Skip to content
Ye Htet - Digital Educator

Ye Htet - Digital Educator Facebook ad: “Digital Marketing ကို အခု စလေ့လာမယ့်သူတွေ အများဆုံးမေးတဲ့…”

Ye Htet - Digital Educator Facebook ad: Digital Marketing ကို အခု စလေ့လာမယ့်သူတွေ အများဆုံးမေးတဲ့…

Ran for 3 days, from April 11 to April 14, 2026, the last day Crush saw it.

Run by Ye Htet - Digital Educator on Facebook. Crush is not the advertiser and does not verify its claims. See this ad in Meta's Ad Library(opens in a new tab)

Want an ad like this for your product?

Crush makes new ad images for your product from this ad: your logo, your product photo, your offer.

Trials from $19.95 USD, then $79.95 USD a month. Cancel anytime.

About this ad

Meta Ad Library ID
1438926017443942
Platforms
Facebook, Instagram, Audience Network and Messenger
Relaunches
0

How we count

Ad text

Digital Marketing ကို အခု စလေ့လာမယ့်သူတွေ အများဆုံးမေးတဲ့ မေးခွန်းတွေထဲက တစ်ခုက Google Ads အရင် သင်ရမလား ဒါမှမဟုတ် Meta Ads အရင် သင်ရမလားဆိုတာကိုပါ။ လူတော်တော်များများက “ဘယ်ဟာပိုကောင်းလဲ” ဆိုတဲ့ ပုံစံနဲ့ စဉ်းစားကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဒီ Platform နှစ်ခုက တစ်ခုကောင်းပြီး တစ်ခု မကောင်းတာမျိုး မဟုတ်ပါဘူး။ နှစ်ခုလုံးက အရမ်းအရေးကြီးပါတယ်။ ကွာခြားချက်က Marketing Logic ၊ Audience Behavior နဲ့ Career Direction မှာ ဖြစ်ပါတယ်။ Google Ads ရဲ့ အဓိကအားသာချက်က User တစ်ယောက်က တစ်ခုခုကို ရှာဖွေနေတဲ့အချိန်မှာ သူ့ရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ ad ကို တိုက်ရိုက် ပြသနိုင်တာပါ။ ဒါကြောင့် Google Ads ကို Intent-Based Marketing channel တစ်ခုလို့ ပြောလို့ရပါတယ်။ User က search bar မှာ keyword တစ်ခု ရိုက်ထည့်နေပြီဆိုတာက သူ့မှာ စိတ်ဝင်စားမှု အခြေခံ ရှိပြီးသားဖြစ်သလို တစ်ခုခုကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက်လည်း ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ Google Search ကနေ “buy running shoes” ၊ “best dental clinic” ၊ “digital marketing course” လို keyword တွေနဲ့ ရှာဖွေနေတဲ့သူက awareness stage ထက် decision stage နီးပါးကို ရောက်နေပြီးသား ဖြစ်နိုင်ပါတယ်။ ဒီလို search intent ရှိတဲ့ user တွေကို target လုပ်နိုင်တာကြောင့် Google Ads က Demand Creation ထက် Demand Capture ဘက်မှာ ပိုအားကောင်းပါတယ်။ product တစ်ခုကို ဝယ်ချင်နေသူ၊ service တစ်ခုကို ရှာနေသူ၊ course တစ်ခု join ချင်နေသူတွေအတွက် ကို ရည်ရွယ်တယ်ဆိုရင် Search Ads က ထိရောက်ပါတယ်။ Marketing Funnel အရကြည့်မယ်ဆိုရင် Google Ads က Bottom Funnel နဲ့ Direct Response ပိုင်းမှာ အားကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ user က သူမှာ ရှိတဲ့ ပြဿနာ တစ်ခုကို ဖြေရှင်းချင်နေတာမျိုး ၊ option တွေကို နှိုင်းယှဉ်နေတာမျိုး ၊ ဒါမှမဟုတ် action တစ်ခုခုကို ချက်ချင်းလုပ်ဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ search behavior ကနေ သိနိုင်လို့ပါ။ ဒီလိုအခြေအနေမှာ ad ကို မှန်ကန်စွာ ပြသနိုင်ရင် conversion ရလာဖို့ အခွင့်အရေးက များပါတယ်။ ဒါကြောင့် Search Marketing Logic ကို နားလည်ချင်တဲ့သူတွေ၊ Demand Capture Strategy ကို သဘောကျတဲ့သူတွေ၊ ROI နဲ့ Conversion Logic ကို သေချာလေ့လာချင်တဲ့သူတွေအတွက် Google Ads က အလွန်သင့်တော်တဲ့ platform တစ်ခုဖြစ်ပါတယ်။ Performance ကို data နဲ့တိုင်းတာလို့ရသလို keyword ၊ intent ၊ bid ၊ landing page ၊ conversion tracking စတဲ့ အရာတွေကို ချိတ်ဆက်ပြီး စနစ်တကျ လေ့လာနိုင်တာကြောင့် practical marketing skill တစ်ခုအနေနဲ့လည်း တန်ဖိုးရှိပါတယ်။ Meta Ads ရဲ့ အဓိကအားသာချက်ကကြတော့ User က product တစ်ခုကို မရှာသေးခင်၊ brand တစ်ခုကို မသိသေးခင်တည်းက သူ့ရဲ့ Interest, Behavior, Demographics, Lifestyle တို့ကို အခြေခံပြီး ad တွေကို ပြသနိုင်တာပါ။ ဒါကြောင့် Meta Ads ကို Discovery-Based Marketing platform တစ်ခုလို့ ပြောလို့ရပါတယ်။ Google Ads လိုရှိပြီးသား demand ကို capture လုပ်တာထက် Meta Ads က user ရဲ့ attention ပေါ်မူတည်ပြီးတော့ demand ကို create လုပ်ပေးတဲ့ဘက်မှာ အားကောင်းပါတယ်။ Meta Ads ရဲ့ အားသာချက်ကလည်း targeting တစ်ခုတည်း မဟုတ်ဘဲ creative နဲ့ messaging ပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ User က မရှာထားသေးတဲ့အရာကို feed ၊ stories ၊ reels ၊ video content တွေကနေ စိတ်ဝင်စားလာအောင် လုပ်ရတာဖြစ်လို့ visual ၊ storytelling နဲ့ offer presentation က အရမ်းအရေးကြီးပါတယ်။ အဲ့ဒီအတွက် Meta Ads ဟာ product ကို တိုက်ရိုက်ရောင်းဖို့သာမက brand awareness တည်ဆောက်ဖို့၊ consideration တိုးဖို့အတွက်တွေ ဆိုရင် သင့်တော်ပါတယ်။ Marketing logic အရကြည့်မယ်ဆိုရင် Meta Ads က Top Funnel နဲ့ Mid Funnel ပိုင်းတွေမှာ အားကောင်းပြီး Funnel Thinking နဲ့ Audience Psychology ကို လေ့လာဖို့ကောင်းတဲ့ platform ဖြစ်ပါတယ်။ ဘယ် audience ကို ဘယ်လို creative နဲ့ ဘယ်လိုမျိုး Content message ပေးရမလဲ၊ ဘယ် Journey stage မှာ video သုံးမလဲ၊ ဘယ် Journey stage မှာ testimonial သို့မဟုတ် offer-driven ad သုံးမလဲဆိုတာတွေကို စနစ်တကျ စမ်းသပ်နိုင်ပါတယ်။ အဲဒီ testing process ထဲမှာ Creative Testing ၊ Audience Testing ၊ Offer Testing ၊ Format Testing ဆိုတဲ့ framework တွေကိုလည်း နားလည်လာနိုင်ပါတယ်။ ဒါကြောင့် Creative ၊ Storytelling ၊ Funnel Thinking ၊ Audience Psychology နဲ့ Testing Framework တွေကို လေ့လာချင်တဲ့သူတွေအတွက် Meta Ads က သင့်တော်တဲ့ platform တစ်ခုပါ။ Ecommerce ၊ Lead Generation ၊ Content-Driven Brand ၊ Personal Brands ၊ Clinics ၊ Real Estate ၊ Education Services လိုမျိုး အလုပ်တွေမှာ Meta Ads က တော်တော်လေး ထိရောက်ပါတယ်။ User ကို ရှာခိုင်းပြီးမှ ကြော်ငြာ ပြတာထက် သူ့ရှေ့ကို brand/message ကို သွားပြတဲ့ model ဖြစ်တာကြောင့် awareness ကနေ conversion အထိ journey တစ်ခုလုံးကို တည်ဆောက်ချင်တဲ့ marketer တွေအတွက် Meta Ads က တန်ဖိုးရှိတဲ့ channel တစ်ခု ဖြစ်ပါတယ်။ Career အမြင်နဲ့ကြည့်မယ်ဆိုရင် Google Ads ကို ကျွမ်းကျင်တဲ့သူတွေက Performance Marketer ၊ SEM Specialist ၊ PPC Specialist ၊ Search Strategist စတဲ့ role တွေကို လုပ်ကိုင်လေ့ ရှိပါတယ်။ ဒီ roles တွေမှာ keyword strategy ၊ bidding logic ၊ search intent analysis ၊ landing page optimization ၊ conversion tracking နဲ့ ROI measurement တို့ကို အဓိကထားပြီး လုပ်ရတာ များပါတယ်။ Demand Capture ကို အခြေခံတဲ့ business model တွေမှာ Google Ads skill က မရှိမဖြစ် လိုအပ်ပါတယ်။ Meta Ads ကို ကျွမ်းကျင်တဲ့သူတွေကတော့ Media Buyer ၊ Paid Social Specialist ၊ Growth Marketer ၊ Performance Creative Strategist စတဲ့ လမ်းကြောင်းတွေဘက်ကို သွားတတ်ကြပါတယ်။ ဒီဘက်မှာတော့ audience psychology ၊ creative testing ၊ storytelling ၊ funnel sequencing နဲ့ content-performance relationship ကို နားလည်ဖို့လိုပါတယ်။ တနည်းအားဖြင့် Meta Ads skill set က paid media နဲ့ creative thinking တွေ ချိတ်ဆက်ပေးတဲ့ဘက်မှာ အားကောင်းပါတယ်။ ဒါပေမယ့် အခုခေတ် Agency တွေ၊ In-house Team တွေ၊ Freelance Clients တွေ အများစုက platform တစ်ခုတည်း သိတဲ့သူထက် multi-platform skill ရှိတဲ့သူကို ရွေးချယ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ business တစ်ခုရဲ့ customer journey က channel တစ်ခုတည်းနဲ့ မပြီးသလို awareness ၊ consideration ၊ conversion ဆိုတဲ့ stage မတူတဲ့ အပိုင်းတွေကို platform မတူတာတွေနဲ့ ပေါင်းစပ် အသုံးချရတာများလို့ပါ။ ဒါကြောင့် Google Ads နဲ့ Meta Ads နှစ်ခုစလုံးကို နားလည်ထားတဲ့သူက strategy ပိုင်းမှာလည်း flexible ဖြစ်ပြီး execution ပိုင်းမှာလည်း သေချာလုပ်နိုင်ပါတယ်။ အခုမှ စပြီး လေ့လာမယ့် သူ တစ်ယောက်အတွက် “ဘယ် Platform နဲ့ စရမလဲ” လို့မေးရင်တော့ Meta Ads က လွယ်ကူးပြီး လက်တွေ့ နားလည်ရ မြန်ပါတယ်။ ဘာလို့လဲဆိုတော့ creative ၊ audience ၊ funnel logic တွေကို တစ်ခါတည်း တွေ့ရသလို result ကိုလည်း visual feedback နဲ့ မြင်ရလွယ်ပါတယ်။ Ad image ၊ video ၊ copy ၊ engagement ၊ click behavior တွေကနေ learning curve ကို မြန်မြန်တက်နိုင်ပါတယ်။ ဒါပေမယ့် ရေရှည် Career တိုးတက်ဖို့ အတွက်ဆိုရင်တော့ Meta Ads နဲ့စပြီး marketing fundamentals ကို နားလည်အောင် လုပ်ထားပြီး နောက်ပိုင်း Google Ads ကို ဆက်လေ့လာတာက ပိုကောင်းတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ အဲဒီလိုသွားရင် demand creation ဘက်ကိုလည်း နားလည်မယ်၊ demand capture ဘက်ကိုလည်း နားလည်မယ်၊ funnel တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ မြင်နိုင်တဲ့ / မြင်တတ်တဲ့ marketer တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ Google Ads ကတော့ Search Intent ၊ Keyword Structure ၊ Match Types ၊ Bidding Logic ၊ Query Intent ၊ Landing Page Relevance စတာတွေ ပါဝင်လာတာကြောင့် အခုမှစပြီး လေ့လာမယ့်သူတစ်ယောက်အတွက်တော့ အစပိုင်းမှာ technical ပိုင်း နည်းနည်း ခက်တတ်ပါတယ်။ ဒါပေမယ့် အဲဒီ foundation တွေကို သေချာ နားလည်လာတဲ့အခါ ကျွန်တော် သိထားတဲ့ Logic တွေက ခိုင်မာလာပါလိမ့်မယ်။ ဘာ keyword ကို ဘယ် intent နဲ့ target လုပ်မလဲ၊ ဘယ် traffic က convert ဖြစ်နိုင်မလဲ၊ ဘယ် landing page က result ပိုကောင်းမလဲဆိုတာတွေကို စနစ်တကျ စဉ်းစားတတ်လာပါလိမ့်မယ်။ Income နဲ့ opportunity အမြင်နဲ့ကြည့်ရင်တော့ Google Ads နဲ့ Meta Ads နှစ်ခုလုံးမှာ အလုပ်အကိုင် အခွင့်အလမ်း ကိုယ်ဆီ ရှိပါတယ်။ Meta Ads ကတော့ SMEs ၊ e commerce sellers ၊ local businesses ၊ coaches ၊ clinics ၊ real estate ၊ education pages လို business အမျိုးအစားတွေမှာ အလုပ်အကိုင် demand များပါတယ်။ အကြောင်းကတော့ audience targeting ၊ creative testing ၊ lead generation ၊ sales campaign တို့ကို relatively မြန်မြန်လုပ်နိုင်ပြီး visible result တွေကိုလည်း ပြလို့ရတာကြောင့်ပါ။ Google Ads ကတော့ Search-Driven Business ၊ SaaS ၊ B2B ၊ ecommerce ၊ international market တွေမှာ အလုပ်အကိုင် များပါတယ်။ ဆိုကြပါတော့ Target ထားတဲ့ customer က နဂိုလ်ကတည်းက စိတ်ဝင်စားမှု ရှိနေပြီး သူရဲ့ ပြဿနာ အတွက် ဖြေရှင်းနည်း တစ်ခုကို ရှာဖွေနေတဲ့ market တွေမှာ Google Ads skill က တော်တော်လေး အသုံးဝင်ပါတယ်။ Freelance အနေနဲ့ကြည့်ရင် Meta Ads က client ရှာရ လွယ်တတ်ပေမယ့် Google Ads ကတော့ retainer value မြင့်တာကြောင့် နည်းနည်းတော့ ကြာတတ်ပင်မယ့် အောင်မြင်သွားတဲ့ Freelance တွေရဲ့ case တွေလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ search traffic ကို manage လုပ်နိုင်တဲ့သူက business revenue နဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်လို့ပါ။ တကယ်တော့ Digital Marketing နဲ့ သက်မွေးမယ်ဆိုရင် ကျွန်တော်တို့ career အတွက် အကောင်းဆုံးက Google Ads သို့မဟုတ် Meta Ads ဆိုတာ မဟုတ်ဘဲ ဘယ် marketing logic ကို နားလည်ပြီး ဘယ် market ကို ပိုင်နိုင်ချင်လဲဆိုတာပဲ အရေးကြီးပါတယ်။ Creative-driven environment ၊ fast testing ၊ social behavior ၊ content angle တွေကို သဘောကျရင် Meta Ads နဲ့ စတင်ကြည့်ပါ ဒါမှမဟုတ် Search intent ၊ keyword logic ၊ measurable direct response ၊ conversion-focused optimization တွေကို သဘောကျရင်တော့ Google Ads နဲ့ စတင်ပါ။ ရေရှည်မှာတော့ platform တစ်ခုတည်းကိုပဲ သိထားတာထက် Google ရော Meta ရော နှစ်ခုလုံးကို နားလည်တဲ့ Marketer တစ်ယောက်ဖြစ်လာဖို့က အရေးကြီးပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ

More from Ye Htet - Digital Educator

See all Ye Htet - Digital Educator ads
  • Ye Htet - Digital Educator Facebook ad: Media Buyer တစ်ယောက်အနေနဲ့ Freelance Client တွေ…

    Ran 16 days

  • Ye Htet - Digital Educator Facebook ad: Thailand ရဲ့ Marketing Industry ကို ပြန်ကြည့်လိုက်ရင်…

    Ran 15 days

  • Ye Htet - Digital Educator Facebook ad: Beginner Course လို့ပြောလိုက်တာနဲ့ အများစုက အခြေခံ term…

    Ran 19 days

  • Ye Htet - Digital Educator Facebook ad: Media Buying နှင့် Planning ဆိုတာကို ကျွန်တော်တို့…

    Ran 3 days

Similar ads in Marketing & Agencies

See all Marketing & Agencies ads