Skip to content
Ye Htet - Digital Educator

Ye Htet - Digital Educator Facebook ad: “Media Buying နှင့် Planning ဆိုတာကို ကျွန်တော်တို့…”

Ye Htet - Digital Educator Facebook ad: Media Buying နှင့် Planning ဆိုတာကို ကျွန်တော်တို့…

Ran for 3 days, from April 29 to May 2, 2026, the last day Crush saw it.

Run by Ye Htet - Digital Educator on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1010511954884948
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

Media Buying နှင့် Planning ဆိုတာကို ကျွန်တော်တို့ မြန်မာပြည်တွင်းမှာတော့ သိပ်ပြီးတော့ ခေတ်စားတဲ့ အလုပ်အကိုင်လည်း မဟုတ်သလို့ လူသိလည်း သိပ်မများဘူး။ ဒါပေမယ့် Boost လုပ်မယ်ဆိုတာတော့ လူပြောများသလို့ သိလည်း သိကြပါတယ်။ တကယ်တမ်းတော့ ဒီလိုမျိုး Boost လုပ်တယ်ဆိုတာက Media Buying ကို ဆိုလိုတာပါ။ Media Buying နှင့် Planning နှစ်ခုရဲ့ ကွာခြားချက်ကို နားလည်ဖို့ဆိုရင် Media Planning ဆိုတာက Strategy အပိုင်းဖြစ်ပြီး campaign တစ်ခုအတွက် “ဘာလုပ်မှာလဲ၊ ဘယ်သူ့ကို ပြောမှာလဲ၊ ဘယ် platform သုံးမှာလဲ” ဆိုတာတွေကို စနစ်တကျ ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ Media Buying ကတော့ အဲ့ဒီ Strategy ကို ပြန်လည်အကောင်အထည် ဖော်တဲ့ Execution အပိုင်းဖြစ်ပြီး ads တွေကို platform တွေမှာ setup လုပ်ပြီး budget သုံးကာ run တာဖြစ်ပါတယ်။ ဒါကြောင့် Planning မရှိရင် Buying ဟာ Direction မရှိသလို ၊ Buying မရှိရင် Planning ဟာ Theory အဆင့်မှာပဲ ရပ်နေမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ရှင်းလင်းအောင် ပြောရမယ်ဆိုရင် “Ads တွေကို ဘယ်လောက် Run လုပ်နိုင်လဲ” ဆိုတာထက် “ဘယ်လောက်အထိ ထိထိရောက်ရောက် Run နိုင်လဲ” ဆိုတာပါပဲ။ ပုံမှန်ဆိုရင်လည်း လူအများစုက Ads Manager အသုံးပြုတတ်တာနဲ့တင် campaign လုပ်နိုင်ပြီလို့ ထင်ကြပါတယ် တကယ်တမ်းမှာတော့ Strategy မရှိဘဲ run တဲ့ ads တွေဟာ data မရှိဘဲ Run ရတာဖြစ်လို့ စမ်းတဝါးဝါးနဲ့ ရလာဒ်တွေက တည်ငြိမ်မှာ မဟုတ်ပါဘူး။ Research Data တွေအရလည်း Campaign တစ်ခုရဲ့ Performance 60% လောက်ဟာ Planning Quality ပေါ်မှာ မူတည်နေတာပါ။ Planning ကောင်းတဲ့သူတွေက audience ကို မှန်ကန်စွာ ရွေးချယ်နိုင်တယ်၊ Message ကို မှန်ကန်တဲ့ Timing နဲ့ Delivery လုပ်နိုင်တယ် Channel တွေ ကိုလည်း မှန်ကန်စွာ အသုံးပြုနိုင်တယ်။ ဒီလို Alignment မှန်ကန်သွားတဲ့အခါမှာသာ Campaign တစ်ခုလုံးရဲ့ efficiency တိုးလာပြီး budget wastage လည်း လျော့နည်းသွားမှာပါ။ အခြားတစ်ဖက်မှာတော့ Strategy မရှိဘဲ ads run တဲ့ သူတွေဟာ “try and error” ပေါ်မှာပဲ မူတည်နေပါတယ်။ Audience targeting မမှန်တာ creative မသင့်တော်တာ timing မကိုက်တာတွေကြောင့် impression ရရှိပေမယ့် conversion မရတဲ့ အခြေအနေတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလို ဖြစ်ရပ် တွေမှာ budget wastage ကလည် 20% ကနေ 40% ထိ ဖြစ်နိုင်ပြီး တချို့မှာတော့ ROI negative ဖြစ်သွားတဲ့အထိ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Planning ကောင်းတဲ့သူတွေက conversion efficiency ကို 30% ကနေ 50% အထိ တိုးတက်စေနိုင်တာဟာ တကယ်တမ်း လက်တွေ့ကျပါတယ်။ စနစ်တကျ Planning ချတတ်သူတွေအနေနဲ့ Conversion Efficiency ကို ၃၀% ကနေ ၅၀% အထိ တိုးတက်ပေးနိုင်တာဟာ တကယ်တမ်း လက်တွေ့ကျတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က Campaign တစ်ခု မစတင်ခင်ကတည်းက Objective ၊ Audience ၊ Funnel နဲ့ Creative Strategy တွေကို သေသေချာချာ ကြိုတင်တွက်ဆထားလို့ ဖြစ်ပါတယ်။ ဒီလို ကြိုတင်ပြင်ဆင်မှု အားကောင်းတာကြောင့် အကောင်အထည်ဖော်တဲ့ အခါမှာ အမှားအယွင်း နည်းပါးသွားသလို လိုအပ်တဲ့ Optimization တွေကိုလည်း လွယ်ကူ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ပြောရရင် Media Buying နဲ့ Planning နှစ်ခုလုံးကို ပေါင်းစပ် နားလည်မှုက ကြော်ငြာ လုပ်တတ်တဲ့သူ တစ်ယောက်နဲ့ လုပ်ငန်းအတွက် တကယ့်ရလဒ် ဖော်ဆောင်ပေးနိုင်တဲ့ Marketer တစ်ယောက်ကြား ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုက ရနိုင်တဲ့ အကျိုးကျေးဇူးကို ကြည့်မယ်ဆိုရင် ROI (Return on Investment) ပေါ်မှာ မြင်ရနိုင်ပါတယ်။ Optimized campaigns တွေမှာတော့ ROAS ကို 2x မှ 4x အထိ တိုးတက်နိုင်ပြီး retargeting strategy အသုံးပြုတဲ့ ads တွေမှာဆိုရင် conversion rate က cold audience ထက် 2 ဆမှ 3 ဆထိ မြင့်တတ်နိုင်ပါတယ်။ ဆိုလိုတာက data-driven planning နဲ့ execution ကို တွဲဖက် အသုံးပြုနိုင်ရင် business growth ကို အထောက်အကူပြုနိုင်တာမျိုးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက်ကြည့်မယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ Digital adoption တိုးလာတာကြောင့် လူငယ်တွေ အပါအဝင် အများစုဟာ Social Media ကို အဓိက communication channel အဖြစ် အသုံးပြုနေကြပြီး Facebook ၊ TikTok ၊ YouTube တို့ဟာ customer behavior ကို တိုက်ရိုက် သက်ရောက်နေတဲ့ platform တွေ ဖြစ်လာပါတယ်။ ဒီလို environment မှာ business တစ်ခုအနေနဲ့ customer ဆီကို ရောက်ရှိဖို့ဆိုရင် random ads run လုပ်တာထက် strategy ပါဝင်တဲ့ Media Planning လိုအပ်လာပါတယ်။ လက်ရှိ မြန်မာ Market ကို “attention economy” ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ads အများကြီး မြင်နေတဲ့အတွက် ကျွန်တော် ဘက်က ပြသနေတဲ့ Content Message က မတိကျဘူး targeting မမှန်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကြော်ငြာကို Skiip လုပ်သွားဖို့များပါတယ်။ ဒါကြောင့် impression ရရှိဖို့သာမက engagement နဲ့ conversion ရရှိဖို့အတွက် Planning အဆင့်မှာပဲ audience insight ကို လေ့လာထားဖို့ လိုပါတယ်။ Media Planning မရှိဘဲ ads run တဲ့အခါမှာ impression ရလာပေမယ့် conversion မရတဲ့ case တွေ 30% ကနေ 50% အထိ ဖြစ်နိုင်တယ်ဆိုတာကို နမူနာ ပြော ရရင် product တစ်ခုက လူတိုင်းကို broad targeting နဲ့ပြမယ်ဆိုရင် reach ကများပင်မယ့် ပစ္စည်းဝယ်မယ့်သူတွေ မဟုတ်တဲ့ audience တွေကိုပါ ပြသမိတဲ့ အတွက်ကြောင့် သုံးထားတဲ့ Ads Budget က waste ဖြစ်နေတာပါ။ ဒါဟာ budget efficiency ကို တိုက်ရိုက် ထိခိုက်စေပြီး long-term မှာ business profitability ကို လျော့နည်းစေပါတယ်။ ဒါကြောင့် Media Buying & Planning ကို နားလည်ထားတဲ့သူတွေက campaign မစခင်မှာပဲ ဘယ်သူတွေက အမှန်တကယ် ဝယ်နိုင်မလဲ၊ ဘယ် platform မှာ သူတို့ရှိလဲ၊ ဘယ် message က သူတို့ကို engage လုပ်နိုင်မလဲ” ဆိုတာတွေကို စဉ်းစားပါတယ်။ ဒီလိုမျိုး pre-planning လုပ်ထားတဲ့ campaigns တွေက conversion rate ပိုမြင့်ပြီး cost per result လည်း နည်းတတ်ပါတယ်။ နောက်တစ်ခုရှိတာက Myanmar Market က Trend Change တာ မြန်တယ်။ ပြောရရင် TikTok usage တိုးလာတာ ၊ video content consumption များလာတာတွေကြောင့် platform selection နဲ့ content format ကို ကျွန်တော်တို့ သေချာ adapt လုပ်နိုင်ဖို့လိုပါတယ်။ Planning skill ရှိတဲ့သူတွေက ဒီလို change တာတွေကိုမြန်မြန် respond လုပ်နိုင်ပြီး Buying အဆင့်မှာလည်း performance ကို ကောင်းအောင် optimize လုပ်နိုင်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဆိုရင်လည်း Media Buying & Planning ကို နားလည်ထားခြင်းဟာ ဒီအတိုင်း ရိုးရိုးလေး စိတ်မှန်းနဲ့ ကြော်ငြာအတွက် သုံးစွဲခြင်းထက် ပိုပြီးတော့ ထိရောက်အောင် သုံးနိုင်ဖို့ကို ရရှိစေတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ SMEs တွေမှာ မကြာခဏ တွေ့ရတာက ကြော်ငြာတွေ လုပ်တယ်​ ၊ Budget လည်း ခပ်များများ သုံးတယ် ဒါပေမယ့် ရလာဒ်က သေချာမထွက်ဘူးဆိုတဲ့ ပြဿနာပါ။ ဒါဟာ Strategy မရှိဘဲ Run နေတဲ့အတွက် Inefficient AdSepnd ဖြစ်ပြီးတော့ 25% ကနေ 40% အထိ Budget Loss ဖြစ်နေတာမျိုးပါ။ ဒီနေရာမှာ ကျွန်တော်တို့ Structured Planning approach ကို အသုံးပြုလိုက်ရင် result က ပြောင်းလဲသွားနိုင်ပါတယ်။ Campaign မစခင်မှာ objective ၊ target audience ၊ channel selection ၊ message positioning တွေကို စဉ်းစားပြီး run မယ်ဆိုရင် cost per sale ကို 35% လောက် လျော့ချနိုင်ပါတယ်။ ဆိုလိုတာက အရင်လိုပဲ budget တူတူ သုံးတယ် ဒါပေမယ့် sales ပိုရနိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်တယ် ပြောချင်တာပါ။ Testing Mindset ကို ထည့်ပြောရရင် Creative testing (image ၊ video ၊ headline) နဲ့ audience testing (interest ၊ behavior ၊ custom audience) တွေကို systematic နည်းလမ်းနဲ့ စမ်းသပ်နိုင်လေလေ CTR က 30% အတိ တိုးတက်နိုင်ပါတယ်။ CTR တိုးလာတာနဲ့အမျှ CPC လည်း လျော့လာပြီး overall campaign efficiency တိုးတက်လာမှာပါ။ ကျွန်တော်တို့ လျစ်လျူ မရှုသင့်တဲ့ Audience optimization အရဆို Broad targeting ထက် data-driven audience segmentation အသုံးပြုနိုင်မယ်ဆိုရင် waste ဖြစ်နေတဲ့ impressions တွေကို လျော့ချနိုင်ပြီး conversion probability မြင့်တဲ့ users တွေကို ရောက်နိုင်ပါတယ်။ ဒီလိုမှပဲ တဖြည်းဖြည်းနဲ့ Cost Per Result လော့လာပြီး ROI လည်း ကောင်းလာမှာပါ။ ကျွန်တော် အနေနဲ့ လုပ်ငန်းရှင်တွေကို အကြံပြုချင်တာက Media Planning l Buying ကို အသုံးပြုမယ်ဆိုရင် Ads တွေကို လုပ်တဲ့အခါ expense တစ်ခုလို မမှတ်ယူဘဲ Investment တစ်ခုလို မှတ်ယူပေးပါ။ Budget တစ်ခုချင်းစီကို measurable result နဲ့ချိတ်ဆက်ပြီး optimize လုပ်နိုင်တဲ့အတွက် ရေရှည်မှာ business growth ကို တိုးတက်စေမှာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ လက်ရှိ Digital landscape ကို ကြည့်မယ်ဆိုရင် AI နဲ့ Automation က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲလာနေပါတယ်။ Meta Advantage+ နဲ့ Google Performance Max လို tools တွေကို အသုံးပြုတဲ့ advertisers တွေမှာ conversion efficiency ကို 25% အထိ တိုးတက်စေနိုင်ပါတယ်။ ဒါက machine learning algorithms တွေဟာ user behavior ကို analyze လုပ်ပြီး အကောင်းဆုံး audience ၊ placement ၊ bidding ကို automatic optimize လုပ်ပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ tools တွေကိုပဲ မျှော်လင့်နေရုံနဲ့ မလုံလောက်ပါဘူး။ Data ကို နားလည်နိုင်မှု ၊ strategy thinking ရှိမှုတို့ ကျွန်တော်တို့မှာ မရှိရင် AI ကိုမှန်ကန်စွာ guide မလုပ်နိုင်သလို result လည်း မပြည့်စုံနိုင်ပါဘူး။ တခြားသော တစ်ဖက်မှာလည်း Privacy changes တွေကြောင့် Digital Marketing landscape ဟာ ပြောင်းလဲလာနေပါတယ်။ Third-party cookies ပျောက်ကွယ်လာတာနဲ့ iOS updates တွေကြောင့် tracking accuracy လျော့နည်းလာပြီး marketers တွေဟာ first-party data ကို အာရုံစိုက် လာကြပါတယ်။ Customer data ကို စနစ်တကျ စုဆောင်းပြီး custom audience ၊ lookalike audience အဖြစ် အသုံးချနိုင်ခြင်းက future marketing အတွက် အဓိက competitive advantage ဖြစ်လာပါတယ်။ Creative Strategy ဘက်ကို ကြည့်မယ်ဆိုရင်လည်း content format ပြောင်းလဲမှုတွေ အရဆိုရင် Video content တွေဟာ static image ads ထက် engagement 2x ၊ 3x ပိုမြင့်လာပြီး TikTok ၊ Reels ၊ Shorts လို short-form video platform တွေမှာ native style content တွေက ထိရောက်လာပါတယ်။ ဒါကြောင့် Media Buying ကို Creative နဲ့ ပေါင်းစပ်ပြီ းလုပ်နိုင်တဲ့သူတွေကသာ long-term success ရရှိနိုင်မှာပါ။ Ad performance ဟာ targeting တင်မဟုတ်ဘဲ creative quality ပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ဒီအချက်တွေကို ဆက်စပ်ပြီးကြည့်မယ်ဆိုရင် Full Funnel Thinking နဲ့ Omnichannel Strategy က မဖြစ်မနေ လိုအပ်လာပါတယ်။ Awareness ကနေ Conversion အထိ funnel တစ်ခုလုံးကို စဉ်းစားပြီး multi-channel campaigns run လုပ်တဲ့ brands တွေဟာ conversion rate ကို 1.5x မှ 2.5x အထိ ရနိုင်ပါတယ်။၊ User behavior ဟာ platform တစ်ခုတည်းမှာ မမူတည်နေတော့ဘဲ channel အများကြီးမှာ ဖြစ်တည်လာတဲ့အတွက် ကျွန်တော်ဘက်က ecosystem thinking မရှိရင် ရေရှည်မှာ performance ကျနိုင်ပါတယ်။ Freelance လုပ်ချင်တဲ့ လူငယ်တွေ အတွက်တော့ Media Buying & Planning ဟာ လားအလာရှိတဲ့ career opportunity တစ်ခုပါ။ Global market မှာ Media Buying & Planning ရှိတဲ့သူတွေကို demand အမြင့်တက်နေပြီး Upwork ၊ Fiverr လို platform တွေမှာ Ads Specialist အဖြစ် အလုပ်လုပ်နိုင်ပါတယ်။ စိတ်ဝင်စားလို့ စတင်ချင်တဲ့သူတွေ အနေနဲ့ Meta Ads ၊ Google Ads fundamentals ကို သေချာလေ့လာပြီး ကိုယ်ပိုင် small projects တွေမှာ practice လုပ်သင့်ပါတယ်။ Practice လုပ်ထားတဲ့ campaign results တွေကို portfolio အဖြစ် သေချာ စုစည်းထားတာက client ရှာဖွေရာမှာ အထောက်အကူ ဖြစ်ပါတယ်။ Freelance income အနေနဲ့တော့ Portfolio အနည်းငယ် ရှိတယ်ဆိုရင် စစခြင်း $200 နဲ့ $500 ကြား ရရှိနိုင်ပြီး experience တိုးလာတာနဲ့ $1000 က $3000 အထက် အထိ ရနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက mindset ပါ။ ခလုပ်တွေ နှိပ်ပြီး Ad run နိုင်တဲ့သူ အနေနဲ့ မဟုတ်ဘဲ တကယ့် Business Result ကို ယူလာနိုင်တဲ့/ယူပေးနိုင်တဲ့ Partner အနေနဲ့ ကိုယ့်ကိုကိုယ် Position လုပ်နိုရင် Long-Term Clients ရရှိနိုင်ပြီး Income Stability လည်း ကောင်းလာမှာပါ။ Ads ဖြစ်အောင် ဒီအတိုင်း လုပ်ပေးတဲ့သူ အနေနဲ့မဟုတ်ဘဲ Business result ပေးနိုင်တဲ့ partner အနေနဲ့ ကိုယ့်ကိုယ်ကို position လုပ်နိုင်ရင် long-term clients ရရှိနိုင်ပြီး income stability လည်း ပိုကောင်းလာပါလိမ့်မယ်။ Client ရဲ့ objective ကို နားလည်ပြီး strategy level မှာပါ value ပေးနိုင်တာက freelancing မှာ အောင်မြင်ဖို့ အဓိကအချက်ဖြစ်ပါတယ်။ ကျွန်တော် အနေဲ့ ပြောချင်တာက Media Buying & Planning ဟာ simple skill တစ်ခုအဖြစ် မမြင်သင့်တော့ပါဘူး။ ဒါဟာ business growth ကို မောင်းနှင်ပေးနိုင်တဲ့ system တစ်ခု၊ decision-making framework တစ်ခုဖြစ်လာပါပြီ။ Strategy (Planning) နဲ့ Execution (Buying) ကို ပေါင်းစပ်ပြီး data-driven နည်းလမ်းနဲ့ အသုံးချနိုင်မယ်ဆိုရင် marketing ကို expense တစ်ခုအဖြစ် မမြင်တော့ဘဲ measurable investment တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။

More from Ye Htet - Digital Educator

See all Ye Htet - Digital Educator ads
  • Ye Htet - Digital Educator Facebook ad: Media Buyer တစ်ယောက်အနေနဲ့ Freelance Client တွေ…

    Ran 16 days

  • Ye Htet - Digital Educator Facebook ad: Thailand ရဲ့ Marketing Industry ကို ပြန်ကြည့်လိုက်ရင်…

    Ran 15 days

  • Ye Htet - Digital Educator Facebook ad: Beginner Course လို့ပြောလိုက်တာနဲ့ အများစုက အခြေခံ term…

    Ran 19 days

  • Ye Htet - Digital Educator Facebook ad: Digital Marketing ကို အခု စလေ့လာမယ့်သူတွေ အများဆုံးမေးတဲ့…

    Ran 3 days

Similar ads in Business & Money

See all Business & Money ads