Skip to content
Ye Htet - Digital Educator

Ye Htet - Digital Educator Facebook ad: “ကိုယ့်မှာ Website ရှိနေတဲ့အခါ ဒါမှမဟုတ် Website တစ်ခု…”

Ye Htet - Digital Educator Facebook ad: ကိုယ့်မှာ Website ရှိနေတဲ့အခါ ဒါမှမဟုတ် Website တစ်ခု…

Ran for 2 days, from March 29 to March 31, 2026, the last day Crush saw it.

Run by Ye Htet - Digital Educator on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
2349117365515289
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

ကိုယ့်မှာ Website ရှိနေတဲ့အခါ ဒါမှမဟုတ် Website တစ်ခု ရှိလာတဲ့အခါ Meta Ads မှာ Targeting နဲ့ Optimization ကို ပိုပြီး အဆင်ပြေစေချင်တော့ ပထမဆုံး စဉ်းစားကြတာက Meta Pixel ကို Website နဲ့ ချိတ်ဆက်ဖို့ပါ။ Pixel ကတော့ ပုံမှန်အားဖြင့် User တွေရဲ့ Page View, Button Click, Purchase စတဲ့ Action တွေကို Meta ကို ပြန်ပို့ပေးလို့ Ads Optimization အခြေခံအဖြစ် သုံးလို့ရပါတယ်။ ဒါပေမယ့် လက်ရှိ Digital Advertising Environment ကို ကြည့်မယ်ဆိုရင် Pixel တစ်ခုတည်းနဲ့တော့ မလုံလောက်တော့ပါဘူး။ iOS Privacy Update ၊ Cookie Restriction ၊ Browser Limitation ၊ Ad Blocker တွေကြောင့် Browser-side မှာ အလုပ်လုပ်တဲ့ Pixel က Data တချို့ မရနိုင်တဲ့ အနေအထား ရှိလာပါပြီ။ User က တကယ် ဝယ်ယူပြီးသားဖြစ်ပေမယ့် Meta ဘက်မှာ Conversion Result မမြင်ရတာမျိုးပါ။ မမြင်ရတဲ့ အခြေအနေတွေ မကြာခဏ ဖြစ်လာပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်မှာ Ads ကို ဘယ်လိုပဲ Optimize လုပ်လုပ် ၊ Creative တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း Result မတိုးလာတာကို Media Buyer တွေ အများကြီး ကြုံကြပါတယ်။ ဒီနေရာမှာ ဒီပြဿနာတွေအတွက် ကျွန်တော်တို့ Conversions API (CAPI) ဆိုတဲ့ Server-side Tracking ကို စဉ်းစားဖို့ လိုလာပါတယ်။ CAPI ဆိုတာက Browser တခုထဲကို အားကိုးမနေဘဲ Website ရဲ့ Server ကနေ Meta ကို Data တိုက်ရိုက်ပို့ပေးတဲ့ နည်းလမ်းပါ။ ဆိုတော့ Pixel က User Browser ထဲမှာ အလုပ်လုပ်တဲ့အတွက် User က အကယ်လို့ Cookie ကို ပိတ်လိုက်ရင် Data ပျောက်နိုင်ပေမယ့် CAPI ကတော့ Server ကနေ ပို့တာဖြစ်လို့ Data ပျောက်ရှမှု ကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် Pixel နဲ့ CAPI ကို အတူတူ သုံးတာဟာ လက်ရှိ Meta Ads အတွက် အကောင်းဆုံးပါ။ ဒီတော့ Pixel နဲ့ CAPI ကို အတူတူ ချိတ်ဆက်သုံးတဲ့အခါ ပထမဆုံး အချက်က “ဘယ်လို ချိတ်ဆက်မလဲ” ဆိုတာပါ။ CAPI ကို Developer နဲ့ Code အများကြီး မရေးဘဲ လွယ်လွယ်ကူကူ ကျွန်တော်တို့ ဘာသာ ချိတ်ဆက်ချင်ရင် Google Tag Manager (GTM) ကို သုံးတာက အကောင်းဆုံးနဲ့ ထိန်းချုပ်ရလွယ်တဲ့ နည်းလမ်းပါ။ ဒါကြောင့် ဒီနေရာမှာ GTM ကို Browser-side Tag တွေအတွက်ပဲ သုံးတာ မဟုတ်ဘဲ CAPI Data ကို စနစ်တကျ စုစည်း ပို့ပေးတဲ့ Control Center အဖြစ် အသုံးချပါ။ ပထမအဆင့်အနေနဲ့ Google Tag Manager Account တစ်ခုဖန်တီးပြီး Web Container တစ်ခု Create လုပ်ရပါမယ်။ Container Create လုပ်ပြီးသွားရင် GTM က ပေးတဲ့ Code နှစ်ကြောင်းကို Website ရဲ့ <head> နဲ့ <body> အပိုင်းမှာ ထည့်ရပါမယ်။ ဒီအဆင့်ပြီးတဲ့အခါ GTM Preview Mode ကို သုံးပြီး Website နဲ့ GTM ချိတ်ဆက်ထားတာ အလုပ်လုပ်နေလားဆိုတာ အရင်ဆုံး စစ်ဆေးရပါမယ်။ GTM အလုပ်မလုပ်သေးရင် နောက်အဆင့်တွေ မစပါနဲ့။ ဒုတိယအဆင့်မှာ လုပ်ရမယ့်အရာက Meta Pixel ကို Website ထဲ တိုက်ရိုက်မထည့်ဘဲ Google Tag Manager (GTM) နဲ့ ချိတ်ဆက်ခြင်း ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ ရည်ရွယ်ချက်က Meta Pixel ကို Website Code နဲ့ ခွဲထားပြီး နောက်ပိုင်း Event Tracking နဲ့ CAPI Setup အတွက် တည်ဆောက်ဖို့ပါ။ GTM Dashboard ထဲဝင်ပြီး New Tag တစ်ခု Create လုပ်ရပါမယ်။ Tag Type ကို Custom HTML အဖြစ် ရွေးပြီး Meta Events Manager ထဲကနေ ရယူထားတဲ့ Meta Pixel Base Code ကို Paste လုပ်ရပါမယ်။ ဒီ Pixel Base Code က User တစ်ယောက် Website ကို ဝင်လာတဲ့အချိန် PageView Event ကို Meta ဆီ ပို့ပေးတဲ့ Script ဖြစ်ပါတယ်။ Tag Configuration ပြီးသွားရင် Trigger ကို All Pages အဖြစ် သတ်မှတ်ပါ။ All Pages Trigger ဆိုတာက Website ရဲ့ Page အားလုံးမှာ Pixel Base Code ကို Load လုပ်ပေးမယ်လို့ ဆိုလိုတာပါ။ ဒီအဆင့်မှာ Page တစ်ခုချင်းစီကို ခွဲပြီး မစဉ်းစားသေးဘဲ Meta Platform က Website ကို မြင်အောင် အရင်လုပ်တာ ဖြစ်ပါတယ်။ Tag နဲ့ Trigger ချိတ်ပြီးရင် Submit မလုပ်ခင် Preview Mode ကို သုံးပြီး စစ်ဆေးရပါမယ်။ Website ကို Refresh လုပ်တဲ့အခါ GTM Preview Panel ထဲမှာ Meta Pixel Tag က All Pages မှာ Fire ဖြစ်နေတယ်ဆိုရင် GTM ဘက်က Setup မှန်ပါတယ်။ Tag က Fire မဖြစ်ရင် Trigger သို့မဟုတ် Code Placement ကို ပြန်စစ်ရပါမယ်။ GTM Preview မှာ OK ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ Meta Events Manager ထဲဝင်ပြီး စစ်ဆေးရပါမယ်။ Pixel ကို Select လုပ်ပြီး Overview သို့မဟုတ် Test Events အပိုင်းမှာ PageView Event Live ဖြစ်နေလားဆိုတာ ကြည့်ပါ။ Website ကို ကိုယ်တိုင် Visit လုပ်တဲ့အချိန် PageView Event ပေါ်လာရင် Pixel Browser-side Setup မှန်ပါတယ်။ ဒီအဆင့်မှာ အရေးကြီးတဲ့အချက်က PageView Event ကို မမြင်ရသေးရင် နောက်ထပ် Event Setup (ViewContent တို့ ၊ Purchase တို့) ကို မစသင့်ပါဘူး။ Pixel Base Code က CAPI နဲ့ Event Tracking အားလုံးရဲ့ အခြေခံဖြစ်လို့ ဒီအဆင့် မမှန်သေးရင် နောက်အဆင့်တွေ ဆက်လုပ်လည်း မမှန်နိုင်ပါဘူး။ တတိယအဆင့်မှာ လုပ်ရမယ့်အရာက User Action တွေကို Event အနေနဲ့ Test လုပ်တာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ Meta Pixel Base Code ကို Website အားလုံးမှာ Fire ဖြစ်အောင် လုပ်ပြီးသားဖြစ်လို့ Meta က User ဝင်လာတယ် ဆိုတာကို သိပြီးသားပါ။ ဒါပေမယ့် Ads Optimization အတွက် PageView တစ်ခုတည်းနဲ့ မရလို့ User က Website ပေါ်မှာ ဘာလုပ်ခဲ့လဲ ဆိုတာကို Event အနေနဲ့ သီးသန့် ထပ်ခွဲရပါမယ်။ ဒီအဆင့်ရဲ့ Concept က ကျွန်တော်တို့ အရေးပါတဲ့ Action ကို ရွေးပြီး Event လုပ်ဖို့။ Website ပေါ်မှာ User အနေနဲ့ လုပ်နိုင်တဲ့ Action အများကြီးရှိပေမယ့် Ads အတွက် အရေးပါတာက Product ကို ကြည့်တာ (ViewContent) ၊ Cart ထဲ ထည့်တာ (AddToCart) ၊ ဝယ်ယူပြီးသွားတာ (Purchase) လိုမျိုး Conversion နဲ့ ဆိုင်တဲ့ Action တွေပဲ ဖြစ်ပါတယ်။ ဒီ Event တွေကို သေချာ ခွဲခြားနိုင်ရင် Meta Algorithm က ဘယ် User က Value မြင့်လဲဆိုတာ နားလည်ပါလိမ့်မယ်။ GTM မှာ ဒီ Event တွေကို ရဖို့အတွက် Trigger ကို သုံးရပါမယ်။ နမူနာ ပြောရရင် Product Page ကို ရောက်တဲ့အခါ ViewContent Event Fire ဖြစ်စေချင်ရင် “Page URL contains /product” လို Trigger ကို သုံးရပါမယ်။ အကယ်လို့ Add to Cart ခလုတ်ကို နှိပ်တဲ့အခါ Event Fire ဖြစ်စေချင်ရင် Button Click Trigger ကို သုံးနိုင်ပါတယ်။ Purchase Event ကိုတော့ အများအားဖြင့် Thank You Page URL သို့မဟုတ် Order Complete Event ကို Trigger အဖြစ် သုံးပါတယ်။ Trigger သတ်မှတ်ပြီးရင် အဲ့ဒီ Trigger နဲ့ ချိတ်ထားတဲ့ Meta Pixel Event Tag ကို Create လုပ်ရပါမယ်။ Pixel Event Tag ထဲမှာ Event Name ကို ViewContent ၊ AddToCart, Purchase ဆိုပြီး သတ်မှတ်ပြီး Fire ဖြစ်တဲ့အချိန် Meta ကို Event ပို့ပေးပါတယ်။ ဒီအချိန်မှာ Event Name ကို Meta Standard Event Name နဲ့ ကိုက်ညီအောင် သုံးဖို့တော့ လိုအပ်ပါတယ်။တကယ်လို့ မကိုက်ညီရင် Optimization ပြန်လုပ်တဲ့ အခါမှာ အကျိုးသက်ရောက်မှု လျော့နိုင်ပါတယ်။ Event Setup လုပ်တဲ့အခါ Event Parameter တွေကိုလည်း ထည့်ပေးသင့်ပါတယ်။ Purchase Event ဆိုရင် Value နဲ့ Currency ကို မဖြစ်မနေ ထည့်ရပါမယ်။ AddToCart Event မှာ Product ID, Content Type တို့ ပါလာရင် Retargeting နဲ့ Catalog Ads အတွက် အရမ်းအသုံးဝင်ပါတယ်။ ဒီ Parameter တွေကို GTM Variable နဲ့ ချိတ်ထားရင် Website Structure ပြောင်းလာရင်တောင် Tracking ကို လွယ်လွယ်ကူကူ ပြင်နိုင်ပါတယ်။ Event Tag တွေ Setup လုပ်ပြီးရင် GTM Preview Mode ကို သုံးပြီး ကိုယ်တိုင် Website ကို စမ်းသပ်ကြည့်ပါ။ Product Page ဝင်တဲ့အခါ ViewContent Event Tag Fire ဖြစ်လား၊ Add to Cart နှိပ်တဲ့အခါ AddToCart Event Fire ဖြစ်လား၊ Thank You Page ရောက်တဲ့အခါ Purchase Event Fire ဖြစ်လား ဆိုတာကို Preview Panel ထဲမှာ တစ်ခုချင်းစီ စစ်ရပါမယ်။ Event Fire မဖြစ်ရင် Trigger Condition ကို အစကနေ ပြန်စစ်ဆေးကြည့်ပါ။ GTM Preview မှာ အားလုံး အဆင်ပြပြီဆို နောက်တစ်ဆင့်က Meta Events Manager ထဲမှာ Confirm လုပ်တာပါ။ Pixel ကို Select လုပ်ပြီး Test Events အပိုင်းမှာ ကိုယ်တိုင် Action လုပ်တဲ့အခါ ViewContent ၊ AddToCart ၊ Purchase Event တွေ Live ဖြစ်နေတာ မြင်ရပါမယ်။ ဒီအဆင့် အောင်မြင်သွားပြီဆိုရင် Browser-side Event Tracking ကို သေချာတည်ဆောက်ပြီးသား ဖြစ်ပါတယ်။ ဒီလို ချိတ်ဆက်ထားရင် Pixel မမြင်နိုင်တဲ့ Conversion တွေကို CAPI က ပြန်ဖြည့်ပေးနိုင်ပါတယ်။ Meta Algorithm အနေနဲ့ Data ပိုပြည့်စုံလာတာကြောင့် Optimization ၊ Attribution ၊ Retargeting တွေ တည်ငြိမ်လာပါလိမ့်မယ်။ အထူးသဖြင့် Purchase ၊ Lead ၊ AddToCart လို High-value မြင့်တဲ့ Event တွေမှာ CAPI ရဲ့ အကျိုးကျေးဇူးက သိသာပါတယ်။ ကောင်းတဲ့ဘက်က ပြောရရင် Pixel နဲ့ CAPI ကို GTM နဲ့ ချိတ်ထားတဲ့ Website တွေမှာ Conversion Tracking မှန်လာပြီး Meta က မမြင်ရတဲ့ Conversion အရေအတွက် နည်းသွားပြီး Learning Phase က ပိုပြီး အမြန် Stabilize ဖြစ်လာပါလိမ့်မယ်။ ဒီကနေ Retargeting Audience တွေ ပိုများလာပြီ ရေရှည်မှာကျွန်တော်တို့ Ads Optimization ကိုလည်း Data အခြေခံပြီး လုပ်နိုင်လာပါလိမ့်မယ်။ ဒါပေမယ့် ဆိုးကျိုး မရှိဘူးလားဆိုရင် ရှိပါတယ်။ Pixel နဲ့ CAPI ကို သေချာ မချိတ်ထားရင် Event Duplicate ဖြစ်နိုင်တာပါ။ Event ID မတူရင် Conversion ကို နှစ်ခါတွက်တာ၊ Value မှားတာတွေ ၊ Attribution ပျက်တာတွေ ဖြစ်နိုင်ပါတယ်။ Email တို့ Phone တို့ Data ကို Hash မလုပ်ဘဲ Server ကနေ ပို့လိုက်ရင် Data Policy ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီအတိုင်း ချိတ်လိုက်ရုံ မဟုတ်ဘဲ စနစ်တကျ ချိတ်ဖို့ အရေးကြီးပါတယ်။ GTM နဲ့ CAPI ချိတ်တဲ့အခါ အရေးကြီးဆုံး သဘောတရားက Pixel နဲ့ CAPI ကို “သီးသန့်” မမြင်ဘဲ Signal နှစ်ခုကို ပေါင်းပြီး တစ်ခုတည်းအဖြစ် စဉ်းစားဖို့ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ Pixel နဲ့ CAPI ကို သီးသန့်စီ မမြင်ဘဲ Event ID ကို တူအောင် သုံးရမယ်၊ Purchase Value နဲ့ Currency ကို တူအောင် ပို့ရပါမယ်၊ Trigger ကို မလိုအပ်တာတွေ မဖွင့်ပါနဲ့။ Setup လုပ်တာ ပြီးရင် Meta Events Manager မှာ Browser Event နဲ့ Server Event နှစ်ခုလုံး Matched ဖြစ်နေတာကို မဖြစ်မနေ စစ်ဆေးပါ။

More from Ye Htet - Digital Educator

See all Ye Htet - Digital Educator ads
  • Ye Htet - Digital Educator Facebook ad: Media Buyer တစ်ယောက်အနေနဲ့ Freelance Client တွေ…

    Ran 16 days

  • Ye Htet - Digital Educator Facebook ad: Thailand ရဲ့ Marketing Industry ကို ပြန်ကြည့်လိုက်ရင်…

    Ran 15 days

  • Ye Htet - Digital Educator Facebook ad: Beginner Course လို့ပြောလိုက်တာနဲ့ အများစုက အခြေခံ term…

    Ran 19 days

  • Ye Htet - Digital Educator Facebook ad: Media Buying နှင့် Planning ဆိုတာကို ကျွန်တော်တို့…

    Ran 3 days

Similar ads in Marketing & Agencies

See all Marketing & Agencies ads