Ye Htet - Digital Educator Facebook ad: “Thailand ရဲ့ Marketing Industry ကို ပြန်ကြည့်လိုက်ရင်…”

Ran for 15 days, from June 15 to June 30, 2026, the last day Crush saw it.
Run by Ye Htet - Digital Educator on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)
Want an ad like this for your product?
Crush makes new ad images for your product from this ad: your logo, your product photo, your offer.
Trials from $19.95 USD, then $79.95 USD a month. Cancel anytime.
About this ad
- Meta Ad Library ID
- 1770335157292923
- Platforms
- Facebook, Instagram, Audience Network and Messenger
- Relaunches
- 0
- Niche
- Marketing & Agencies
Ad text
Thailand ရဲ့ Marketing Industry ကို ပြန်ကြည့်လိုက်ရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာတာကို တွေ့ရပါတယ်။ အရင်က Brand တစ်ခုက Customer တွေဆီရောက်ချင်ရင် TV ကြော်ငြာ၊ Billboard၊ Magazine၊ Radio စတဲ့ Traditional Media တွေကို အဓိက အားထားခဲ့ရပါတယ်။ ကြော်ငြာတစ်ခုထုတ်လိုက်ပြီး လူတွေမြင်ကြမယ်၊ မှတ်မိကြမယ်၊ နောက်ဆုံးမှာ ဝယ်ကြမယ်ဆိုတဲ့ Marketing ပုံစံဟာ အချိန်တစ်ခုအထိ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Digital Platform တွေ လူတိုင်းရဲ့နေ့စဉ်ဘဝထဲကို ဝင်ရောက်လာတဲ့အချိန်ကစပြီး Marketing ရဲ့ Game Rule က တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါပြီ။ ပြောရရင် မနက်ဆိုတာနဲ့ လူတစ်ယောက်က နိုးလာတာနဲ့ ဖုန်းကို ကိုင်ပြီး Facebook ကိုဖွင့်ကြည့်တယ်။ Lunch Time မှာ TikTok Video တွေကြည့်တယ် ၊ အလုပ်နားချိန်မှာ YouTube မှာ Review ကြည့်တယ် ပြီးတော့ ညနေ အိမ်ပြန်ချိန်မှာ Google Search ကနေ သူဝယ်ချင်တဲ့ပစ္စည်း၊ သွားချင်တဲ့နေရာ၊ စားချင်တဲ့ဆိုင်ကို ရှာတယ်။ အခုဆို Customer တွေရဲ့ Attention ဟာ TV Screen ပေါ်မှာပဲ မရှိတော့ဘဲ Mobile Screen ပေါ်ကို ရွေ့လာခဲ့ပါတယ်။ ဒီအပြောင်းအလဲကြောင့် Business တွေဟာ Customer တွေရှိနေတဲ့ Digital Space ထဲကို မဖြစ်မနေ လိုက်ဝင်လာဖို့ လိုအပ်ပါပြီ။ အဲဒီနေရာမှာ Media Buying Role ရဲ့ တန်ဖိုးက ပိုပြီး ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။ Thailand မှာလည်း ဒီအပြောင်းအလဲကြောင့် Bangkok လိုမြို့ကြီးတွေမှာ E-commerce, Food Delivery, Travel, Real Estate, Beauty, Education, Fintech, Mobile App, Online Service တွေ အပြိုင်အဆိုင် ကြီးထွားလာပါတယ်။ Brand တစ်ခုအနေနဲ့ “လူတွေသိအောင်လုပ်မယ်” ဆိုတဲ့ အနေအထားနဲ့တင် မလုံလောက်တော့ပါဘူး။ “လူမှန်၊ အချိန်မှန်၊ Platform မှန်၊ Message မှန်နဲ့ ရောက်အောင်လုပ်နိုင်မလား မလုပ်နိုင်လား” ဆိုတာက အရေးကြီးလာတာပါ အဲ့ဒါကြောင့် Media Buyer တစ်ယောက်ရဲ့ အလုပ်ဟာ ဒီနေရာမှာ စတင် အရေးပါလာပါပြီ။ Professional Media Buyer တစ်ယောက်ဟာ ဒီအတိုင်းလေး ခလုပ်တွေ နှိပ်ပြီးတော့ Ads Run တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ သူဟာ Brand ရဲ့ Budget ကို တာဝန်ယူကိုင်တွယ်ရသူ၊ Data တွေ စောင့်ကြည့်ပြီး Decision ချရသူ၊ Customer Behavior ကိုနားလည်အောင်လေ့လာရသူ၊ Campaign Performance ကိုနေ့စဉ်စောင့်ကြည့်ပြီး ပြန်လည်ပြင်ဆင်ပေးရသူ ဖြစ်ပါတယ်။ Campaign တစ်ခုမှာ Budget သုံးလိုက်တာနဲ့ Result ထွက်လာမယ်လို့ ဆိုလိုမရပါဘူး Audience မှားနေရင် Budget အလဟဿ ဖြစ်နိုင်ပါတယ်။ သုံးတဲ့ Content Message မထိရောက်ရင် Click ရှိပေမယ့် Sale မဖြစ်နိုင်ပါဘူး။ Platform ရွေးချယ်မှုတွေ မှားသွားခဲ့ရင်တော့ Brand ရဲ့ Potential Customer ကို မရောက်နိုင်ပါဘူး။ ဒီလို Risk တွေကို လျှော့ချပြီး Budget တစ်ကျပ်ခြင်းဆီ အကျိုးရှိအောင်အသုံးချနိုင်ဖို့ Media Buyer ရဲ့ Skill က မရှိမဖြစ် လိုအပ်လာတာ ဖြစ်ပါတယ်။ သေချာလေ့လာကြည့်ရင် Thailand Market မှာ Consumer Behavior က စိတ်ဝင်စားစရာ ကောင်းတယ်။ လူတွေဟာ Facebook မှာ Brand ကိုတွေ့နိုင်တယ်၊ TikTok မှာ Product ကိုစိတ်ဝင်စားနိုင်တယ်၊ Google မှာ Search လုပ်ပြီး Review ကြည့်နိုင်တယ်၊ နောက်ဆုံး Marketplace ဒါမှမဟုတ် Website မှာ ဝယ်ယူနိုင်ပါတယ်။ Customer Journey ဟာ အရင်လိုမျိုး Platform တစ်ခုပေါ်မှာပဲ မပြီးဆုံးတော့ပါဘူး။ ဒီ Journey တစ်ခုလုံးကိုနားလည်ပြီး Awareness ကနေ Conversion အထိ Campaign ကိုတည်ဆောက်နိုင်တဲ့ Media Buyer တွေကို Company တွေက ပိုပြီးလိုအပ်လာပါတယ်။ Demand တက်လာစေတဲ့ နောက်ထပ် အကြောင်းရင်းက Performance Marketing ရဲ့ အရေးပါမှုပါ။ ယနေ့ခေတ်မှာ Company တွေက Marketing Budget သုံးတဲ့အခါ “ဘယ်လောက် Reach ရသလဲ” ဆိုတာထက် “ဘယ်လောက် Lead ရသလဲ၊ ဘယ်လောက် Sale ဖြစ်သလဲ၊ Cost per Result ဘယ်လောက်ကျသလဲ၊ ROAS ဘယ်လောက်ရသလဲ” ဆိုတာကို မေးလာကြပါတယ်။ ဒီလို Result-oriented Marketing ပုံစံမှာ Media Buyer တစ်ယောက်ဟာ Campaign ကိုစတင် Set Up လုပ်ပြီး ထားလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ Daily Optimization, A/B Testing, Budget Scaling, Creative Testing, Audience Segmentation, Conversion Tracking, Reporting စတဲ့အပိုင်းတွေကိုပါ ပိုင်နိုင်ဖို့လိုပါတယ်။ နောက်ပြီးတော့ Thailand မှာ SME နဲ့ Startup တွေ တိုးပွားလာတာကလည်း Media Buying Job တွေကို Demand များစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ Small Business Owner တစ်ယောက်အတွက် Digital Ads ဟာ Customer ရှာဖွေရတဲ့ အလွယ်ဆုံး လမ်းကြောင်းတစ်ခုဖြစ်လာပါပြီ။ ဆိုင်သေးသေးလေး တစ်ခုတောင် Facebook Ads သုံးပြီး Local Customer ကို သူဘာသာ ရှာနိုင်တယ်။ အလားတူပဲ Online Shop တစ်ခုကလည်း TikTok Ads သုံးပြီး Order တက်အောင် လုပ်နိုင်နေပါပြီ ။ Service Business တစ်ခုကဆိုရင်လည်း Google Search Ads သုံးပြီး Lead ရယူနိုင်ပါတယ်။ ဒီလိုလုပ်ငန်းတွေမှာ Budget သုံးစွဲမှုက အကန့်အသတ်ရှိတဲ့အတွက် Media Buyer တစ်ယောက်ရဲ့ တန်ဖိုးက မြင့်တက်လာပါတယ်။ Budget နည်းနည်းနဲ့ Result ကောင်းကောင်း ထွက်အောင်လုပ်နိုင်သူဟာ Business အတွက် တကယ်အရေးကြီးတဲ့ Growth Partner ဖြစ်လာတာမျိုးပါ။ Agency တွေဘက်ကကြည့်ရင်လည်း Media Buyer တွေကို လိုအပ်လာပါတယ်။ Client တွေက Digital Campaign တွေကို အရင်ထက် ပိုပြီး တောင်းဆိုလာကြပြီး Platform တစ်ခုတည်းမဟုတ်ဘဲ Facebook, Instagram, TikTok, Google, YouTube, LINE, Programmatic, Marketplace Ads စတဲ့ Channel မျိုးစုံကို တပြိုင်နက် အသုံးပြုလာကြပါတယ်။ ဒီ Platform တစ်ခုချင်းစီမှာ Algorithm, Bidding System, Audience Behavior, Creative Format, Reporting Metric မတူညီကြပါဘူး။ ဒါကြောင့် Agency တစ်ခုအနေနဲ့ Client ရဲ့ Business Objective ကိုနားလည်ပြီး Platform မျိုးစုံပေါ်မှာ Campaign ကိုထိရောက်အောင် စီမံနိုင်တဲ့ Media Buying Talent တွေကို ရှာဖွေလာကြတာဖြစ်ပါတယ်။ Thailand ဟာ Tourism နဲ့ Regional Business အတွက်လည်း အရေးပါတဲ့ Market တစ်ခု ဖြစ်ပါတယ်။ International Brand တွေ၊ Regional Campaign တွေ၊ Cross-border E-commerce တွေ၊ Travel Promotion တွေ အနေနဲ့လည်း အခုဆိုရင် အရင်နှစ်တွေထက် ပိုပြီးတော့ Thailand ကို Target လုပ်လာကြပါတယ်။ ဒီလို Campaign တွေမှာ Local Market Insight ကိုနားလည်ခြင်းက အရေးကြီးဆုံး အချက်ပါပဲ။ Thai Consumer တွေက ဘယ် Platform ပေါ်မှာ Active ဖြစ်သလဲ၊ ဘယ်လို Message ကိုပိုတုံ့ပြန်သလဲ၊ ဘယ် Season မှာ Demand တက်သလဲ၊ ဘယ် Culture Moment တွေမှာ Brand Communication လုပ်သင့်သလဲဆိုတာကို နားလည်တဲ့ Media Buyer တစ်ယောက်ဟာ Company အတွက် တန်ဖိုးကြီးတဲ့ Asset တစ်ခုပါပဲ။ ဒီနေ့ခေတ် Media Buying Job Demand ကိုမြင်ရင် Ads Platform တွေတိုးလာလို့ Job တိုးလာတာလို့ပဲ မြင်ရင်တော့ မှားနေပါလိမ့်မယ်။ တကယ်တော့ Business တွေဟာ Data ကိုအခြေခံပြီး Growth ရှာဖွေတဲ့ခေတ်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ Media Buyer တစ်ယောက်ဟာ Campaign Manager တစ်ယောက် အနေနဲ့သာမက Data Analyst တစ်ယောက်လိုလည်း တွေးရပါတယ်။ ပြီးတော့ Customer Psychologist တစ်ယောက်လိုလည်း Audience ရဲ့စိတ်ဝင်စားမှုကို နားလည်ရပါတယ်။ ဒါ့အပြင် Business Consultant တစ်ယောက်လိုလည်း Budget ကို ဘယ်နေရာမှာသုံးရင် Growth ဖြစ်မလဲဆိုတာ စဉ်းစားရပါတယ်။ အဲဒါကြောင့် Thailand မှာ Media Buying Job တွေ Demand များလာတာဟာ ခဏတာ Trend တစ်ခု မဟုတ်ပါဘူး။ Digital Economy ကြီးထွားလာခြင်း၊ Consumer Attention Online ပေါ်ကိုရွေ့လာခြင်း၊ Business တွေ Performance Result ကိုပိုမိုလိုချင်လာခြင်း၊ SME နဲ့ Startup တွေ Ads ကိုအရေးကြီးတဲ့ Growth Channel အဖြစ်အသုံးပြုလာခြင်းတို့ကြောင့် ဖြစ်လာတဲ့ Industry Shift တစ်ခုဖြစ်ပါတယ်။ ဒီ Shift ထဲမှာ Media Buyer တစ်ယောက်ဟာ Brand နဲ့ Customer ကြားက Digital Bridge တစ်ခုလို ဖြစ်လာပါတယ်။ ကျွန်တော် အနေနဲ့ အကြံပြုရရင် Thailand မှာ Media Buying Career ဟာ အနာဂတ်ကောင်းတဲ့ Professional Path တစ်ခု ဖြစ်လာနေပါပြီ။ ဒါပေမယ့် Ads Tool တွေသုံးတတ်ရုံနဲ့တော့ မလုံလောက်ပါဘူး Strategy တွေးနိုင်ခြင်း၊ Data ဖတ်နိုင်ခြင်း၊ Market နားလည်ခြင်း၊ Creative နဲ့ Performance ကို ချိတ်ဆက်နိုင်ခြင်းတွေသာ ရှိမယ်ဆိုရင် Media Buyer တစ်ယောက်ဟာ Company တစ်ခုရဲ့ Growth ကို တိုက်ရိုက် အထောက်အကူပြုနိုင်တဲ့ အရေးပါဆုံး Digital Marketing Professional တွေထဲက တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။











