Skip to content
Ye Htet - Digital Educator

Ye Htet - Digital Educator Facebook ad: “Media Buyer တစ်ယောက်အနေနဲ့ Freelance Client တွေ…”

Ye Htet - Digital Educator Facebook ad: Media Buyer တစ်ယောက်အနေနဲ့ Freelance Client တွေ…

Ran for 16 days, from June 15 to July 1, 2026, the last day Crush saw it.

Run by Ye Htet - Digital Educator on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1726117041722121
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

Media Buyer တစ်ယောက်အနေနဲ့ Freelance Client တွေ စတင်ရှာဖွေတော့မယ်ဆိုရင် အရင်ဆုံး နားလည်ထားရမယ့် အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ Client တွေဟာ Ads တင် Setup လုပ်ပေးမယ့်သူကို ရှာနေတာမဟုတ်ဘဲ Business Result အမှန်တကယ် ထွက်အောင် ကူညီပေးနိုင်မယ့်သူကိုသာ ရှာဖွေနေကြတာပါ။ Facebook Ads, TikTok Ads ဒါမှမဟုတ် Google Ads တွေကို ကျွမ်းကျင်စွာ လုပ်ဆောင်တတ်ခြင်းက အခြေခံအဆင့်မျှသာ ဖြစ်ပါတယ်။ Client တစ်ယောက်အတွက် တကယ့်တန်ဖိုးဆိုတာ Sales တိုးလာအောင်၊ Lead ရရှိလာအောင်၊ Customer Acquisition Cost လျော့ကျသွားအောင်နဲ့ Brand Visibility တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် Media Buyer တစ်ယောက်အနေနဲ့ ခလုတ်နှိပ်ပြီး Ads အလုပ်လုပ်ရုံသက်သက်ဖြစ်တဲ့ "Ads Operator" အဆင့်မှာပဲ ရပ်မနေဘဲ Client ရဲ့ စီးပွားရေးကို အတူတူတိုးတက်အောင် ဖန်တီးပေးမယ့် "Business Growth Partner" တစ်ယောက်လို စဉ်းစားတွေးခေါ် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အကယ်၍ Thailand Market ကို ကြည့်မယ်ဆိုရင် Media Buyer Freelancer တွေအတွက် အခွင့်အလမ်းကောင်းတွေ အမှန်တကယ် ရှိနေတာကို တွေ့ရမှာပါ။ DataReportal ရဲ့ "Digital 2026: Thailand" အစီရင်ခံစာအရ ထိုင်းနိုင်ငံရဲ့ လူဦးရေဟာ ၇၁.၆ သန်း ရှိပြီး အင်တာနက် ၊ ဆိုရှယ်မီဒီယာနဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုတွေဟာ ထိုင်းစားသုံးသူတွေရဲ့ လူနေမှုဘဝထဲမှာ အဓိကနေရာကနေ အမြစ်တွယ်နေပြီဖြစ်ကြောင်း ပြသနေပါတယ်။ ဆိုလိုတာကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Customer တွေရဲ့ စိတ်ဝင်စားမှု အများစုဟာ Facebook, TikTok, YouTube, Instagram, LINE အပြင် Shopee, Lazada နဲ့ Tik Tok Shop စတဲ့ Digital Platform တွေပေါ်မှာပဲ ရှိနေတာပါ။ ဒါကြောင့် လက်ရှိအချိန်မှာ Business တစ်ခုအနေနဲ့ Customer အသစ်တွေ ရှာဖွေချင်တယ်ဆိုရင် Online Presence နဲ့ Paid Media Strategy မရှိဘဲနဲ့ စျေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။ Market Forecast တွေအရ ၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ Digital Ad Spend စျေးကွက်ဟာ အမေရိကန်ဒေါ်လာ ၆.၆၀ ဘီလီယံအထိ ရောက်ရှိလာနိုင်ပြီး၊ ၂၀၂၆ ကနေ ၂၀၂၉ ခုနှစ်အတွင်းမှာလည်း နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း (CAGR) ၁၃.၁% နဲ့ ဆက်လက်ကြီးထွားသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းတွေဟာ Digital Ads တွေကို ပိုအသုံးပြုလာကြတယ်ဆိုတာ သိသာ ထင်ရှားနေသလို၊ တစ်ဖက်မှာလည်း သုံးစွဲလိုက်တဲ့ Ads Budget တိုင်းအတွက် Result ထွက်အောင် ထိထိရောက်ရောက် စီမံခန့်ခွဲပေးနိုင်မယ့် Media Buyer တွေရဲ့ Demand ကလည်း အလားတူ မြင့်တက်လာဦးမယ်ဆိုတာကို သက်သေပြနေတာပါ။ ဒါပေမယ့် Budget တွေ ပိုမိုသုံးစွဲလာတာနဲ့အမျှ Business Owner တွေဘက်ကလည်း ရရှိမယ့် ရလဒ်တွေအပေါ် စိစစ်ပြီး သေသေချာချာ မေးမြန်းလာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစျေးကွက် အပြောင်းအလဲမှာ Strategy ၊ Reporting နဲ့ Optimization တွေကို ကောင်းကောင်း နားလည် သဘောပေါက်တဲ့ Freelance Media Buyer တွေအတွက် ပိုနေရာရလာမှာ ဖြစ်ပါတယ်။ Freelance Client တွေ ရှာဖွေတဲ့အခါ ကိုယ် ဝန်ဆောင်မှုပေးမယ့် Market Segment ကို သေသေချာချာ ရွေးချယ်သတ်မှတ်ဖို့ လိုအပ်ပါတယ်။ Media Buyer တော်တော်များများဟာ “ကျွန်တော်က Facebook Ads, TikTok Ads, Google Ads အကုန်လုံး လုပ်ပေးနိုင်ပါတယ်” ဆိုပြီး ကျွမ်းကျင်သူ ဖြစ်ကြောင်း ပြောတတ်ကြတယ်။ ဒါပေမယ့် Client ဘက်က ကြည့်မယ်ဆိုရင်တော့ ဒီလို Positioning ဟာ ဘာကို အဓိက ကျွမ်းကျင်မှန်း မသိဘဲ ဝေဝါးလွန်းတယ်။ အဲဒီအစား “Restaurant Ads Specialist” ၊ “TikTok Shop Performance Marketer” ၊ “Beauty Clinic Lead Generation Specialist” ၊ “E-commerce Media Buyer” ဒါမှမဟုတ် “Real Estate Lead Generation Ads Specialist” စသဖြင့် ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုကို Niche Positioning လုပ်နိုင်ရင် Client တွေက ကျွန်တော်တို့ကို ပိုပြီး သတိထားမိ၊ မှတ်မိလွယ်စေပါတယ်။ မိမိ နယ်ပယ် တစ်ခုထဲမှာပဲ ထဲထဲဝင်ဝင် ကျွမ်းကျင်တဲ့ Specialist တစ်ယောက် ဖြစ်ခြင်းက Client ရဲ့ ယုံကြည်မှု ကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်မှာပါ။ လက်ရှိ ၂၀၂၆ ခုနှစ် မားကတ်ထဲမှာ Niche Positioning က အရေးကြီးလာပါပြီ။ “ကျွန်တော်က Digital Marketing အကုန် လုပ်တတ်ပါတယ်” လို့ ပြောတာထက် “Restaurant Ads Specialist” ၊ “TikTok Shop Media Buyer”၊ “Beauty Clinic Lead Generation Specialist”၊ “Shopify Performance Marketer” ဒါမှမဟုတ် “Myanmar Business Ads Consultant in Thailand” အစရှိသဖြင့် တိတိကျကျ ပုံဖော်တာက Client တွေဘက်က ကြည့်ရင်လည်း ရှင်းရှင်းလင်းလင်း ဖြစ်စေပါတယ်။ Business Owner တစ်ယောက်ဟာ သူ့လုပ်ငန်းရဲ့ Industry ကို သေချာ နားလည်တဲ့သူကိုပဲ ပိုပြီး ယုံကြည်တတ်ကြတာ ဓမ္မတာပါ။ ဖြစ်နိုင်ရင် အခုမှ စတင်မယ့် Beginner Freelancer တစ်ယောက်အနေနဲ့ အစပိုင်းမှာ ကိုယ်အားသန်တဲ့ Industry တစ်ခုကို သေသေချာချာ ရွေးချယ်ပြီး Specialist Image ကို တည်ဆောက်တာက Client အသစ် ရှာဖွေဖို့ အကောင်းဆုံး နည်းလမ်းပါ။ ထိုင်းနိုင်ငံရောက် Myanmar Business Community ဟာ မြန်မာလူငယ် Media Buyer တွေအတွက် ပထမဆုံး Freelance Client (First Client) စရနိုင်မယ့် အလားအလာအရှိဆုံး Practical Market ဖြစ်ပါတယ်။ လက်ရှိမှာ Bangkok, Chiang Mai, Samut Sakhon, Mae Sot, Phuket နဲ့ Pattaya စတဲ့ မြို့ကြီးတွေမှာ မြန်မာစားသောက်ဆိုင် ၊ ကုန်စုံဆိုင်၊ အလှပြင်ဆိုင်၊ Online Shop တွေအပြင် Travel Service ၊ Education Service နဲ့ ဗီဇာဝန်ဆောင်မှု လုပ်ငန်းပေါင်းများစွာ အခိုင်အမာ ရှိနေကြတာပါ။ ဒီလုပ်ငန်းရှင်အများစုမှာ Facebook Page နဲ့ TikTok Account တွေ ကိုယ်စီရှိကြပေမယ့် Campaign Structure ချဉ်းကပ်ပုံ၊ Audience Targeting ၊ Creative Testing ၊ Retargeting နဲ့ Reporting စတာတွေကို Professional တစ်ယောက်လို စနစ်တကျ မလုပ်ဆောင်နိုင်ကြသေးတာက များပါတယ်။ ဒါကြောင့် မားကတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒီလို Gap ကို Media Buying Skill စနစ်တကျ သင်ယူထားတဲ့ မြန်မာ Freelancer တွေအနေနဲ့ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ E-commerce Market ဟာလည်း Freelance Media Buyer တွေအတွက် Opportunity အကြီးကြီး ရှိနေတဲ့ နယ်ပယ်တစ်ခုပါ။ လက်ရှိ Southeast Asia ရဲ့ E-commerce စျေးကွက်မှာ Shopee, Lazada နဲ့ TikTok Shop တို့က Platform GMV အများစုကို လွှမ်းမိုးထိန်းချုပ်ထားတဲ့ Ecosystem ကြီးတစ်ခု ဖြစ်သလို့။ အဓိကအားဖြင့် Shopee က ဒေသတွင်း Market Share အကြီးဆုံးအဖြစ် ရပ်တည်နေသလို၊ TikTok Shop ကလည်း အရှိန်အဟုန် ခပ်ပြင်းပြင်း အလျင်အမြန် ကြီးထွားလာနေတာပါ။ ဒီလိုမျိုး Platform တွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့အခါ Seller တွေအနေနဲ့ Organic Reach တစ်ခုတည်း အပေါ်မှာပဲ အမှီပြုလို့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် Paid Traffic ၊ Affiliate ၊ Livestream၊ Retargeting နဲ့ Creative Testing စတာတွေကို စနစ်တကျ ပေါင်းစပ် အသုံးပြုလာကြ ရပါတယ်။ ဒီလိုအခြေအနေမျိုးကပဲ ရလဒ်အပေါ် အာရုံစိုက်တဲ့ Performance-focused Media Buyer တွေရဲ့ လိုအပ်ချက်ကို မြင့်မားလာစေတာပါ။ Freelance တွေအနေနဲ့ Client ရှာဖွေတဲ့အခါ Personal Branding ဟာ အရေးကြီးဆုံး Asset တစ်ခုပါ။ အကြောင်းရင်းကတော့ Client တစ်ယောက် အနေနဲ့ Freelancer တစ်ယောက်ကို ငှားရမ်းခြင်း မပြုမီ အဲဒီလူရဲ့ Facebook Profile, LinkedIn, TikTok, Page အပြင် Portfolio နဲ့ အရင်တင်ခဲ့ဖူးတဲ့ Post တွေကို သေသေချာချာ ဝင်ရောက် လေ့လာတတ်ကြလို့ ဖြစ်ပါတယ်။ “ကျွန်တော် Ads Run ပေးပါတယ်” ဆိုတဲ့ ရိုးရိုးတန်းတန်း Post တစ်ခုတည်း တင်ထားသူထက် လုပ်ငန်းနဲ့ပတ်သက်တဲ့ Marketing Insight တွေ၊ Case Study တွေ၊ Campaign Analysis တွေ၊ Creative Testing Idea တွေ၊ TikTok Shop Strategy နဲ့ Restaurant Marketing Tips စတာတွေကို Consistency ရှိရှိ မျှဝေပေးနေတဲ့သူက Client ရဲ့ ယုံကြည်မှု ပိုရရှိနိုင်ပါတယ်။ Personal Branding ဆိုတာ ကိုယ့်ကိုယ်ကို ကျော်ကြားအောင် လုပ်နေတာမဟုတ်ဘဲ “ဒီလူဟာ ဒီနယ်ပယ်မှာ တကယ်ပဲ နားလည်တတ်ကျွမ်းတဲ့သူ ဖြစ်တယ်” ဆိုတဲ့ Perception ကို စျေးကွက်ထဲမှာ စနစ်တကျ တည်ဆောက်ယူခြင်းပဲ ဖြစ်ပါတယ်။ Portfolio မရှိသေးတဲ့ Beginner တွေအတွက်လည်း Freelance လောကမှာ Client ရှာဖွေဖို့ လမ်းကြောင်းတွေ ပိတ်မနေပါဘူး။ Portfolio ဆိုတာ Client က အလုပ်အပ်မှ လုပ်ဖြစ်တဲ့ Paid Client Work တစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ Myanmar Restaurant တစ်ခုအတွက် Sample Facebook Ads Strategy တစ်ခု ဖြစ်စေ ၊ TikTok Shop Product တစ်ခုအတွက် ကွဲပြားတဲ့ Creative Testing Plan တွေ ဖြစ်စေ ဒါမှမဟုတ် Google Ads အတွက် Keyword Research Sample တွေ တည်ဆောက်ပြတာမျိုးနဲ့ Reporting Dashboard Mockup တွေ ဖန်တီးပြလို့လည်း ရပါတယ်။ တကယ်တော့ Client တွေဟာ သင့်မှာ တကယ့် Client အစစ်အမှန် မရှိသေးတာထက် သင်က ပြဿနာတစ်ခုအပေါ် ဘယ်လို စဉ်းစားတွေးခေါ်တတ်လဲ၊ Problem (ပြဿနာ) ကို ဘယ်လို ခွဲခြမ်းစိတ်ဖြာတတ်လဲနဲ့ Strategy (မဟာဗျူဟာ) တွေကို ဘယ်လို စနစ်တကျ တည်ဆောက်တတ်လဲဆိုတဲ့ သင့်ရဲ့ "တွေးခေါ်မြော်မြင်မှုပုံစံ" ကိုသာ ပိုမို မြင်တွေ့ချင်ကြတာ ဖြစ်ပါတယ်။ Facebook Group တွေနဲ့ Community Networking တွေက Beginner Media Buyer တွေအတွက် လက်တွေ့အကျဆုံးနဲ့ အသုံးဝင်ဆုံး Client Acquisition Channel တစ်ခုလို့ ပြောလို့ ရပါတယ်။ အကောင်းဆုံးက Thailand Myanmar Business Group တွေ၊ Online Seller Group တွေ၊ Restaurant Community Group တွေနဲ့ Local Entrepreneur Group တွေထဲမှာ အမြဲတမ်း Active ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Group တွေထဲမှာ Spam ပုံစံမျိုးနဲ့ “ကျွန်တော် Ads Run ပေးပါတယ်” ဆိုပြီး ပို့စ် လိုက်တင်နေရုံရုံနဲ့တော့ Client ရနိုင်မှာ မဟုတ်ဘူး။ အဲဒီအစား “Boost Post နဲ့ Ads Manager ဘာကွာခြားသလဲ”၊ “Restaurant Ads တွေ ဘာကြောင့် Result မကောင်းရတာလဲ” ဒါမှမဟုတ် “TikTok Shop Seller တွေအတွက် Creative Testing ဘာကြောင့် မဖြစ်မနေ လိုအပ်တာလဲ” အစရှိတဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိမယ့် Helpful Content တွေကို မျှဝေသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Value အရင်ပေးတဲ့သူကိုသာ Community တစ်ခုလုံးက ယုံကြည်ကြပြီး အလုပ်အပ်နှံဖို့ ရွေးချယ်တတ်ကြလို့ ဖြစ်ပါတယ်။ Cold Outreach လုပ်ပြီး Client ရှာဖွေတဲ့အခါ လူတိုင်းဆီကို စာသား ပုံစံတူတွေ လျှောက်မပို့သင့်ပါဘူး။ “မင်္ဂလာပါ... ကျွန်တော် Ads Run ပေးပါတယ်” ဆိုတဲ့ စာသားမျိုးက Client တော်တော်များများ ဖတ်တောင် မဖတ်ဘဲ Ignore လုပ်လိုက်မယ့် Message အမျိုးအစားပါ။ ဖြစ်သင့်တာတော့ တစ်ဖက်က Client ရဲ့ Business ကို အရင် လေ့လာဆန်းစစ်ပြီးမှ ထိရောက်အောင် Personalized Insight ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ “အစ်ကိုရဲ့ Restaurant Page မှာ အစားအသောက် ဓာတ်ပုံတွေက ကောင်းတယ်။ ဒါပေမယ့် Review-based Content တွေ နည်းနေသေးတာရယ်၊ Retargeting Funnel မရှိသေးတာရယ်ကြောင့် Page ကို First-time Visitors တွေကို ပုံမှန်ဖောက်သည်အဖြစ် ပြောင်းလဲဖို့ ခက်ခဲနိုင်ပါတယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်တာက Professional ဆန်ပါတယ်။ ဒီလိုမျိုး သေသေချာချာလေး ထောက်ပြပြောဆိုနိုင်ရင် Client က ကျွန်တော်တို့ကို ဝန်ဆောင်မှု အတင်း လိုက်လံရောင်းချနေတဲ့ Seller တစ်ယောက်လို မဟုတ်ဘဲ သူတို့လုပ်ငန်းအတွက် တကယ်လိုအပ်တဲ့ Consultant တစ်ယောက်အနေနဲ့ အသိအမှတ်ပြုလာမှာ ဖြစ်ပါတယ်။ Client ရရှိပြီးနောက်ပိုင်း အဲဒီ Client ကို ကိုယ့်ဆီမှာ ရေရှည်တည်မြဲအောင် ထိန်းထားဖို့အတွက် Reporting Skill က မပါမဖြစ်ပါ။ တကယ်တော့ Client အများစုဟာ CTR, CPC, CPM, CPA ဒါမှမဟုတ် ROAS ဆိုတဲ့ မားကတ်တင်း အခေါ်အဝေါ် တွေကို ကောင်းကောင်း နားမလည်ကြပါဘူး။ ဒါကြောင့် Media Buyer တစ်ယောက်အနေနဲ့ Data တွေကို ကျွန်တော်တို့ပဲ နားလည်တဲ့ Metrics တွေ အများကြီး ပါတဲ့ Technical Language နဲ့ တင်ပြမယ့်အစား / ရှင်းပြမယ့် အစား Business Language နဲ့ ပြောင်းလဲ ရှင်းပြနိုင်ဖို့ လိုအပ်ပါတယ်။ ဆိုကြပါစို့ “ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကမ်ပိန်းမှာ အခု CTR 2% ရပါတယ်” လို့ ရိုးရိုးကြီး ပြောလိုက်တာထက် “အခုသုံးထားတဲ့ Creative က Customer တွေရဲ့ Attention ကို ဖမ်းစားနိုင်တဲ့အတွက် Click တစ်ချက်နှိပ်ဖို့ Click Cost အရင်ထက် လျော့သွားတယ်။ နောက်အပတ်မှာ ဒီလို Angle မျိုးကိုပဲ ဆက်ပြီး Test လုပ်သင့်တယ်” လို့ ရှင်းပြတာက Client အတွက် နားလည်လွယ်စေပါတယ်။ Freelance လုပ်ကိုင်တဲ့အခါ Pricing Strategy ကိုလည်း သေသေချာချာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လူငယ် တော်တော်များများဟာ Client ရချင်ဇောနဲ့ ကိုယ့်ရဲ့ Fee ကို လျှော့ချတတ်ကြပါတယ်။ အစပိုင်းမှာ Experience ရရှိဖို့အတွက် Low Package နဲ့ စတင်နိုင်ပေမယ့် ရေရှည် မှာတော့ Media Buying အလုပ်ကို “Ads Run ခ” အဆင့် သက်သက်အနေနဲ့ မရောင်းချသင့်ပါဘူး။ အဲဒီအစား Campaign Setup, Audience Research, Creative Testing, Optimization, Reporting, Communication နဲ့ Strategy Planning တွေအားလုံး ပါဝင်တဲ့ Growth Service အဖြစ် Position လုပ်ပြီး ရောင်းချသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Client က ကျွန်တော်တို့ကို ခလုတ် နှိပ်ပေးရုံ သက်သက်သူလို့ မြင်ရင် Fee နည်းနည်းပဲ ပေးမှာဖြစ်ပြီး၊ အကယ်လို့ ကျွန်တော်တို့ကို သူတို့ရဲ့ Business Growth ကို တကယ် ကူညီပေးနိုင်သူလို့ မြင်ရင်တော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်အပေါ် Value ပေးကြမှာ ဖြစ်လို့ပါ။ အခုဆို AI Tools တွေ ခေတ်စားလာတဲ့ အတွက် Media Buyer တွေ ရေရှည် အလုပ်အကိုင် ပျောက်ဆုံးသွားလိမ့်မယ်လို့ မရှုမြင်သင့်ပါဘူး။ Meta Advantage+ ၊ Google Performance Max နဲ့ TikTok Automation Tools တွေဟာ ကြော်ငြာ Setup လုပ်တဲ့ အခြေခံ Task တချို့ကို Automate လုပ်ဆောင်ပေးနိုင်တာ မှန်ပေမယ့် Creative Direction ၊ Customer Psychology ၊ Offer Positioning ၊ Landing Page Analysis ၊ Client Communication နဲ့ Reporting Interpretation စတာတွေကတော့ လူသားတို့ရဲ့ ကျွမ်းကျင်မှု လိုအပ်နေဆဲပါ။ သေချာတာကတော့ လက်ရှိ ၂၀၂၆ ခုနှစ်ရဲ့ Freelance Market မှာ ရိုးရိုးတန်းတန်း Ads Operator တွေထက် Growth Consultant Mindset ရှိတဲ့ Media Buyer တွေက ပိုမိုတန်ဖိုးရှိပြီး နေရာရလာမှာ ဖြစ်ပါတယ်။ မြန်မာလူငယ်တွေအတွက် Media Buying Freelance Career ဟာ နေ့စဉ် ရုန်းကန်နေရတဲ့ Survival Income အဆင့်ကနေ မိမိရဲ့ အရည်အချင်းအပေါ် အခြေခံတဲ့ Skill-based Income ဘက်ကို ကူးပြောင်းနိုင်မယ့် အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ Labor-based Job ( တွေက ရေတိုအတွက် ဝင်ငွေ အဆင်ပြေစေနိုင်ပေမယ့်၊ ရေရှည်မှာတော့ တိုးတက်မှု ကန့်သတ်ချက် ရှိတတ်ပါတယ်။ တစ်ဖက်မှာ ရှိတဲ့ Media Buying Skill ကတော့ Remote Work ၊ Freelance Client ရှာဖွေခြင်း၊ Agency တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ်ပိုင် Online Business ထောင်ခြင်းနဲ့ Cross-border Service ( စတဲ့ အခွင့်အလမ်းကောင်းများစွာကို လမ်းပွင့်စေနိုင်ပါတယ်။ ဒီနေရာမှာ ဖြတ်လမ်းတော့ လုံးဝမရှိပါဘူး။ ကိုယ်တိုင် Portfolio တည်ဆောက်ရမယ်၊ Personal Brand ထူထောင်ရမယ်၊ လုပ်ငန်းရှင်တွေကို ကိုယ့်ဘက်က စနစ်တကျ ချဉ်းကပ်ရမယ့်အပြင် Rejection တွေကိုလည်း ခံနိုင်ရည် ရှိရပါမယ်။ ကျွန်တော်တို့ အနေနဲ့ အကြံပြု ပြောရရင် အခု၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံစျေးကွက် မှာ Media Buyer Freelancer တွေအတွက် အခွင့်အလမ်းကောင်းတွေ အခိုင်အမာ ရှိနေပါတယ်။ Digital Ad Spend တွေ တိုးတက်လာခြင်း၊ E-commerce ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနဲ့ Social Commerce နယ်ပယ် ကြီးထွားလာခြင်းတို့ကြောင့် လုပ်ငန်းရှင်တွေဟာ Measurable Result တွေကို အလေးထား လိုချင်လာကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Technical Skill, Business Understanding ၊ Communication Skill ၊ Data Analysis နဲ့ Personal Branding တို့ကို စနစ်တကျ ပေါင်းစပ်အသုံးချနိုင်တဲ့ Media Buyer တွေအနေနဲ့ Client ကောင်းတွေကို အလွယ်တကူ ဆွဲဆောင်နိုင်မှာပါ။ Media Buying ဆိုတာ အရင်တုန်းကလို ရိုးရိုးတန်းတန်း Ads Run ပေးရုံသက်သက် မဟုတ်တော့ပါဘူး Digital Economy ထဲမှာ Strategic Career Skill တစ်ခု ဖြစ်နေပါပြီ။

More from Ye Htet - Digital Educator

See all Ye Htet - Digital Educator ads
  • Ye Htet - Digital Educator Facebook ad: Thailand ရဲ့ Marketing Industry ကို ပြန်ကြည့်လိုက်ရင်…

    Ran 15 days

  • Ye Htet - Digital Educator Facebook ad: Beginner Course လို့ပြောလိုက်တာနဲ့ အများစုက အခြေခံ term…

    Ran 19 days

  • Ye Htet - Digital Educator Facebook ad: Media Buying နှင့် Planning ဆိုတာကို ကျွန်တော်တို့…

    Ran 3 days

  • Ye Htet - Digital Educator Facebook ad: Digital Marketing ကို အခု စလေ့လာမယ့်သူတွေ အများဆုံးမေးတဲ့…

    Ran 3 days

Similar ads in Marketing & Agencies

See all Marketing & Agencies ads