်။ ➡ ၂၉၉၀၀ ကိုတွေ့တဲ့အခါ ဦးနှောက်က "၂ သောင်းကျော်" (20,000-range) လို့ အရင် မှတ်လိုက်ပါတယ်။ ➡ ၃၀၀၀၀ ကိုတွေ့မှ "၃ သောင်း" (30,000-range) လို့မြင်တာပါ။ ဒီ "၁၀၀ ကျပ်" က ဈေးနှုန်းအရ ဘာမှမကွာပေမယ့်၊ Customer ရဲ့ စိတ်ထဲမှာ ခံစားရတဲ့ "ဈေးနှုန်းဆိုင်ရာ နာကျင်မှု" (Price Perception) ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။ 😮 ဒါကို "Charm Pricing" လို့ခေါ်ပါတယ်။ ဒါက Behavioral Science ရဲ့ သေးငယ်တဲ့ နမူနာတစ်ခုပဲ ရှိပါသေးတယ်။ - - - - - - - - - ၂။ ရွေးချယ်စရာ "များလွန်းခြင်း" က ရောင်းအားကို "ကျစေတယ်" (Choice Architecture) ကျွန်တော်တို့က Customer ကို ရွေးချယ်စရာ (Options) တွေ အများကြီးပေးရင် ဝယ်သူတွေ ပိုကြိုက်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ ... ရွေးချယ်စရာတွေ အရမ်းများသွားတဲ့အခါ (ဥပမာ - Menu စာအုပ်ကြီးက အရမ်းထူနေတာ၊ Product အမျိုးအစား ၃၀ လောက် တစ်ပြိုင်တည်း ပြထားတာ) Customer တွေ "Decision Fatigue" (ဆုံးဖြတ်ချက်ချရမှာ မောပန်းသွားခြင်း) ဖြစ်သွားပါတယ်။ နောက်ဆုံး ဘာဖြစ်သွားလဲ? 🙄 "တော်ပြီကွာ၊ နောက်မှပဲ စဉ်းစားတော့မယ်" ဆိုပြီး ဘာတစ်ခုမှ မဝယ်တော့ဘဲ ဆိုင်ထဲက ထွက်သွားတတ်ပါတယ်။ အောင်မြင်တဲ့ Brand တွေကိုကြည့်ပါ။ ✔ သူတို့က Product Line ကို အရမ်းရှင်းအောင်၊ ရွေးရလွယ်အောင် တည်ဆောက်ထားပါတယ်။ ✔ ဒါကို "Choice Architecture" (ရွေးချယ်မှုတည်ဆောက်ပုံ) လို့ခေါ်ပါတယ်။ Customer ကို "ဘာဝယ်ရမှန်းမသိ" ဖြစ်အောင် မလုပ်ဘဲ၊ "ဒါလေးကတော့ မိတ်ဆွေအတွက် အသင့်တော်ဆုံးပဲ" လို့ ခံစားရအောင် လမ်းကြောင်းပေးတာပါ။ - - - - - - - - - ၃။ လူများခြင်းက "ယုံကြည်မှု"ကို တည်ဆောက်တယ် (Social Proof) Marketing လုပ်တဲ့အခါ "ကျွန်တော်တို့ Product က အကောင်းဆုံးပါ" လို့ ကိုယ့်ကိုယ်ကိုယ် ပြောတာထက် အဆ ၁၀၀ ပိုထိရောက်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "တခြားလူတွေရဲ့ သက်သေပြမှု" (Social Proof) ပါ။ ✔ "ဒီ Product ကို လူပေါင်း ၁၀၀၀ ကျော် ဝယ်ယူအသုံးပြုပြီးပါပြီ" ✔ "ဒီလရဲ့ Best Seller ကတော့ ဒီ Menu ပါပဲ" ✔ နာမည်ကြီးတဲ့သူတစ်ယောက်က သုံးသပ်ပေးတဲ့ Authentic Review လူ့ဦးနှောက်က အသစ်အဆန်းတစ်ခုကို စမ်းသပ်ဖို့ (Risk) မယူချင်ပါဘူး။ ဒါပေမယ့် "တခြားလူတွေ အများကြီး" ဒီဟာကို သုံးနေပြီ၊ ကြိုက်နေပြီဆိုတာ သိလိုက်ရတဲ့အခါ၊ "ဒါဆို ငါ့အတွက်လည်း အဆင်ပြေမှာပါ" ဆိုတဲ့ "လုံခြုံစိတ်ချမှု" (Safety & Trust) ကို ချက်ချင်း ခံစားရပါတယ်။💯 ဒါက "Applied Psychology" ကို Marketing မှာ သုံးတာပါ။ ▂▂▂▂▂▂▂▂▂▂▂▂▂▂ 🚀 ဒီပညာရပ်တွေက Myanmar Business တွေအတွက် ဘာကြောင့် အရေးကြီးတာလဲ? ဒီနေ့ခေတ်က "Product Quality" တစ်ခုတည်းနဲ့၊ "ဈေး" တစ်ခုတည်းနဲ့ ယှဉ်ပြိုင်ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ❌ Customer Experience၊ Brand Loyalty နဲ့ Perception (သူတို့က ကိုယ့်ကို ဘယ်လိုမြင်သလဲ) ဆိုတာတွေနဲ့ပါ ပြိုင်နေရတာပါ။ ✅ ❌ Behavioral Science ဆိုတာ Customer ကို "လှည့်စားဖို့" (Manipulation) မဟုတ်ပါဘူး။ ဒါက... 🧠 ကိုယ့် Customer တွေရဲ့ လိုအပ်ချက်၊ ကြောက်ရွံ့မှု၊ နဲ့ ဆုံးဖြတ်ချက်ချတဲ့ပုံစံကို နက်နက်နဲနဲ နားလည်စေတဲ့ အဆင့်မြင့်ပညာရပ်ပါ။ 🧠 ဒီပညာရပ်တွေက မိတ်ဆွေရဲ့လုပ်ငန်းအတွက် "လူသားဦးနှောက်ရဲ့ အသုံးပြုနည်းလမ်းညွှန်" (User Manual for the Human Brain) တစ်ခုလိုပါပဲ။ - - - - - - - - - - - - - - - - - - - - - 💢 ကိုယ့် Client တွေကို ဘယ်လိုပြောရင် ကိုယ်ပြောသလိုလုပ်ချင်လာအောင် ဆွဲဆောင်နိုင်မလဲ? (Psychology) 💢 ကိုယ့် Product (or) Service ကို ဈေးမလျှော့ဘဲ "ပိုတန်တယ်" လို့ Customer က ဘယ်လိုခံစားရအောင် လုပ်မလဲ? (Behavioral Economics) 💢 ကိုယ့် Marketing စာသားကို ဘယ်လိုပြောင်းလိုက်ရင် Customer က "ဒါ ငါ့အတွက်ပဲ" လို့ ခံစားရစေမလဲ? (Applied Psychology) ဒါတွေအားလုံးက − ❌ "ကံ" (Luck) နဲ့ "ထင်မြင်ချက်" (Opinion) ပေါ် မူတည်နေတာ မဟုတ်ဘဲ၊ ✅ ပညာရှင်တွေ နှစ်ပေါင်းများစွာလေ့လာထားတဲ့ ဝယ်ယူမှုအပြုအမူဆိုင်ရာ "သိပ္ပံ" (Science) နဲ့ "Data" ပေါ် မူတည်နေတာပါ။💯 - - - - - - ဒီနေ့ ကျွန်တော်မျှဝေခဲ့တာက ဒီအံ့ဩစရာကောင်းတဲ့ ပညာရပ်ကြီးရဲ့ "ရေခဲတောင်ထိပ်တစ်စွန်းတစ်စ" (Tip of the iceberg) ပဲ ရှိပါသေးတယ်။🤯 ဒီပညာရပ်တွေကို နားလည်ကျွမ်းကျင်စွာ အသုံးချနိုင်တာဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအတွက် "Next Level" ကို တက်လှမ်းဖို့ အကြီးမားဆုံးသော "Strategic Advantage" ဖြစ်လာမှာ သေချာပါတယ်။✨ - - - - - - - - - - - - - - - - - - - - - ဒါဆို ဒီလိုအဆင့်မြင့် ပညာရပ်တွေကို ဘယ်ကနေ စတင်လေ့လာရမလဲ? စာအုပ်တွေ အထပ်လိုက်ဖတ်ဖို့၊ သိန်းဆယ်ချီ၊ ရာချီပေးရတဲ့ သင်တန်းတွေတက်ဖို့ အချိန်မရှိဘူး ဖြစ်နေသလား? စိတ်မပူပါနဲ့။ မိတ်ဆွေအတွက် အကောင်းဆုံး Shortcut တစ်ခု ဖန်တီးပေးထားပါတယ်။ အလုပ်အရမ်းများတဲ့ လုပ်ငန်းရှင်တွေ၊ Marketer တွေအတွက် အချိန်တိုအတွင်း ဖတ်ရှုပြီး ချက်ချင်းလက်တွေ့အသုံးချနိုင်မယ့်... 📕 Profits Max Playbook (Super Guide) eBook နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီစာအုပ်မှာ ဈေးကွက်ကို လွှမ်းမိုးနိုင်မယ့် Behavioral Science နဲ့ Psychology Framework တွေကို အလုပ်များတဲ့ Business Owners တွေ၊ Marketers တွေ အချိန်တိုအတွင်း ဖတ်ပြီး လက်တွေ့သုံးလို့ရအောင် အဆီအနှစ် ထုတ်ပေးထားပါတယ်။ ⚡မူရင်းတန်ဖိုး 45,000 ကျပ်ကနေ ဒီအပတ်ထဲ ဝယ်မယ်ဆိုရင် 🔥Special Offer 29,500 တည်းနဲ့ ရမှာပါ။ (ဝယ်သူများလာတာနဲ့အမျှ Special Offer ကုန်ဆုံးသွားပါမည်။) Business Psychology နဲ့ Behavioral Science ရဲ့ အစွမ်းထက်မှုကို ငွေကုန်ကြေးကျများများ မလိုဘဲ အရင်ဆုံး မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒါဟာ မိတ်ဆွေအတွက် အကောင်းဆုံး စတင်ရမယ့် နေရာပါပဲ။ အခုပဲ Messenger: https://m.me/12minNotes မှာ Max လို့ စာပို့ပြီး ဒီ "Profits Max Playbook (Super Guide)" ကို ရယူအသုံးချလိုက်ပါ။ FB သုံးရခက်ရင် Telegram: @My12minNotesBot မှာလည်း Max လို့ ပို့လို့ရတယ်နော်! စတင်တည်ထောင်ချိန် ၂၀၁၉ ကစလို့ Customer ပေါင်း ၂၀၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီးတဲ့ 12min Notes Myanmar (Est. 2019) ရဲ့ မူဝါဒအတိုင်း 100% Money-back Guarantee ပေးထားလို့ စိတ်ချလက်ချ ဝယ်ယူအသုံးချကြည့်လိုက်ပါ။

Apply Marketing Psychology Today

🪄Crush AI

Like this ad? Make it yours.

Crush rebuilds this exact creative around your product — your brand, your colors, your offer — in about a minute.

More ads from 12min Notes Myanmar

12min Notes Myanmar12min Notes Myanmar
Inactive
56 Days
-Reach
1Ads
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Inactive
3 Days
-Reach
1Ads
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Active
2 Days
-Reach
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Active
1 Days
-Reach
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Active
5 Days
-Reach
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Active
5 Days
-Reach
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Active
5 Days
-Reach
12min Notes Myanmar Facebook ad
Details
12min Notes Myanmar12min Notes Myanmar
Active
5 Days
-Reach
12min Notes Myanmar Facebook ad
Details
12min Notes Myanmar Ad — Ran 19 Days | Crush Ad Library